ဇူလိုင်လ ၃၀ ရက်မှာ တရုတ်တွင် ကြေညာမယ့် Xiaomi Black Shark 2 Pro

Qualcomm က Snapdragon 855 Plus Platform ကို ကြေညာပြီးတဲ့ အခါမှာ စမတ်ဖုန်း ကုမ္ပဏီများက ၂၀၁၉ ခုနှစ်မှာ အဲဒီ Chipset ပါတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချမယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီများထဲမှာ Black Shark , Nubia, Realme , Redmi များ ပါဝင်ပါတယ်။ Asus ROG Phone 2 ဟာ Snapdragon 855 Plus ပါတဲ့ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ သူ့ကို တရုတ်မှာ ဒီလ ၂၃ ရက်မှာ ကြေညာမှာ ဖြစ်ပါတယ်။

အခုတော့ Asus ROG Phone 2 ကို ကြေညာပြီး နောက်တစ်ပတ်မှာ Xiaomi က Black Shark 2 Pro ကို တရုတ်မှာ ပွဲထုတ်တော့မှာ ဖြစ်ပါတယ်။ Pro မဟုတ်တဲ့ Black Shark 2 ကို ဒီနှစ်ထဲမှာ ကြေညာခဲ့ပြီး သူ့မှာ Snapdragon 855 Chipset ထည့်သွင်းထားတာပါ။ Black Shark 2 Pro မှာတော့ Snapdragon 855 Plus နဲ့ အဆင့်မြှင့်ထားနိုင်ပါတယ်။ ဂိမ်း စမတ်ဖုန်းများဟာ စွမ်းဆောင်ရည် အပိုင်းကို အဓိကထား ဖန်တီးထားပြီး ကင်မရာများကို အာရုံသိပ်မစိုက်ထားပါဘူး။ Black Shark 2 Pro မှာ ပိုမိုမြင့်တဲ့ Refresh Rate Screen ပါလာနိုင်ပါတယ်။

855 Plus နဲ့ မူလ 855 ရဲ့ အဓိက ကွာခြားချက်က GPU ပါ။ သူ့မှာ ပါတဲ့ Adreno 640 ရဲ့ Clocked Speed ဟာ ပိုမို မြင့်မားပြီး စွမ်းဆောင်ရည် ၁၅ ရာခိုင်နှုန်း ပိုတိုးတက်လာပါတယ်။ Kryo 485 CPU Core ဟာ 2.96GHz အထိ ရှိလာပါတယ်။ ယခင်မော်ဒယ်ဟာ 2.84GHz နဲ့ ၄ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။

Ref : droidholic

ဇူလိုင်လ ၃၀ ရက်မှာ တရုတ်တွင် ကြေညာမယ့် Xiaomi Black Shark 2 Pro

%d bloggers like this: