Asus က တရုတ်မှာ ရောင်းမယ့် ROG Phone II ရဲ့ ဈေးနှုန်းများကို ကြေညာ

မနေ့က ကြေညာခဲ့တဲ့ Asus ROG Phone II ရဲ့ တရုတ်မှာ ရောင်းမယ့် ဈေးများကို ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ Tencent Version နဲ့ Vanilla Version ဆိုပြီး နှစ်မျိုးထုတ်လုပ်ထားပါတယ်။ Tencent Version ရဲ့ 8/128GB ကို ယွမ် ၃၅၀၀ (၅၁၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ 12/512GB ကို ယွမ် ၆၀၀၀ (၈၇၀ ဒေါ်လာ) ကျသင့်ပါတယ်။ မြန်မာငွေ ၇၇၀ ၀၀၀ နဲ့ ၁ ၃၀၀ ၀၀၀ ဝန်းကျင် အသီးသီး ရှိနိုင်ပါတယ်။

JD.com ကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၃၁ ရက်နေ့မှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ Vanilla Version ရဲ့ 12/128GB ကို ယွမ် ၆၀၀၀ (၈၇၀ ဒေါ်လာ) ကျသင့်ပါတယ်။ မြန်မာငွေ ၁ ၃၀၀ ၀၀၀ ဝန်းကျင် ရှိပါတယ်။ အထူးထုတ် ဗားရှင်းများကိုလည်း ရောင်းချပေးထားပါတယ်။ Zhizun ကို ယွမ် ၈၀၀၀ နဲ့ Esports Armor Version ကို ယွမ် ၁၃ ၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ ၇၀၀ ၀၀၀ နဲ့ ၂ ၈၀၀ ၀၀၀ သိန်းလောက် ကျသင့်ပါတယ်။

ROG Phone II ဟာ Qualcomm Snapdragon 855 Plus ထည့်သွင်းထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ အဲဒီ Chipset ဟာ ဂိမ်းကစားရင် အရမ်းကို ချောမွတ်မြန်ဆန်အောင် ဖန်တီးထားပါတယ်။ CPU နဲ့ GPU စွမ်းရည်များကလည်း မူလ Snapdragon 855 ထက် ပိုကောင်းလာပါတယ်။

Ref : gsmarena

Asus က တရုတ်မှာ ရောင်းမယ့် ROG Phone II ရဲ့ ဈေးနှုန်းများကို ကြေညာ

%d bloggers like this: