၂၀၂၀ ခုနှစ်ကျမှ ရောင်းမယ့် Play Station 5

PlayStation 5 နဲ့ PSVR 2 တို့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ PS5 ကို ၂၀၂၀ ခုနှစ်မှာ ရောင်းချမှာပါ။ ဒီသတင်းကို Username RuthenicCookie အမည်ရ Reddit အသုံးပြုသူတစ်ဦးက ဖော်ပြထားတာ ဖြစ်ပြီး သူက ဆိုနီဟာ E3 2019 မှာ PS5 ကို မကြေညာဘဲ ၂၀၂၀ ခုနှစ်ကျမှသာ ရောင်းချမယ်လို့ ရေးသားထားပါတယ်။ အဲဒီ Reddit Thread မှာပဲ အမည်ဖော်ပြခြင်း မရှိတဲ့ သတင်းအရင်းအမြစ်တစ်ခုက PS5 နဲ့ PSVR 2 တို့ရဲ့ သတင်းအချက်အလက်များကို ဖော်ပြထားပါတယ်။

PS5 ကို ၂၀၁၉ ခုနှစ် အလယ်လောက်မှာ ကြေညာမှာ ဖြစ်ပြီး အဲဒီနောက်မှာ ကျင်းပမယ့် PlayStation Experience Event မှာ အသေးစိတ် အချက်အလက်များကို ပြောကြားမှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် မတ်လ သို့မဟုတ် နိုဝင်ဘာလမှာ ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ PS4 ရောင်းချတဲ့ အချိန်နဲ့ ၇ နှစ်ကွာခြားပါတယ်။

Developers များက PS5 အတွက် Development Kits များကို ရရှိထားပြီးပါပြီ။ ဒီနှစ် ဇွန်လမှာ ကျင်းပတဲ့ E3 2019 မှာ ဆိုနီ မပါဝင်ရခြင်းဟာ PS5 အတွက် ကြိုးစားနေရလို့ ဖြစ်တယ်လို့ သတင်းရထားပါတယ်။ PS5 မှာ Virtual Reality ထောက်ပံံ့မှုဟာ အဓိက လုပ်ဆောင်ချက်များထဲမှ တစ်ခု ဖြစ်လာမယ်လို့ သတင်းထွက်နေပါတယ်။

PSVR 2 Headset မှာ ကင်မရာ ပါလာမှာ ဖြစ်ပြီး Breaker Box မလိုအပ်တော့ပါဘူး။ Headset အတွက် VR လက်အိတ်ကိုလည်း ဆိုနီက ဖန်တီးနေတယ်လို့ ဆိုပါတယ်။ PlayStation Move Controller အသစ်ကိုလည်း ဖန်တီးနေပါတယ်။

Ref : digitaltrends

၂၀၂၀ ခုနှစ်ကျမှ ရောင်းမယ့် Play Station 5

%d bloggers like this: