Snapdragon 855 Plus ပါလာနိုင်တဲ့ Samsung Galaxy Note 10

Samsung Galaxy Note 10 ရဲ့ သတင်းများစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အရင်က သတင်းများအရ သူ့မှာ Snapdragon 855 သာ ပါလာမှာ ဖြစ်ပြီး မကြာခင်က ကြေညာထားတဲ့ 855 Plus မပါဘူးလို့ သိခဲ့ရပါတယ်။ အခုတော့ Evan Blass က Note 10 မှာ 855 Plus ပါမယ်လို့ ပြောပါတယ်။ အရင်သတင်းများအရ Note 10 ရဲ့ အခြေခံ မော်ဒယ်မှာ 12GB RAM နဲ့ 256GB Storage ပါမယ်လို့ သိခဲ့ရပါတယ်။ Blass က အခြေခံ မော်ဒယ်မှာ 8GB RAM , 256GB Storage ပါမယ်လို့ ပြောပါတယ်။

Note 10 မှာ 3600mAh Battery ပါမယ်လို့ သူက ပြောပါတယ်။ Note 10 ရော Note 10 Plus မှာပါ 45W Fast Charging ပါမယ်လို့ ပြောပါတယ်။ အရင်ကတော့ Note 10 Plus မှာသာ ဒီစွမ်းရည်ပါမယ်လို့ သိခဲ့ရပါတယ်။ 15W Reverse Charging ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

သူတို့ နှစ်လုံးရဲ့ ကွာခြားချက်တစ်ခုက Note 10+ မှာသာ microSD Card Slot ပါပြီး Note 10 မှာ မပါတာ ဖြစ်ပါတယ်။ တူညီတဲ့ S Pen များ ပါလာမှာ ဖြစ်ပြီး Air Gestures ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Blass က ၆.၈ လက်မ မျက်နှာပြင်နဲ့ 4300mAh Battery များကို Note 10 Plus မှာ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ ဒီ အချက်အလက်က အရင်က သတင်းများနဲ့ တူညီနေပါတယ်။

Ref : gsmarena

Snapdragon 855 Plus ပါလာနိုင်တဲ့ Samsung Galaxy Note 10

%d bloggers like this: