Vivo မှ S စီးရီးအသစ်၏ ပထမဆုံးပွဲဦးထွက် S1 စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံ ဈေးကွက်တွင် စတင်မိတ်ဆက်

(ဆွဲဆောင်မှုရှိသည့် ပုံစံဒီဇိုင်း၊ အဆင့်မြင့် Super AMOLED Halo FullViewTM မျက်နှာပြင်၊ 32MP AI Selfie Camera နှင့် AI Triple Rear Camera များ တပ်ဆင်ပေးထားသည့် ထိပ်တန်းအဆင့် စမတ်ဖုန်းဖြစ်သည်။)

ရန်ကုန်၊ မြန်မာ (ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၉) ။      ။ မြန်မာနိုင်ငံ၏ စမတ်ဖုန်းဈေးကွက်တွင် ဦးဆောင်နေသော Vivo Myanmar ၏ 32 MP AI Selfie Camera နှင့် AI Triple Rear Camera တို့ ပါဝင်သည့် S စီးရီး၏ ပထမဆုံး ပွဲဦးထွက် S1 အား မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်အတွင်းရှိ The Yangon Restaurant ၌ ယနေ့ (ဇူလိုင်လ ၂၆ ရက်နေ့) က ကျင်းပပြုလုပ်ခဲ့သည်။

Vivo S1 စမတ်ဖုန်းသည် Vivo ၏ ကင်မရာ အထူးပြု စမတ်ဖုန်းစီးရီးသစ်ဖြစ်သည့် S Series အတွက် ပထမဆုံးသော စမတ်ဖုန်းဖြစ်ပြီး Vivo အမှတ်တံဆိပ်မှ ထူးခြားဆန်းသစ်ပြီး စွမ်းဆောင်ရည်မြင့် ကင်မရာများ တပ်ဆင်ထားသည့် အဆင့်မြင့် နည်းပညာသုံး (Advanced Technology) စမတ်ဖုန်းများ ထုတ်လုပ်နိုင်စွမ်းကို ထပ်မံ မှတ်ကျောက်တင်ခဲ့ခြင်း ဖြစ်သည်။

Vivo Myanmar ၏ Product Manager ဖြစ်သူ Mr. Kelvin က “Vivo အနေနဲ့ ပုံစံဒီဇိုင်းပိုင်း၊ နည်းပညာပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းများမှာ ထိပ်တန်းအဆင့်ရှိတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။ ယနေ့ မိတ်ဆက်ပေးလိုက်တဲ့ Vivo S1 စမတ်ဖုန်း ဟာဆိုရင် လူငယ်တွေအကြား မှင်သက်သွားမယ့် စွဲမက်ဖွယ်ရာ ပုံစံဒီဇိုင်း၊ AI အသုံးပြု စွမ်းရည်မြင့် 32MP Selfie Camera နှင့် အဆင့်မြင့်ဆုံး Sony IMX 499 Sensor ကို အသုံးပြုထားတဲ့ Triple Rear Camera စနစ်၊ မျက်နှာပြင်အောက် လက်ဗွေလုံခြုံရေးစနစ်များ ထည့်သွင်းပါရှိပြီး Flagship စမတ်ဖုန်း တစ်ခုအလား ထင်မှတ်မှားစေပြီး စတိုင်ကျလွန်းတဲ့ ဖုန်းသွင်ပြင်တို့နဲ့ ဖန်တီးထုတ်လုပ်ထား ပါတယ်။” ဟု Vivo S1 အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယနေ့ မိတ်ဆက်ပြသခဲ့သည့် Vivo S1 စမတ်ဖုန်းကို စွဲမက်ဖွယ်ကောင်းပြီး စတိုင်ကျသည့် ပုံပန်းသွင်ပြင်ဖြင့် ဖန်တီးထားပြီး Super AMOLED Halo FullViewTM မျက်နှာပြင် တပ်ဆင်ပေးထားလို့ ကြွရွတောက်ပပြီး သဘာဝနဲ့ အနီးစပ်ဆုံး တူညီတဲ့ ရုပ်ပုံများကို မြင်တွေ့နိုင်မှာ ဖြစ်သလို ရုပ်ရှင်၊ ဗီဒီယို ကြည့်ရှုရာတွင်လည်း ထူးခြားတဲ့ အတွေ့အကြုံများကို ရရှိခံစားနိုင်မည်ဖြစ်သည်။

Vivo S1 စမတ်ဖုန်းအသစ်သည် အသုံးပြုသူများ၏ စတိုင်ကျသည့် ပုံပန်းသွင်ပြင်ကို အထောက်အကူပြုနိုင်ရန် Vivo ဒီဇိုင်နာများမှ အဆင့်မြင့် Flagship 2.5D effect ကိုထည့်သွင်းပေးထားသည့်အတွက် လက်ထဲက လွတ်မကျသွားဘဲ ကိုင်တွယ်ရလွယ်ကူစေပါသည်။ ထို့အပြင် Vivo S1 ၏ မျက်နှာပြင်အောက် လက်ဗွေ လုံခြုံရေးစနစ် (In-display Fingerprint) ဟာဆိုရင်လည်း ပြိုင်ဖက်စမတ်ဖုန်းများ၏ လက်ဗွေလုံခြုံရေး စနစ်များထက် ၃ ဆ ပိုမိုမြန်ဆန်ပါသည်။

Selfie ရိုက်ကူးမှုကို တစ်ခေတ်ဆန်းစေနိုင်မည့် AI စနစ်သုံး 32 MP ပုံထွက်နှုန်းရှိပြီး သွင်း/ထုတ် ပြုလုပ်နိုင်သည့် Elevating Front Camera တပ်ဆင်ပေးထားတဲ့ Vivo S1 စမတ်ဖုန်းသည် Selfie ရိုက်ကူးမှု ဝါသနာကြီးတဲ့ ယနေ့ခေတ်လူငယ်များအတွက် အနေအထား၊ အရောင်၊ အလင်းအမှောင်တို့ကို တိကျပြတ်သားစွာ ချိန်ဆပြီး အကောင်းဆုံး ပုံရိပ်များကို အမိအရ မှတ်တမ်းတင် ရိုက်ကူးပေးနိုင်မည်ဖြစ်သည်။

Vivo S1 ရဲ့ AI စနစ်သုံး စွမ်းရည်မြင့် 16MP + 8MP + 2MP တို့ တပ်ဆင်ပေးထားသည့် Triple Rear Camera စနစ်သည် ရိုက်ကူးသည့် ဓာတ်ပုံများ၏ အရည်အသွေး ပိုမိုကောင်းမွန်စေနိုင်ရုံသာမက 16MP ပင်မကင်မရာဟာ Aperture 1.78 နဲ့ Large pixel 1.12 micron ဆိုဒ်ရှိတဲ့ Sony IMX499 Sensor နဲ့ ပြုလုပ်ထားလို့ ပတ်ဝန်းကျင်တွင် အလင်းနည်းနေချိန်မှာပင် ထူးခြားလှပသည့် ဓါတ်ပုံများကို ရိုက်ကူးရရှိနိုင်မှာ ဖြစ်သလို AI သုံး မြင်ကွင်းကျယ် Super Wide Angel ရိုက်ကူးမှုစနစ်လည်း ပါရှိတာကြောင့် ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံ များကို အမိအရ ရိုက်ကူးနိုင်မည် ဖြစ်ပါသည်။

“ကင်မရာအသာပေး စမတ်ဖုန်းဘက်ကို လွှမ်းမိုးထားတဲ့ ခေတ်ရေစီးကြောင်း၊ သုံးစွဲသူတွေ အကြိုက်နဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ အခုလိုမျိုး စွမ်းရည်မြင့် ကင်မရာများ တပ်ဆင်ပေးထားတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချနေခြင်း ဖြစ်ပါတယ်။ Vivo S1 ကို ‘Capture Your Style’ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို နားလည်သဘောပေါက်ထားပြီး စိတ် ကျေနပ်မှု အပြည့်အဝရရှိအောင် ဖန်တီးထားပါတယ်။” ဟု Mr. Kelvin မှ ထပ်ဆောင်း ပြောကြားခဲ့သည်။

Vivo S1 စမတ်ဖုန်းများကို Skyline Blue နှင့် Diamond Black စသည်ဖြင့် စတိုင်ကျသည့် စွဲမက်ဖွယ်ရာ အရောင်များဖြင့် ထုတ်လုပ်ထားပါသည်။ Vivo S1 ရဲ့ ဘက်ထရီကတော့ 4500 mAh အား ရှိတာကြောင့် တစ်နေကုန် အသုံးခံမှာ ဖြစ်ပြီး အမြန်အားသွင်းစနစ်လည်း ပါရှိပါသည်။ ဒါ့အပြင် Funtouch OS 9.0 ရဲ့ အသစ်စက်စက် UI ဒီဇိုင်းကလည်း အသုံးပြုရလွယ်ကူလှပါသည်။

Vivo S1 မိတ်ဆက်ပွဲ အခမ်းအနားသို့ Vivo Myanmar မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အထူး ဧည့်သည်တော်များ၊ သတင်းမီဒီယာများနှင့်အတူ Vivo Myanmar ၏ Brand Ambassadors များဖြစ်သော သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းနှင့် နေခြည်ဦီးတို့မှလည်း တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

blank

အထူးအစီအစဉ် အနေဖြင့် Vivo Myanmar ၏ Facebook စာမျက်နှာပေါ်မှ Live Streaming ထုတ်လွှင့်ပြီး ပရိသတ်များနှင့် တိုက်ရိုက်အမေးအဖြေ အစီအစဉ်လည်း ပါဝင်ခဲ့သည်။ ယင်းနောက်တွင် Vivo S1 စမတ်ဖုန်းသစ်၏ ဈေးနှုန်းကို မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် သတင်းမီဒီယာများနှင့် ဧည့်သည်တော်များ ရှေ့မှောက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

Facebook Live အမေးအဖြေ အစီအစဉ်မှ အနိုင်ရသူ (၁) ဦးအား Vivo Myanmar Facebook Page တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပြီး Vivo S1 စမတ်ဖုန်းအသစ်ကို ဦးဦးဖျားဖျား လက်ဝယ်ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်သည်။

အသစ်စက်စက် Vivo S1 စမတ်ဖုန်းများတွင် 6 GB RAM + 128 GB Storage ထည့်သွင်းပေးထားပြီး လာမည့် သြဂုတ်လ (၃) ရက်နေ့မှ စတင်ပြီး ကျပ် (၄၂၉,၈၀၀) နှုန်းနဲ့ ရောင်းချပေးသွားမည် ဖြစ်သည်။

Vivo S1 Specifications

  • Display: 6.38 inches , Super AMOLED Halo FullViewTM Display
  • Processor: MT6768
  • Front Camera: 32 Megapixel (AI)
  • Rear Camera: 16 Megapixel + 8 Megapixel + 2 Megapixel (AI)
  • RAM: 6GB inbuild RAM
  • Storage: Super Big 128GB ROM
  • Battery: 4500mAh with Vivo’s Dual-Engine Fast Charging Technology
  • OS: Funtouch OS 9.0
  • Screen Resolution: 1080×2340 (FHD+)

 

ကြိုတင်အော်ဒါ မှာယူခြင်း (Pre-Order)

Vivo S1 စမတ်ဖုန်းကို လာမည့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃) ရက်နေ့တွင်စတင်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ Vivo အရောင်းဆိုင်များ၌ ရောင်းချပေးသွားမည်ဖြစ်ပြီး Customer များ အနေနဲ့ ဂျူလိုင်လ (၂၇) ရက်နေ့မှ သြဂုတ်လ (၂) ရက်နေ့အတွင်း ကြိုတင်အော်ဒါ မှာယူပါက ကျောပိုးအိတ်တစ်လုံး လက်ဆောင်ရရှိမည်ဖြစ်ပါသည်။

#vivomyanmar

 

%d bloggers like this: