ဆုေငြ သိန္းေပါင္း ၄၅,၀၀၀ ရသြားတဲ့ Fortnite ကမာၻ႕ ခ်န္ပီယံ

Fortnite ကမာၻ႕ဖလားရဲ႕ တစ္ေယာက္ခ်င္း ၿပိဳင္ပြဲမွာ Kyle Giersdorf ဆိုသူက ဗိုလ္စြဲၿပီး ဆုေၾကးေငြ ေဒၚလာ ၃ သန္းကို သိမ္းပိုက္ႏုိင္ခဲ့ပါတယ္။ ျမန္မာေငြနဲ႔ ဆိုရင္ သိန္းေပါင္း ၄၅,၀၀၀ ေက်ာ္ ရွိပါတယ္။ သူဟာ အသက္ ၁၆ ႏွစ္သာ ရွိပါေသးတယ္။ အေမရိကန္ ႏုိင္ငံသား ျဖစ္ပါတယ္။

သူ႔ရဲ႕ ဂိမ္မာ နာမည္က Bugha ပါ။ သူဟာ ၿပိဳင္ပြဲ၀င္ေပါင္း သန္း ၄၀ ကို အႏိုင္တိုက္ခဲ့ရတာ ျဖစ္တဲ့ အတြက္ လြယ္လြယ္ကူကူနဲ႔ ခ်န္ပီယံ ျဖစ္ခဲ့တာ မဟုတ္ပါဘူး။ အဲဒီအထဲက အႏိုင္ရခဲ့တဲ့ အေယာက္ ၁၀၀ ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က နယူးေယာက္မွ Arthur Ashe Stadium မွာ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကတာ ျဖစ္ပါတယ္။

သူဟာ ဖိုင္နယ္ ပြဲမွာ အျပံဳးမပ်က္ဘဲ ၿပိဳင္ဖက္ေတြကို အႏိုင္ယူႏုိင္ခဲ့တယ္လို႔ ဂိမ္းၿပိဳင္ပြဲမွ အစီအစဥ္ ေၾကညာသူေတြက ေျပာပါတယ္။ သူက ခ်န္ပီယံ ဆုကို ေၾကညာလိုက္ခ်ိန္မွာ အရမ္းကို ၀မ္းသာၿပီး ေပ်ာ္ျမဴးေနခဲ့ပါတယ္။ သူက ခ်န္ပီယံ ဆုဖလား ထားဖို႔အတြက္ စားပြဲခံုတစ္လံုး ၀ယ္မယ္လို႔ ေျပာပါတယ္။ ဆုေၾကးေငြ အမ်ားစုကိုေတာ့ သံုးမွာ မဟုတ္ဘဲ စုထားမယ္လို႔ ေျပာပါတယ္။

Fortnite Game ကို ဖန္တီးထားတဲ့ Epic Games Company ဟာ ၿပိဳင္ပြဲတစ္ေလွ်ာက္မွာ ဆုေၾကးေငြ ေဒၚလာ သန္း ၄၀ ေက်ာ္ ေပးခဲ့ၿပီး E-sports ၿပိဳင္ပြဲေတြထဲမွာ ဆုေၾကးေငြ အမ်ားဆံုး ျဖစ္လာပါတယ္။ မေန႔ကလည္း ႏွစ္ေယာက္တြဲ ၿပိဳင္ပြဲမွာ အႏိုင္ရခဲ့သူမ်ား ထြက္ေပၚခဲ့ၿပီး သူတို႔ဟာလည္း ေဒၚလာ ၃ သန္းရသြားခဲ့ပါတယ္။

Ref : yahoo

[Unicode]

ဆုငွေ သိန်းပေါင်း ၄၅,၀၀၀ ရသွားတဲ့ Fortnite ကမ္ဘာ့ ချန်ပီယံ

Fortnite ကမ္ဘာ့ဖလားရဲ့ တစ်ယောက်ချင်း ပြိုင်ပွဲမှာ Kyle Giersdorf ဆိုသူက ဗိုလ်စွဲပြီး ဆုကြေးငွေ ဒေါ်လာ ၃ သန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မြန်မာငွေနဲ့ ဆိုရင် သိန်းပေါင်း ၄၅,၀၀၀ ကျော် ရှိပါတယ်။ သူဟာ အသက် ၁၆ နှစ်သာ ရှိပါသေးတယ်။ အမေရိကန် နိုင်ငံသား ဖြစ်ပါတယ်။

သူ့ရဲ့ ဂိမ်မာ နာမည်က Bugha ပါ။ သူဟာ ပြိုင်ပွဲဝင်ပေါင်း သန်း ၄၀ ကို အနိုင်တိုက်ခဲ့ရတာ ဖြစ်တဲ့ အတွက် လွယ်လွယ်ကူကူနဲ့ ချန်ပီယံ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီအထဲက အနိုင်ရခဲ့တဲ့ အယောက် ၁၀၀ ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယူးယောက်မှ Arthur Ashe Stadium မှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

သူဟာ ဖိုင်နယ် ပွဲမှာ အပြုံးမပျက်ဘဲ ပြိုင်ဖက်တွေကို အနိုင်ယူနိုင်ခဲ့တယ်လို့ ဂိမ်းပြိုင်ပွဲမှ အစီအစဉ် ကြေညာသူတွေက ပြောပါတယ်။ သူက ချန်ပီယံ ဆုကို ကြေညာလိုက်ချိန်မှာ အရမ်းကို ဝမ်းသာပြီး ပျော်မြူးနေခဲ့ပါတယ်။ သူက ချန်ပီယံ ဆုဖလား ထားဖို့အတွက် စားပွဲခုံတစ်လုံး ဝယ်မယ်လို့ ပြောပါတယ်။ ဆုကြေးငွေ အများစုကိုတော့ သုံးမှာ မဟုတ်ဘဲ စုထားမယ်လို့ ပြောပါတယ်။

Fortnite Game ကို ဖန်တီးထားတဲ့ Epic Games Company ဟာ ပြိုင်ပွဲတစ်လျှောက်မှာ ဆုကြေးငွေ ဒေါ်လာ သန်း ၄၀ ကျော် ပေးခဲ့ပြီး E-sports ပြိုင်ပွဲတွေထဲမှာ ဆုကြေးငွေ အများဆုံး ဖြစ်လာပါတယ်။ မနေ့ကလည်း နှစ်ယောက်တွဲ ပြိုင်ပွဲမှာ အနိုင်ရခဲ့သူများ ထွက်ပေါ်ခဲ့ပြီး သူတို့ဟာလည်း ဒေါ်လာ ၃ သန်းရသွားခဲ့ပါတယ်။

Ref : yahoo

%d bloggers like this: