ZTE က Dual Selfie Camera ပါတဲ့ စမတ်ဖုန်းကို မှတ်ပုံတင်

ZTE က Dual Punch-hole Cameras ပါတဲ့ စမတ်ဖုန်း တစ်လုံးကို ပြီးခဲ့တဲ့ လက မှတ်ပုံတင်ခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Dual Selfie Camera နဲ့ Slider Design ပါတဲ့ စမတ်ဖုန်း တစ်လုံးကို မှတ်ပုံတင်လိုက်ပါတယ်။

အရှေ့ဘက် မျက်နှာပြင်မှာ ဆဲလ်ဖီး ကင်မရာတွေ ထည့်သွင်းထားတာ မဟုတ်ပါဘူး။ မျက်နှာပြင်ကို အောက်ကို ဆွဲချလိုက်မှ ဆဲလ်ဖီး ကင်မရာ နှစ်လုံးက အထက်ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် စပီကာတစ်ခုလည်း ထွက်လာတာ မြင်ရပါတယ်။
အနောက်ဘက် ဘယ်ဘက်အပေါ်ထောင့်မှာ ကင်မရာ နှစ်လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ ကင်မရာ နှစ်လုံးအောက်မှာ LED Flash တစ်ခု ထည့်သွင်းထားပါတယ်။ ဘဲဥပုံသဏ္ဍာန် လက်ဗွေရာ အာရုံခံ ကိရိယာကို ဖုန်း အနောက်ဘက် အလယ်ဗဟိုမှာ တပ်ဆင်ထားပါတယ်။

ဖုန်းရဲ့ ညာဘက်ခြမ်းမှာ ပါဝါနဲ့ အသံခလုတ်တွေ ထည့်သွင်းထားပါတယ်။ ဘယ်ဘက်ခြမ်းမှာ SIM Card Slot ပါပါတယ်။ ထိပ်ဘက်မှာ Headphone Jack နဲ့ အောက်ဘက်မှာ USB-C Port , Microphone တွေ ထည့်သွင်းထားပါတယ်။ ZTE က အဲဒီ စမတ်ဖုန်းကို တကယ် ထုတ်လုပ်ရောင်းချမလား ဆိုတာ မသေချာသေးပါဘူး။

Ref : gsmarena

ZTE က Dual Selfie Camera ပါတဲ့ စမတ်ဖုန်းကို မှတ်ပုံတင်

%d bloggers like this: