Apple က ဒီနှစ်မှာ iPad Model အသစ်နှစ်လုံးကို ကြေညာနိုင်

Apple ရဲ့ iPad Models တွေ ပိုများလာတော့မယ်လို့ ထင်ရပါတယ်။ လက်ရှိမှာ Apple က iPad Models ငါးလုံး ထုတ်လုပ်ရောင်းချထားပါတယ်။ ဒါပေမယ့် AppleInsider က Apple ဟာ iPad Model အသစ်နှစ်လုံးကို မှတ်ပုံတင်ထားတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ဒီနှစ်မှာ iPad Model အသစ် နှစ်လုံးကို မြင်ရနိုင်ပါတယ်။

လက်ရှိမှာ Apple က iPad Mini, iPad, iPad Air, 11 inch iPad pro နဲ့ 12.9 inch iPad pro များကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ AppleInsider က Apple ဟာ Eurasian Economic Commission မှာ iPad Models ငါးလုံးကို မှတ်ပုံတင်ထားတယ်လို့ ဒီလ အစောပိုင်းက ပြောပါတယ်။ အခုတော့ နောက်ထပ် Models နှစ်လုံးကို မှတ်ပုံတင်လိုက်တာ ဖြစ်ပါတယ်။

Models အသစ် နှစ်လုံးရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ AppleInsider က ၉.၇ လက်မ iPad ကို ဆန်းသစ်ထားတဲ့ Models တွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဒီနှစ် အစောပိုင်းကလည်း Apple ဟာ ၁၀.၂ လက်မနဲ့ ၁၀.၅ လက်မ iPads တွေကို ဖန်တီးနေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။

Ref : theverge

Apple က ဒီနှစ်မှာ iPad Model အသစ်နှစ်လုံးကို ကြေညာနိုင်

%d bloggers like this: