Black Shark 2 Pro ရဲ႕ ဓါတ္ပံုတစ္ခု ထြက္ေပၚလာ

Xiaomi က တရုတ္မွာ Black Shark 2 Pro Gaming Smartphone ကို ဒီလ ၃၀ ရက္မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားလည္း အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚေနပါတယ္။ AnTuTu မွ သတင္းအခ်က္အလက္ေတြအရ သူ႔မွာ မၾကာခင္က ေၾကညာထားတဲ့ Qualcomm Snapdragon 855+ SoC ေမာင္းႏွင္ထားမွာ ျဖစ္ပါတယ္။

မ်က္ႏွာျပင္ အရည္အေသြးက Full HD+ ျဖစ္ပါတယ္။ 12GB RAM , 256GB Storage, Android Pie ေတြ ပါမယ္လို႔ AnTuTu က ေဖာ္ျပထားပါတယ္။ အရင္သတင္းေတြအရ သူရဲ႕ မ်က္ႏွာျပင္ဟာ Black Shark 2 ထက္ Refresh Rate ပိုမို ျမင့္မားလာမွာ ျဖစ္ပါတယ္။

Black Shark 2 Pro ရဲ႕ ဓါတ္ပံုတစ္ခု အြန္လိုင္းမွာ ထြက္လာပါတယ္။ သူ႔ရဲ႕ အေနာက္ဘက္ ဒီဇိုင္းကို အနည္းငယ္ ေျပာင္းလဲထားပါတယ္။ သူဟာ Black Shark 2 ထက္ အေနာက္ဘက္မွာ ဖန္ မ်က္ႏွာျပင္ ပိုမ်ားႏုိင္ပါတယ္။ ေထာင့္စြန္းနဲ႔ LED Strips မ်ားကိုလည္း အနည္းငယ္ ဆန္းသစ္ထားပါတယ္။ အျခား အပိုင္းေတြမွာေတာ့ သူဟာ Black Shark 2 နဲ႔ တူပါတယ္။

Pro မဟုတ္တဲ့ Black Shark 2 ကို ဒီႏွစ္ထဲမွာ ေၾကညာခဲ့ၿပီး သူ႔မွာ Snapdragon 855 Chipset ထည့္သြင္းထားတာပါ။ Black Shark 2 Pro မွာေတာ့ Snapdragon 855 Plus နဲ႔ အဆင့္ျမွင့္ထားႏုိင္ပါတယ္။ ဂိမ္း စမတ္ဖုန္းမ်ားဟာ စြမ္းေဆာင္ရည္ အပိုင္းကို အဓိကထား ဖန္တီးထားၿပီး ကင္မရာမ်ားကို အာရံုသိပ္မစိုက္ထားပါဘူး။

Ref : gsmarena

[Unicode]

Black Shark 2 Pro ရဲ့ ဓါတ်ပုံတစ်ခု ထွက်ပေါ်လာ

Xiaomi က တရုတ်မှာ Black Shark 2 Pro Gaming Smartphone ကို ဒီလ ၃၀ ရက်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များလည်း အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ AnTuTu မှ သတင်းအချက်အလက်တွေအရ သူ့မှာ မကြာခင်က ကြေညာထားတဲ့ Qualcomm Snapdragon 855+ SoC မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

မျက်နှာပြင် အရည်အသွေးက Full HD+ ဖြစ်ပါတယ်။ 12GB RAM , 256GB Storage, Android Pie တွေ ပါမယ်လို့ AnTuTu က ဖော်ပြထားပါတယ်။ အရင်သတင်းတွေအရ သူရဲ့ မျက်နှာပြင်ဟာ Black Shark 2 ထက် Refresh Rate ပိုမို မြင့်မားလာမှာ ဖြစ်ပါတယ်။

Black Shark 2 Pro ရဲ့ ဓါတ်ပုံတစ်ခု အွန်လိုင်းမှာ ထွက်လာပါတယ်။ သူ့ရဲ့ အနောက်ဘက် ဒီဇိုင်းကို အနည်းငယ် ပြောင်းလဲထားပါတယ်။ သူဟာ Black Shark 2 ထက် အနောက်ဘက်မှာ ဖန် မျက်နှာပြင် ပိုများနိုင်ပါတယ်။ ထောင့်စွန်းနဲ့ LED Strips များကိုလည်း အနည်းငယ် ဆန်းသစ်ထားပါတယ်။ အခြား အပိုင်းတွေမှာတော့ သူဟာ Black Shark 2 နဲ့ တူပါတယ်။

Pro မဟုတ်တဲ့ Black Shark 2 ကို ဒီနှစ်ထဲမှာ ကြေညာခဲ့ပြီး သူ့မှာ Snapdragon 855 Chipset ထည့်သွင်းထားတာပါ။ Black Shark 2 Pro မှာတော့ Snapdragon 855 Plus နဲ့ အဆင့်မြှင့်ထားနိုင်ပါတယ်။ ဂိမ်း စမတ်ဖုန်းများဟာ စွမ်းဆောင်ရည် အပိုင်းကို အဓိကထား ဖန်တီးထားပြီး ကင်မရာများကို အာရုံသိပ်မစိုက်ထားပါဘူး။

Ref : gsmarena

%d bloggers like this: