Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook

Facebook က Group များအတွက် Watch Party ကို ထည့်သွင်းပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်က ဂရုထဲမှ လူများ ဗီဒီယိုတစ်ခုကို အတူတကွ ကြည့်ရှုနိုင်ပြီး ဗီဒီယိုနဲ့ ပတ်သက်တဲ့ ကွန်းမန့်များကို ရေးသားနိုင်မှာ ဖြစ်ပါတယ်။ ကြည့်ရှုတဲ့ လူများကို Watch Party ကို စတင်သူက ထိန်းချုပ်နိုင်ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို မက်ဆင်ဂျာမှာ ထည့်သွင်းပေးမယ့် အထောက်အထားများ ထွက်ပေါ်လာပါတယ်။

Developer တစ်ဦး ဖြစ်သူ Ananay Arora က Watch Party လုပ်ဆောင်ချက်နဲ့ တူတဲ့ ကုဒ်အသစ်များကို မက်ဆင်ဂျာမှာ တွေ့ရတယ်လို့ ပြောပါတယ်။ Facebook က ဒီလုပ်ဆောင်ချက်ကို မက်ဆင်ဂျာမှာ ထည့်သွင်းပေးဖို့ စမ်းသပ်နေတယ်လို့ TechCrunch ကို ပြောပါတယ်။ Facebook က ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးမယ့် အချိန်ကိုတော့မပြောသေးပါဘူး။ Group များမှာ ဒီလုပ်ဆောင်ချက်ကို ရရှိပြီးသား ဖြစ်တဲ့ အတွက် မက်ဆင်ဂျာမှာ မကြာခင် ရရှိနိုင်ပါတယ်။

ကုဒ်များမှာ ပါတဲ့ “ Watch Videos Together” လုပ်ဆောင်ချက်ဟာ Watch Party နဲ့ အလွန် ဆင်တူပါတယ်။ မက်ဆင်ဂျာမှာ ဗီဒီယိုတစ်ခုကို Drop လုပ်လိုက်တာနဲ့ Group Chat ထဲမှ လူများ အားလုံးကို အသိပေးမှာ ဖြစ်ပြီး အတူတကွ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Facebook က ဒီလုပ်ဆောင်ချက်ကို Profile နဲ့ Pages များအတွက် စမ်းသပ်နေတာကို ယခုနှစ် အစောပိုင်းက ပြောခဲ့ဖူးပါတယ်။

Ref : engadget

Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook

%d bloggers like this: