Fortnite ကမ္ဘာ့ဖလား နှစ်ယောက်တွဲ ပြိုင်ပွဲမှာ အနိုင်ရသူတွေ ထွက်ပေါ်လာ

Fortnite ကမ္ဘာ့ ဖလား နှစ်ယောက်တွဲ ပြိုင်ပွဲမှာ Nyhrox နဲ့ Aqua တို့ ဗိုလ်စွဲခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၃ သန်း ရရှိသွားပါတယ်။ သူတို့ဟာ ဥရောပက ဖြစ်ပြီး ကမ္ဘာအဝန်းမှ အဖွဲ့ပေါင်း ၅၀ နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ နယူးယောက်မှ Arthur Ashe Stadium မှာ ပြိုင်ပွဲကို ကျင်းပခဲ့ကြတာပါ။

Emil ‘Nyhrox’ Bergquist Pedersen ဟာ Norway နဲ့ David ‘Aqua’ W ဟာ Austria မှ ဖြစ်ပါတယ်။ သူတို့ဟာ ဖိုင်နယ်မှာ ၅၁ မှတ်ရခဲ့ပါတယ်။ သူတို့ဟာ ဗြိတိန်မှ Wolfiez ပါပြီး ဒုတိယ ရသွားတဲ့ အဖွဲ့ကို လေးမှတ်ဖြတ်နိုင်ခဲ့ပါတယ်။ Fortnite ဟာ Multiplayer Online Game ဖြစ်ပြီး ဒါဟာ သူ့ရဲ့ပထမဆုံး ကမ္ဘာ့ ဖလား ပြိုင်ပွဲ ဖြစ်ပါတယ်။ ပြိုင်ပွဲကို လာရောက် ကြည့်ရှုသူ ၁၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။

Nyphrox က ဖိုင်နယ်ပွဲပြီးနောက် သူ့ရဲ့ အောင်မြင်မှုကို တွစ်တာမှာ မျှဝေခဲ့ပါတယ်။ သူက အိမ်ကို ဖလား ယူလာခဲ့နိုင်ပါပြီလို့ ရေးသားထားပါတယ်။ သူ့ရဲ့ကစားဖော် Aqua ကလည်း လူမှုကွန်ရက်မှာ သူ့ရဲ့ အောင်မြင်မှုကို ဝံ့ကြွားခဲ့ပါသေးတယ်။ သူတို့ဟာ ပွဲစဉ် ၄ နဲ့ ၅ တွေမှာ ဆက်တိုက် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားမှာ နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့ပါတယ်။ တစ်ယောက်ချင်း ပြိုင်ပွဲကို ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။ ဘယ်သူက Fortnite ကမ္ဘာ့ ချန်ပီယံ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : mirror

Fortnite ကမ္ဘာ့ဖလား နှစ်ယောက်တွဲ ပြိုင်ပွဲမှာ အနိုင်ရသူတွေ ထွက်ပေါ်လာ

%d bloggers like this: