Google က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားနဲ႔ အင္တာနက္ ထုတ္လႊင့္ေပးမည္

ကမာၻမွာ အင္တာနက္ ဆက္သြယ္မႈ မရေသးတဲ့ လူေပါင္း ဘီလီယမ္နဲ႔ခ်ီၿပီး ရွိေနပါေသးတယ္။ အဲဒီ လူမ်ားအတြက္ ဂူဂယ္လ္က မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္ ထုတ္လႊင့္ေပးတဲ့ Project Loon စီမံကိန္းကို ျပဳလုပ္ေနပါတယ္။ အခုလည္း ဒီႏွစ္ထဲမွာ ဂူဂယ္လ္က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္လႊင့္ေပးေတာ့မွာ ျဖစ္ပါတယ္။

အျမင့္ ၁၂.၅ မိုင္ကေန မိုးပ်ံ ေဘာလံုးမ်ားျဖင့္ အင္တာနက္ ထုတ္လႊင့္ေပးမွာ ျဖစ္ပါတယ္။ “ ေဘာလံုးေတြဟာ မိုးေပၚပ်ံေနတဲ့ Cellphone Tower ေတြပဲ ျဖစ္ပါတယ္။ Loon ဟာ အင္တာနက္ မရေသးတဲ့ ေဒသမ်ားအတြက္ ေအာ္ပေရတာမ်ားနဲ႔ ပူးေပါင္းလုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ “ လို႔ Loon ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက Digital Trends ကို ေျပာပါတယ္။

ဆဲလ္တာ၀ါမ်ား မရွိတဲ့ ေတာင္တန္းမ်ား၊ ေ၀းလံေခါင္ဖ်ားတဲ့ ကင္ညာမွ ေဒသမ်ားအတြက္ ဂူဂယ္လ္က Telkom Kenya ေအာ္ပေရတာနဲ႔ ပူးေပါင္းထားပါတယ္။ မိုဘိုင္း ေအာ္ပေရတာက အင္တာနက္ ၀န္ေဆာင္မႈရဲ႕ ေစ်းႏႈန္းကို သတ္မွတ္မွာ ျဖစ္ပါတယ္။

အင္တာနက္ ပံ့ပိုးေပးျခင္းျဖင့္ အလုပ္အကိုင္မ်ား ထူေထာင္ျခင္း၊ က်န္းမာေရး ေစာင့္ေရွာက္မႈမ်ား တိုးတက္ျခင္း၊ လယ္ယာလုပ္ငန္းမ်ား ေအာင္ျမင္ျခင္းမ်ား ျဖစ္လာမယ္လို႔ ဂူဂယ္လ္က ေမွ်ာ္လင့္ထားပါတယ္။

Ref : digitaltrends

[Unicode]

Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း ဒီနှစ်ထဲမှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ ဖြစ်ပါတယ်။

အမြင့် ၁၂.၅ မိုင်ကနေ မိုးပျံ ဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ “ ဘောလုံးတွေဟာ မိုးပေါ်ပျံနေတဲ့ Cellphone Tower တွေပဲ ဖြစ်ပါတယ်။ Loon ဟာ အင်တာနက် မရသေးတဲ့ ဒေသများအတွက် အော်ပရေတာများနဲ့ ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ “ လို့ Loon ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက Digital Trends ကို ပြောပါတယ်။

ဆဲလ်တာဝါများ မရှိတဲ့ တောင်တန်းများ၊ ဝေးလံခေါင်ဖျားတဲ့ ကင်ညာမှ ဒေသများအတွက် ဂူဂယ်လ်က Telkom Kenya အော်ပရေတာနဲ့ ပူးပေါင်းထားပါတယ်။ မိုဘိုင်း အော်ပရေတာက အင်တာနက် ဝန်ဆောင်မှုရဲ့ ဈေးနှုန်းကို သတ်မှတ်မှာ ဖြစ်ပါတယ်။

အင်တာနက် ပံ့ပိုးပေးခြင်းဖြင့် အလုပ်အကိုင်များ ထူထောင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ တိုးတက်ခြင်း၊ လယ်ယာလုပ်ငန်းများ အောင်မြင်ခြင်းများ ဖြစ်လာမယ်လို့ ဂူဂယ်လ်က မျှော်လင့်ထားပါတယ်။

Ref : digitaltrends

%d bloggers like this: