T-Series CIGA Design Mechanical Watch ကို ျပသလိုက္တဲ့ Xiaomi

ေရွာင္မီက စမတ္ဖုန္း၊ တက္ဘလက္ မ်ားသာမက အျခား ကုန္ပစၥည္းမ်ားကိုလည္း ထုတ္လုပ္ေရာင္းခ်ေနပါတယ္။ အခုလည္း စမတ္နာရီ မဟုတ္တဲ့ သမားရိုးက် နာရီ တစ္လံုးကို မိတ္ဆက္လိုက္ပါတယ္။ T-Series CIGA Design Mechanical Watch လို႔ အမည္ေပးထားၿပီး လက္ရွိမွာ သူ႔ကို ထုတ္လုပ္ေရာင္းခ်ဖို႔ ရန္ပံုေငြေကာက္ခံေနပါတယ္။ လက္ရွိမွာ ရန္ပံုေငြ ယြမ္ ၄၉၉ (၇၂ ေဒၚလာ) ထည့္၀င္ထားျခင္းျဖင့္ တစ္လံုး ႀကိဳတင္၀ယ္ယူထားႏိုင္ပါတယ္။ ေနာက္ပိုင္းက်မွ ၀ယ္ရင္ ယြမ္ ၆၉၉ (၁၀၁ ေဒၚလာ) က်သင့္မွာပါ။ ျမန္မာေငြ ၁၅၀ ၀၀၀ ေလာက္သာ က်သင့္မွာ ျဖစ္ပါတယ္။

T-Series CIGA Design Mechanical Watch ရဲ႕ ဒီဇိုင္းက ထူးျခားဆန္းျပားပါတယ္။ အတြင္းပိုင္း အစိတ္အပိုင္းမ်ားကို ၃၆၀ ဒီဂရီ ျမင္ကြင္းနဲ႔ ေဖာက္ထြင္းျမင္ႏုိင္ပါတယ္။ နာရီ ကိုယ္ထည္က ေလးေထာင့္ မဟုတ္ဘဲ စက္၀ိုင္း ပံုသ႑ာန္ ျဖစ္ပါတယ္။ တန္ဖိုးႀကီး နာရီ ဒီဇိုင္း ျဖစ္ၿပီး ဒီဇိုင္း အပိုင္းကို အသားေပးထားပါတယ္။

သူဟာ စမတ္နာရီ မဟုတ္တဲ့ အတြက္ စမတ္ဖုန္းမွ Notifications မ်ားကို သူ႔မွာ မၾကည့္ႏုိင္ပါဘူး။ ေျပးျခင္း၊ လမ္းေလွ်ာက္ျခင္း၊ စက္ဘီးစီးျခင္းလို ကိုယ္လက္လႈပ္ရွားမႈမ်ားကို သူက တိုင္းတာေပးႏုိင္ျခင္း မရွိပါဘူး။ Applications မ်ားကိုလည္း သူ႔မွာ အသံုးျပဳလို႔ မရပါဘူး။ ဒီဇိုင္း ဆန္းသစ္တဲ့ သမားရိုးက် နာရီမ်ားကို ႏွစ္သက္သူမ်ားအတြက္ သူက ေရြးခ်ယ္စရာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

T-Series CIGA Design Mechanical Watch ကို ပြသလိုက်တဲ့ Xiaomi

ရှောင်မီက စမတ်ဖုန်း၊ တက်ဘလက် များသာမက အခြား ကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း စမတ်နာရီ မဟုတ်တဲ့ သမားရိုးကျ နာရီ တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ T-Series CIGA Design Mechanical Watch လို့ အမည်ပေးထားပြီး လက်ရှိမှာ သူ့ကို ထုတ်လုပ်ရောင်းချဖို့ ရန်ပုံငွေကောက်ခံနေပါတယ်။ လက်ရှိမှာ ရန်ပုံငွေ ယွမ် ၄၉၉ (၇၂ ဒေါ်လာ) ထည့်ဝင်ထားခြင်းဖြင့် တစ်လုံး ကြိုတင်ဝယ်ယူထားနိုင်ပါတယ်။ နောက်ပိုင်းကျမှ ဝယ်ရင် ယွမ် ၆၉၉ (၁၀၁ ဒေါ်လာ) ကျသင့်မှာပါ။ မြန်မာငွေ ၁၅၀ ၀၀၀ လောက်သာ ကျသင့်မှာ ဖြစ်ပါတယ်။

T-Series CIGA Design Mechanical Watch ရဲ့ ဒီဇိုင်းက ထူးခြားဆန်းပြားပါတယ်။ အတွင်းပိုင်း အစိတ်အပိုင်းများကို ၃၆၀ ဒီဂရီ မြင်ကွင်းနဲ့ ဖောက်ထွင်းမြင်နိုင်ပါတယ်။ နာရီ ကိုယ်ထည်က လေးထောင့် မဟုတ်ဘဲ စက်ဝိုင်း ပုံသဏ္ဍာန် ဖြစ်ပါတယ်။ တန်ဖိုးကြီး နာရီ ဒီဇိုင်း ဖြစ်ပြီး ဒီဇိုင်း အပိုင်းကို အသားပေးထားပါတယ်။

သူဟာ စမတ်နာရီ မဟုတ်တဲ့ အတွက် စမတ်ဖုန်းမှ Notifications များကို သူ့မှာ မကြည့်နိုင်ပါဘူး။ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းလို ကိုယ်လက်လှုပ်ရှားမှုများကို သူက တိုင်းတာပေးနိုင်ခြင်း မရှိပါဘူး။ Applications များကိုလည်း သူ့မှာ အသုံးပြုလို့ မရပါဘူး။ ဒီဇိုင်း ဆန်းသစ်တဲ့ သမားရိုးကျ နာရီများကို နှစ်သက်သူများအတွက် သူက ရွေးချယ်စရာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: