Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ

Redmi က စမတ်ဖုန်းများ အပြင် ပါဝါဘန့်များကို ထုတ်လုပ်ရောင်းချလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး ပါဝါဘန့်များ ဖြစ်ပါတယ်။ 10000mAh နဲ့ 20000mAh Power Bank များ ဖြစ်ပြီး ၅၉ ယွမ်နဲ့ ၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၃၀၀၀ နဲ့ ၂၁၀၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၂၃ ရက်မှာ ရောင်းချပေးမှာပါ။ လက်ရှိမှာ ရှောင်မီရဲ့ တရုတ် အွန်လိုင်းစတိုးမှာ ကြိုတင်မှာယူနိုင်ပါပြီ။

20000mAh Power Bank မှာ အရွယ်ကြီး 74Wh Battery ပါပါတယ်။ လျှင်မြန်စွာ အားသွင်းစနစ်ပါပြီး USB-A Ports များကနေ အမြင့်ဆုံး အနေနဲ့ 18W Maximum Output ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ အဲဒီ Ports များဟာ Device နှစ်ခုကို 5.1V ကနေ 3.6A အထိ အားသွင်းပေးနိုင်ပါတယ်။ micro-USB နဲ့ USB-Type C Port နှစ်မျိုးစလုံး ပါပါတယ်။

Redmi Note 7 ကို ၃.၅ ကြိမ်နဲ့ iPhone XS ကို ၄.၈ ကြိမ် အားသွင်းပေးနိုင်ပါတယ်။ လိုတာထက်ပိုပြီး အားသွင်းခြင်းကို ကာကွယ်ဖို့ အတွက် အဆင့်မြင့် Chip Circuits နဲ့ တိကျတဲ့ Resistive Capacitive Sensors များကို အသုံးပြုထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ 20000mAh Power Bank ကို အဖြူရောင်ထုတ်လုပ်ပေးထားပါတယ်။

10000mAh Power Bank မှာ USB-A Port နှစ်ခု ပါပါတယ်။ micro-USB နဲ့ Type-C Port များလည်း ပါပါတယ်။ Redmi Note 7 ကို ၁.၅ ကြိမ်နဲ့ iPhone XS ကို ၂.၃ ကြိမ် အားသွင်းပေးနိုင်ပါတယ်။

Ref : timesofindia

Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ

%d bloggers like this: