iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ

စမတ်ဖုန်း အဟောင်းများကို အသစ်များနဲ့ လဲလှယ်ပေးတဲ့ BankMyCell ရဲ့ ဒေတာများအရ iPhone ကနေ Samsung Phone ပြောင်းကိုင်မှု များပြားနေတယ်လို့ သိရပါတယ်။ iPhone အဟောင်း ပိုင်ရှင်များဟာ iPhone အသစ်များနဲ့ လဲလှယ်ခြင်း မရှိတော့ဘဲ အခြား ဘရန်းများကို ပြောင်းကိုင်နေကြပါတယ်။

လူပေါင်း ၃၈ ၀၀၀ ကို စစ်တမ်း ကောက်ယူခဲ့ရာမှာ iPhone X ကို အပ်ပြီး အခြား ဘရန်း ပြောင်းကိုင်သွားသူများဟာ ၂၆ ရာခိုင်နှုန်း ရှိပါတယ်။ Galaxy S9 Users များဟာ Apple iPhone ပြောင်းကိုင်သွားတဲ့ ရာခိုင်နှုန်းက ၇.၇ ပဲ ရှိပါတယ်။ iPhone Users များဟာ Samsung Phone များကို ပြောင်းကိုင်သွားကြတယ်လို့ ထင်ရပါတယ်။

ဇွန်လမှာ iPhone အပ်တဲ့ လူများရဲ့ ၁၈ ရာခိုင်နှုန်းဟာ Samsung Devices များကို ပြောင်းကိုင်ကြပါတယ်။ Android ကိုပဲ သစ္စာ ရှိရှိ ဆက်ကိုင်နေကြသူများက ၉၂.၃ ရာခိုင်နှုန်း ရှိပါတယ်။ ဒီနှစ်ထဲမှာ iPhone ကို သစ္စာဖောက်မှုဟာ အမြင့်ဆုံး အနေအထားရောက်နေတယ်လို့ BankMyCell က ပြောပါတယ်။ ဒါပေမယ့် လူပေါင်း ၃၈ ၀၀၀ ကိုသာ တွက်ချက်ထားတဲ့ အတွက် အလွန် နည်းပါးတဲ့ ဒေတာများ အပေါ်မှာသာ စစ်တမ်းကို ကောက်ယူထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်နဲ့ အိန္ဒိယမှာ iPhone ရောင်းအားများ ကျဆင်းနေပါတယ်။ အိန္ဒိယမှာ ၂၀၁၉ ခုနှစ် ကွာတား ၁ ရဲ့ ရောင်းအားဟာ ၂၀၁၈ ခုနှစ် ကွာတား ၁ ထက် ၄၂ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ တရုတ်မှာလည်း iPhone ရောင်းအားများ ကျဆင်းနေပါတယ်။

Ref : tnw

iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ

%d bloggers like this: