Pixel 4 ရဲ့ Screen ဓါတ်ပုံ ထွက်ပေါ်လာ

Google Pixel 4 ရဲ့ ဓါတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ မျက်နှာပြင်ရဲ့ အထက်မှ ဘောင်ဟာ ကြီးမားတာကို မြင်ရပါတယ်။ Ice Universe က အဲဒီ ဓါတ်ပုံများကို မျှဝေလိုက်တာပါ။ S10 Plus , OnePlus 7 Pro တို့လို ပြိုင်ဖက် ဖုန်းများထက် မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များဟာ ပိုမို ကြီးမားနေပါတယ်။ အထက်မှ ဘောင်မှာ ကင်မရာများ၊ ဆန်ဆာများကို တပ်ဆင်ထားမှာပါ။ ပြိုင်ဖက်ဖုန်းများမှာတော့ Notch , Popup Camera များကို အသုံးပြုထားတာပါ။

Google က Pixel Phone များမှာ အနောက်ကင်မရာ တစ်လုံးသာ ထည့်သွင်းပေးထားပါတယ်။ ကုမ္ပဏီ ရဲ့ နောက်ထုတ်မယ့် Pixel 4 မှာတော့ အနောက်ကင်မရာ နှစ်လုံး ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီအထဲက တစ်လုံးဟာ 16MP Telephoto Camera ဖြစ်မယ်လို့ Google Camera App မှ ကုဒ်များအရ သိရပါတယ်။ ပင်မ ကင်မရာရဲ့ သတင်းအချက်အလက်များကို မသိရသေးပါဘူး။

XDA Developers က Google Camera App မှ ကုဒ်များမှာ sRGB အစား P3 Color နဲ့ ဓါတ်ပုံများ ရိုက်ကူးမယ့် အထောက်အထားများကို မြင်ရတယ်လို့ မကြာခင်က ပြောပါတယ်။ sRGB ဟာ အန်းဒရွိုက် ဖုန်းများမှာ သုံးတဲ့ Color Gamut ပါ။ သူဟာ P3 ထက် အရောင် ဖမ်းယူမှုမှာ ၂၅ ရာခိုင်နှုန်း အားနည်းပါတယ်။ P3 ကိုတော့ iPhone 7 ကတည်းက သုံးလာတာပါ။ အဲဒီအတွက် Pixel 4 ဟာ အိုင်ဖုန်းများကို အရောင်ဖမ်းယူမှု အပိုင်းမှာ အမှီလိုက်နိုင်တော့မှာပါ။

Ref : theverge

Pixel 4 ရဲ့ Screen ဓါတ်ပုံ ထွက်ပေါ်လာ

%d bloggers like this: