Elon Musk က စိတ်နဲ့ ကွန်ပြူတာများကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ဖန်တီးနေ

သိပ္ပံပညာရှင်များက ကွန်ပြူတာများကို စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ နည်းပညာများကို ဖန်တီးနေကြပါတယ်။ အဲဒီ နည်းပညာဟာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများအတွက် အရမ်းကို အသုံးဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြား ကဏ္ဍများမှာလည်း ဒီနည်းပညာကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ နည်းပညာကို ဖန်တီးနေတဲ့ ကုမ္ပဏီများထဲမှာ Neuralink လည်း ပါဝင်ပါတယ်။ သူ့ကို စွန့်ဦးတီထွင် လုပ်ငန်းရှင် တစ်ဦး ဖြစ်ပြီး Tesla , Space X တို့ကို တည်ထောင်ထားတဲ့ Elon Musk က ပိုင်ဆိုင်ပါတယ်။

Neuralink က လာမယ့်နှစ်မှာ စိတ်ကနေ ကွန်ပြူတာများ၊ စမတ်ဖုန်းများကို ခိုင်းစေနိုင်တဲ့ နည်းပညာကို လူသားများမှာ စမ်းသပ်မယ်လို့ California Academy of Sciences မှာ ကြေညာလိုက်ပါတယ်။ ပညာရှင်များက အိုင်ဖုန်းမှာ စိတ်နဲ့ စာရိုက်နိုင်အောင် အရင်ဆုံး တီထွင်ကြမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ နည်းပညာ အကြောင်းကိုလည်း ကုမ္ပဏီက ရှင်းလင်း ပြောကြားခဲ့ပါတယ်။

သူတို့ရဲ့ နည်းပညာမှာ ဆန်ဆာများကို ဦးခေါင်းခွံရဲ့ အထက်မှာ ထားရှိမှာဖြစ်ပြီး ဦးနှောက်မှ သတင်းအချက်အလက်များကို ရယူမှာ ဖြစ်ပါတယ်။ ရရှိတဲ့ ဒေတာများကို iPhone ထံပေးပို့ပေးမှာ ဖြစ်ပါတယ်။ iPhone မှာ အထူးဖန်တီးထားတဲ့ App တစ်ခု ထည့်သွင်းထားပါတယ်။ အဲဒီ App က ဒေတာများကို ရယူပြီး စမတ်ဖုန်းက နားလည်တဲ့ ကွန်ပြူတာ ဘာသာစကားကို ပြောင်းပေးမှာပါ။ အဲဒီကနေတစ်ဆင့် iPhone မှာ စာများ ရိုက်ပေးမှာ ဖြစ်ပါတယ်။

ဒီနည်းပညာကို မကြာခင်မှာ လူသားများ အသုံးပြုနိုင်ဦးမှာ မဟုတ်သေးပါဘူး။ Neuralink က ဒီနည်းပညာကို အောင်မြင်စွာ ဖန်တီးနိုင်ဖို့ အချိန်ယူရဦးမယ်လို့ ပြောပါတယ်။

Ref : tnw

Elon Musk က စိတ်နဲ့ ကွန်ပြူတာများကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ဖန်တီးနေ

%d bloggers like this: