Asus ROG Phone II ကို တရုတ္မွာတင္ အလံုးေရ ၁.၆ သန္းေက်ာ္ မွာယူေနၾက

Asus က တနလၤာေန႔က ROG Phone II ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ သူ႔ကို တရုတ္မွာ ပထမဆံုး အသုတ္အေနနဲ႔ ႀကိဳတင္မွာယူခြင့္ျပဳလိုက္ပါတယ္။ လက္ရွိ အခ်ိန္အထိ စာရင္းေပးသြင္းသူ ၁.၆ သန္းေက်ာ္ ရွိေနပါၿပီ။ ဒီဖုန္းကို လူေတြ စိတ္၀င္စားရတဲ့ အဓိက အေၾကာင္းအရင္းက ၿပိဳင္ဖက္ ဂိမ္း ဖုန္းမ်ားထက္ ေစ်းခ်ိဳလို႔ ျဖစ္ပါတယ္။ ယြမ္ ၃၄၉၉ ( ၅၁၀ ေဒၚလာ) တန္ေၾကးရွိၿပီး ျမန္မာေငြ ၇၇၀ ၀၀၀ ေလာက္ရွိပါတယ္။

Tencent က ROG Phone II ကို ထုတ္လုပ္ဖို႔ Asus ကို ကူညီခဲ့ပါတယ္။ အထက္ပါ ေမာ္ဒယ္ဟာ Tencent Model ျဖစ္ၿပီး Bloatware မ်ားစြာ ထည့္သြင္းထားပါတယ္။ အဲဒီအတြက္ေၾကာင့္လည္း ေစ်းေလွ်ာ့ေပးထားတာပါ။ 12/128GB ပါတဲ့ Tencent မဟုတ္တဲ့ ေမာ္ဒယ္ကို ယြမ္ ၆၀၀၀ (၈၇၀ ေဒၚလာ) နဲ႔ စြမ္းရည္ျမင့္ ေမာ္ဒယ္ကို ယြမ္ ၆၁၉၉ (၉၀၀ ေဒၚလာ) က်သင့္ပါတယ္။ ျမန္မာေငြ ၁၃ သိန္းနဲ႔ ၁၃ သိန္း ၆ ေသာင္းေလာက္ က်သင့္ႏုိင္ပါတယ္။

တရုတ္မွာ လာမယ့္ တစ္ပတ္မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ အျခား ႏုိင္ငံမ်ားမွာ ေရာင္းခ်မယ့္ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္ ေန႔ရက္ကို ၾသဂုတ္လလယ္ေလာက္မွာ သိရမွာ ျဖစ္ပါတယ္။ Asus ROG Phone II ဟာ Qualcomm Snapdragon 855 Plus ပါတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္ပါတယ္။ သူ႔အတြက္ Accessory မ်ားစြာ ထုတ္လုပ္ထားၿပီး Game Developers မ်ားစြာနဲ႔ ပူးေပါင္းထားပါတယ္။

Ref : gsmarena

[Unicode]

Asus ROG Phone II ကို တရုတ်မှာတင် အလုံးရေ ၁.၆ သန်းကျော် မှာယူနေကြ

Asus က တနင်္လာနေ့က ROG Phone II ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို တရုတ်မှာ ပထမဆုံး အသုတ်အနေနဲ့ ကြိုတင်မှာယူခွင့်ပြုလိုက်ပါတယ်။ လက်ရှိ အချိန်အထိ စာရင်းပေးသွင်းသူ ၁.၆ သန်းကျော် ရှိနေပါပြီ။ ဒီဖုန်းကို လူတွေ စိတ်ဝင်စားရတဲ့ အဓိက အကြောင်းအရင်းက ပြိုင်ဖက် ဂိမ်း ဖုန်းများထက် ဈေးချိုလို့ ဖြစ်ပါတယ်။ ယွမ် ၃၄၉၉ ( ၅၁၀ ဒေါ်လာ) တန်ကြေးရှိပြီး မြန်မာငွေ ၇၇၀ ၀၀၀ လောက်ရှိပါတယ်။

Tencent က ROG Phone II ကို ထုတ်လုပ်ဖို့ Asus ကို ကူညီခဲ့ပါတယ်။ အထက်ပါ မော်ဒယ်ဟာ Tencent Model ဖြစ်ပြီး Bloatware များစွာ ထည့်သွင်းထားပါတယ်။ အဲဒီအတွက်ကြောင့်လည်း ဈေးလျှော့ပေးထားတာပါ။ 12/128GB ပါတဲ့ Tencent မဟုတ်တဲ့ မော်ဒယ်ကို ယွမ် ၆၀၀၀ (၈၇၀ ဒေါ်လာ) နဲ့ စွမ်းရည်မြင့် မော်ဒယ်ကို ယွမ် ၆၁၉၉ (၉၀၀ ဒေါ်လာ) ကျသင့်ပါတယ်။ မြန်မာငွေ ၁၃ သိန်းနဲ့ ၁၃ သိန်း ၆ သောင်းလောက် ကျသင့်နိုင်ပါတယ်။

တရုတ်မှာ လာမယ့် တစ်ပတ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ အခြား နိုင်ငံများမှာ ရောင်းချမယ့် ဈေးနှုန်းနဲ့ ရောင်းချမယ့် နေ့ရက်ကို သြဂုတ်လလယ်လောက်မှာ သိရမှာ ဖြစ်ပါတယ်။ Asus ROG Phone II ဟာ Qualcomm Snapdragon 855 Plus ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ သူ့အတွက် Accessory များစွာ ထုတ်လုပ်ထားပြီး Game Developers များစွာနဲ့ ပူးပေါင်းထားပါတယ်။

Ref : gsmarena

%d bloggers like this: