အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram

အင်စတာဂရမ်က သူ့ရဲ့မူဝါဒ အချို့ကို ပြောင်းလဲမှုများ ပြုလုပ်လိုက်ပါတယ်။ သူ့ရဲ စည်းကမ်းများကို မလိုက်နာသူများအား အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို ကြိုတင် သတိပေးတော့မှာဖြစ်ပါတယ်။ အင်စတာဂရမ်က သူဖယ်ရှားမယ့် User ရဲ့ Posts, Comments , Stories များကို အသိပေးမှာ ဖြစ်ပြီး ဘာ့ကြောင့် ဖယ်ရှားရသလဲဆိုတာကိုပါ ပြောပြမှာ ဖြစ်ပါတယ်။ အင်စတာဂရမ်က သူတို့ရဲ့ စည်းကမ်းများကို မလိုက်နာရင် အကောင့်ကို ပိတ်သိမ်းမယ်လို့ ပြောပါတယ်။

Users များက Help Page ကို သွားစရာ မလိုဘဲ Notifications ကနေ သူ့ အပေါ် ပြန်လည် စဉ်းစားပေးဖို့ အင်စတာဂရမ်အား တောင်းဆိုနိုင်ပါတယ်။ လက်ရှိမှာ အမုန်းစကားများနဲ့ အဖော်အချွတ် ပုံများလို အရာများကိုသာ ပြန်လည် စဉ်းစားပေးဖို့ တောင်းဆိုနိုင်ပါသေးတယ်။ နောက်ပိုင်းမှာတော့ အခြား အမျိုးအစားများကိုပါ တိုးချဲ့ စဉ်းစားပေးမှာ ဖြစ်ပါတယ်။

Instagram က အချိန် အတိုင်းအတာ တစ်ခုအတွင်းမှာ စည်းကမ်းချိုးဖောက်မှု အရေအတွက်ကို အခြေခံပြီး အကောင့်များကို ဖယ်ရှားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် စည်းကမ်းချိုးဖောက်တဲ့ အကောင့်များထဲကနေ ရာခိုင်နှုန်း အချို့ကို ဖယ်ရှားမှာ ဖြစ်ပါတယ်။ အသေးစိတ် သတင်းအချက်အလက်များကိုတော့ အင်စတာဂရမ်က မပြောသေးပါဘူး။

Instagram က သူ့ရဲ့ ပလက်ဖောင်းမှာ အမုန်းစကားများ၊ ဝေဖန်တိုက်ခိုက်မှုများကို ကာကွယ်ပေးမယ့် လုပ်ဆောင်ချက် အသစ်နှစ်ခုကို မကြာခင်က ကြေညာလိုက်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်များကို ဉာဏ်ရည်တု နည်းပညာနဲ့ ဖန်တီးထားတာပါ။ Facebook က ပိုင်ဆိုင်တဲ့ Instagram ဟာ ပို့စ်များကို Block လုပ်ခြင်း၊ User များကို Ban ခြင်းများလို ပြင်းပြင်းထန်ထန် မပြုလုပ်ဘဲ အမူအကျင့်များကို ပြင်ဆင်အောင် ပြုလုပ်ပေးချင်တာ ဖြစ်ပါတယ်။

Ref : theverge

အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram

%d bloggers like this: