Black Shark 2 Pro မွာ Snapdragon 855+ ပါမယ္လို႔ အတည္ျပဳ

မေန႔ကပဲ Black Shark 2 Pro ရဲ႕ ဓါတ္ပံုတစ္ပံုထြက္ေပၚလာပါတယ္။ အဲဒီဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြဟာလည္း AnTuTu Website ကေန ထြက္ေပၚလာပါတယ္။ AnTuTu က အဲဒီဖုန္းမွာ Snapdragon 855+ ပါမယ္လို႔ ေဖာ္ျပထားပါတယ္။ အခုေတာ့ အဲဒီ သတင္းအခ်က္အလက္ဟာ မွန္ကန္တယ္လို႔ Black Shark က အတည္ျပဳလိုက္ပါတယ္။

ကုမၸဏီက Black Shark 2 Pro ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဗီဒီယိုအရ အဲဒီဖုန္းမွာ Snapdragon 855+ ပါမယ္လို႔ အတည္ျပဳထားပါတယ္။ ဒါ့အျပင္ ဗီဒီယိုမွာ ဖုန္းရဲ႕ အေရွ႕ဘက္ ဒီဇိုင္းကို ျမင္ရၿပီး Black Shark 2 နဲ႔ အရမ္းကို ဆင္တူပါတယ္။ သူ႔ရဲ႕ အျခား သတင္းအခ်က္အလက္ေတြကို ဗီဒီယုိမွာ မျပသထားပါဘူး။

AnTuTu Website မွ သတင္းအခ်က္အလက္မ်ားအရ Black Shark 2 Pro ရဲ႕ မ်က္ႏွာျပင္ အရည္အေသြးက Full HD+ ျဖစ္ပါတယ္။ 12GB RAM , 256GB Storage, Android Pie ေတြ ပါမယ္လို႔ AnTuTu က ေဖာ္ျပထားပါတယ္။ အရင္သတင္းေတြအရ သူရဲ႕ မ်က္ႏွာျပင္ဟာ Black Shark 2 ထက္ Refresh Rate ပိုမို ျမင့္မားလာမွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Black Shark 2 Pro မှာ Snapdragon 855+ ပါမယ်လို့ အတည်ပြု

မနေ့ကပဲ Black Shark 2 Pro ရဲ့ ဓါတ်ပုံတစ်ပုံထွက်ပေါ်လာပါတယ်။ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေဟာလည်း AnTuTu Website ကနေ ထွက်ပေါ်လာပါတယ်။ AnTuTu က အဲဒီဖုန်းမှာ Snapdragon 855+ ပါမယ်လို့ ဖော်ပြထားပါတယ်။ အခုတော့ အဲဒီ သတင်းအချက်အလက်ဟာ မှန်ကန်တယ်လို့ Black Shark က အတည်ပြုလိုက်ပါတယ်။

ကုမ္ပဏီက Black Shark 2 Pro ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဗီဒီယိုအရ အဲဒီဖုန်းမှာ Snapdragon 855+ ပါမယ်လို့ အတည်ပြုထားပါတယ်။ ဒါ့အပြင် ဗီဒီယိုမှာ ဖုန်းရဲ့ အရှေ့ဘက် ဒီဇိုင်းကို မြင်ရပြီး Black Shark 2 နဲ့ အရမ်းကို ဆင်တူပါတယ်။ သူ့ရဲ့ အခြား သတင်းအချက်အလက်တွေကို ဗီဒီယိုမှာ မပြသထားပါဘူး။

AnTuTu Website မှ သတင်းအချက်အလက်များအရ Black Shark 2 Pro ရဲ့ မျက်နှာပြင် အရည်အသွေးက Full HD+ ဖြစ်ပါတယ်။ 12GB RAM , 256GB Storage, Android Pie တွေ ပါမယ်လို့ AnTuTu က ဖော်ပြထားပါတယ်။ အရင်သတင်းတွေအရ သူရဲ့ မျက်နှာပြင်ဟာ Black Shark 2 ထက် Refresh Rate ပိုမို မြင့်မားလာမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: