Android က ကြိုးမဲ့ နားကြပ်များ ပျောက်ရင် ရှာပေးနိုင်တော့မည်

Google က ကြိုးမဲ့ နားကြပ်များနဲ့ ချိတ်ဆက်ရင် ပိုမို အဆင်ပြေလာမယ့် Fast Pair လုပ်ဆောင်ချက်ကို Android အတွက် မကြာခင်မှာ ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ Android Developers Blog Post တစ်ခုမှာ Google က “ Apple က ၂၀၁၆ ခုနှစ်မှာ ရောင်းချခဲ့တဲ့ AirPods ကြောင့် ကြိုးမဲ့နားကြပ်များဟာ ရေပန်းစားလူကြိုက်များလာပါတယ်။ အဲဒီအတွက် ကြိုးမဲ့ နားကြပ်များကို ထောက်ပံ့ပေးဖို့ အရေးကြီးပါတယ်။ “ လို့ ရေးသားထားပါတယ်။

Android မှာ မကြာခင် ရရှိမယ့် လုပ်ဆောင်ချက် တစ်ခုက ကြိုးမဲ့နားကြပ်များရဲ့ ဘက်ထရီ သတင်းအချက်အလက်များကို ကြည့်ရှုနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Charging Case များရဲ့ အခြေအနေကိုပါ သိနိုင်မှာပါ။ အဲဒီအတွက် နားကြပ်ကို အားသွင်းဖို့ လိုရင်လွယ်ကူစွာ သိနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် Fast Pair လုပ်ဆောင်ချက် တစ်ခုက Find My Device App နဲ့ Website တို့နဲ့ တွဲဖက် အလုပ်လုပ်နိုင်ခြင်း ဖြစ်ပါတယ်။ အဲဒီ အတွက် Android Device များကနေ ကြိုးမဲ့ နားကြပ် ပျောက်သွားရင် ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။ နားကြပ်ရဲ့ တည်နေရာကို မြေပုံမှာ ကြည့်နိုင်မှာပါ။ နောက်ဆုံး အသုံးပြုခဲ့တဲ့ အချိန်ကိုလည်း လေ့လာနိုင်မှာပါ။ အိမ်ထဲမှာ ပျောက်နေရင်လည်း နားကြပ်ကို အသံမြည်စေခြင်းဖြင့် သူ့ရဲ့ တည်နေရာကို သိနိုင်ပါတယ်။

Ref : digitaltrends

Android က ကြိုးမဲ့ နားကြပ်များ ပျောက်ရင် ရှာပေးနိုင်တော့မည်

%d bloggers like this: