Online မှာ Video ကြည့်နေရင်းနဲ့ ဖုန်းဝင်လာလို့ Video ဆက်ကြည့်လို့မရတာမျိုး Internet လိုင်းကျသွားတာမျိုး ဖြစ်ဖူးလား။
ဟုတ်ပါတယ်။ အရင်ကဆို Facebook မှာ ဗီဒီယိုကြည့်နေတဲ့အချိန် ဖုန်းဝင်လာလို့ Internet လိုင်းကျ သွားပြီး Video ဆက်ကြည့်လို့မရတာမျိုးပဲဖြစ်ဖြစ်၊ ဖုန်းပြောနေရင်းနဲ့ Internet သုံးလို့မရတာဖြစ်ဖြစ် ဒီလိုအဆင်မပြေမှုတွေက ခဏခဏကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ကွန်ရက်အသုံးပြုနေတဲ့အချိန်တိုင်း လိုင်းကျသွားတာမျိုးမရှိအောင် ကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေကို ပံ့ပိုးပေးနိုင်ဖို့အတွက် Mytel က နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ VoLTE ခေါ်ဆိုမှုကို မြန်မာနိုင်ငံမှာ အစပြုလုပ်ဆောင်နိုင်ခဲ့ပါပြီ။
VoLTE ဆိုတာဘာလဲ။
VoLTE ဆိုတာကတော့ Voice over Long Term Evolution လို့အဓိပ္ပာယ်ရတဲ့ အကောင်းဆုံး အသံဝန်ဆောင်မှု တစ်ခုပဲဖြစ်ပါတယ်။ VoLTE ရဲ့ထူးခြားတဲ့ဝန်ဆောင်မှုတွေကတော့ အရည်အသွေးမြင့် ကြည်လင်ပြတ်သားတဲ့ အသံနှင့် ဒေတာအသုံးပြုမှု ကို သုံးစွဲသူတွေကို တစ်ပြိုင်နက်တည်း ထောက်ပံ့ပေးနိုင်ပါတယ်။
VoLTE က သုံးစွဲသူတွေအတွက် ဘယ်လိုအကျိုးရှိစေမှာလဲ။
VoLTE ရဲ့ အကျိုးကျေးဇူးတွေကတော့ ဖုန်းခေါ်ဆိုတဲ့အခါမှာ သုံးစွဲသူတွေက ရိုးရိုးသာမန် ဆဲလ်ဖုန်းတစ်ခုကနေ ဖုန်းခေါ်ဆိုတာထက် ပိုသိသာပြတ်သားတဲ့ အသံအရည်အသွေးကို ရနိုင်ပြီးတော့ 2G ကွန်ရက်ကတဆင့် ဖုန်းခေါ်ဆိုတာထက်လည်း ပိုပြီးမြန်မြန် ချိတ်ဆက်နိုင်ပါတယ်။ ပုံမှန် 2G ကွန်ရက်ကိုသုံးပြီး ဖုန်းခေါ်ဆိုတဲ့အခါ ဖုန်းဝင်ဖို့ ၃ စက္ကန့် သို့မဟုတ် ၄ စက္ကန့်ခန့်ကြာတတ်ပေမယ့် VoLTE မှ VoLTE ဖုန်းခေါ်တာက ၁ စက္ကန့် သို့မဟုတ် ၂ စက္ကန့်အတွင်း ဖုန်းဝင်စေပြီး ဖုန်းခေါ်ဆိုမှုအဝင်ကြာချိန်ကို ပိုနည်းစေပါတယ်။
ပိုကောင်းတဲ့ နောက်တစ်ချက်ကတော့ သုံးစွဲသူတွေရဲ့ မိုဘိုင်းလ်ဖုန်း ဘက်ထရီသက်တမ်းကို ပိုပြီး ကြာကြာခံနိုင်စေတာပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် VoLTE ဝန်ဆောင်မှုသုံးစွဲနိုင်တဲ့ မိုဘိုင်းလ်ဖုန်းတွေက ဖုန်းခေါ်တဲ့အခါ circuit-switched အနေအထား ကနေ LTE ကွန်ရက်ကို ဆက်တိုက်ပြောင်းလဲနေဖို့ မလိုတာကြောင့် ဖုန်းဘက်ထရီသက်တမ်းကို ပိုထိန်းသိမ်းထား နိုင်တာပဲဖြစ်ပါတယ်။
နောက်အကျိုးကျေးဇူးတစ်ခုကတော့ ဘေလ်ကောက်ခံတဲ့အခါမှာလည်း ဖုန်းခေါ်ဆိုတာအတွက်သက်သက်၊ message ပို့တာအတွက်သက်သက် ကောက်တာမဟုတ်ပဲ ဒေတာအသုံးပြုမှု အပေါ် မူတည်ပြီးကောက်တာဖြစ်ပါတယ်။ အရင်လို Voice packages တွေ၊ Message packages တွေ ဝယ်သုံးစရာမလိုတော့တာကြောင့် သုံးစွဲသူတွေ အတွက် ပိုပြီး အဆင်ပြေစေပါတယ်။
VoLTE ဝန်ဆောင်မှုကို ဘယ်ဖုန်းတွေမှာ သုံးလို့ရလဲ။
VoLTE ဝန်ဆောင်မှုကို VoLTE အသုံးပြုနိုင်တဲ့ မိုဘိုင်းလ်ဖုန်းအချင်းချင်းမှာပဲ ရနိုင်မှာဖြစ်ပြီး Mytel ကွန်ရက်ကိုအသုံးပြုတာက ကွန်ရက် spectrum ကို အထိရောက်ဆုံး ထိန်းသိမ်းပေးနိုင်ပါတယ်။ Mytel သုံးစွဲတွေအနေနဲ့ VoLTE ရဲ့ အကျိုးကျေးဇူးတွေကို ခံစားနိုင်ဖို့အတွက် ကိုယ့်ရဲ့ဖုန်းက VoLTE ဝန်ဆောင်မှုရ၊ မရသိချင်ရင်တော့ အောက်ပါ list ထဲတွင် ကြည့်လို့ရပါတယ်။ Mytel Call Center ဖြစ်တဲ့ 09 690 000 966 ကိုဆက်ပြီး စုံစမ်းလို့ရပါတယ်။
Mytel က အခုလို ဆန်းသစ်တဲ့နည်းပညာတွေကိုယူလာပေးပြီး သုံးစွဲသူများ၏လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ နောင်တွင်လည်း သုံးစွဲသူတွေရဲ့ အလုပ်ခွင်မှာသာမကပဲ လူနေမှုဘဝမှာပါ ပိုပြီးအသုံးဝင်၊ ပိုပြီးအဆင်ပြေချောမွေ့လွယ်ကူစေမယ့် အရည်အသွေးမြင့်တဲ့ ဝန်ဆောင်မှုတွေကို မိတ်ဆက်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
အခုလက်ရှိဈေးကွက်ထဲမှာ VolTE ဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီဖြစ်တဲ့ ဖုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
No. | Brand | Model Name | Model Code | 1 | Samsung | Note 8 | N950F | S8 | A8 2018 | A750GN | A6 + | A8 Star | G885F | J810Y | J4+ | J415F | J2 Core | J260G | S9 Plus | A10 | A205F | G973F | Huawei | Huawei Mate 20 | Mate 20 Pro | P20 Pro | Nova 3 | Y9 2019 | Y Max | P30 Lite |
You must log in to post a comment.