Samsung Galaxy S8 က လူအယောက် ၂၀ ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့

လွန်ခဲ့တဲ့ နှစ်ပတ်က ဖိလစ်ပိုင် နိုင်ငံ စီဘူးအနားမှ Malapascua Island ကမ်းရိုးတန်းမှာ ခရီးသည် ၂၀ ပါတဲ့ လှေတစ်စီး နစ်မြုပ်ခဲ့ပါတယ်။ ရေစိုခံ စမတ်ဖုန်း တစ်လုံးကြောင့် ခရီးသည်အားလုံး အသက်ချမ်းသာရာရခဲ့ပါတယ်။ ကနေဒါမှ Jim Emdee ဆိုသူက ရေစိုသွားတဲ့ သူ့ရဲ့ Galaxy S8 ကနေ ဖုန်းခေါ်ရင်း အကူအညီတောင်းခဲ့ပါတယ်။ ဖုန်းရဲ့ GPS ကို ဖွင့်ပြီး တည်နေရာကို ပေးပို့နိုင်ခဲ့ပါတယ်။

Jim က “ အခြား ခရီးသည်တွေရဲ့ စမတ်ဖုန်းအားလုံးဟာ ရေစိုသွားတဲ့ အတွက် သုံးမရတော့ဘဲ ကျွန်တော့်ရဲ့ ဖုန်းတစ်လုံးသာ ဖုန်းဆက်လို့ရခဲ့ပါတယ်။ ဒီလောက် အချိန်ကြာအောင် ရေစိုခံမယ်လို့ မထင်ထားပါဘူး။ “ လို့ ပြောပါတယ်။

လှေဟာ နာမည်ကျော် ရေငုပ်တဲ့ နေရာ ဖြစ်တဲ့ Malapascua ကနေ ထွက်လာတာပါ။ လှေပေါ်မှာ နိုင်ငံခြားသား ၁၃ ယောက်၊ ရေငုပ်နည်းပြ ၃ ယောက်၊ ဒေသခံ ရေငုပ်နည်းပြ ၁ ယောက်နဲ့ ဖိလစ်ပိုင် လူမျိုး လှေ ဝန်ထမ်း ၃ ယောက် ပါလာတာပါ။ နိုင်ငံခြားသားတွေထဲမှာ သြစတြေးလျ၊ ဆွစ်ဇာလန်၊ ဟောင်ကောင် လူမျိုး ၁ ယောက်စီ၊ စပိန်လူမျိုး ၂ ယောက်၊ အမေရိကန် ၅ ယောက်၊ ဂျာမနီ ၃ ယောက်၊ အစ္စရေး ၁ ယောက်၊ အီတလီ ၁ ယောက်နဲ့ ကနေဒါ ၁ ယောက် ပါလာပါတယ်။

Samsung Electronics Philippines ရဲ့ အကြီးအကဲ James Jung က “ ခရီးသည်အားလုံး အန္တရာယ် ကင်းတဲ့ အတွက် ဝမ်းသာပါတယ်။ အရေးပေါ် အခြေအနေမှာ လူတွေကို ကယ်တင်ပေးမယ့် Devices တွေကို ဆက်ထုတ်မှာပါ။ “ လို့ ပြောပါတယ်။

Ref : bgr

Samsung Galaxy S8 က လူအယောက် ၂၀ ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့

%d bloggers like this: