Google Pixel 3 များ အားသွင်းချိန်မှာ အပူလွန်ကဲမှု ဖြစ်ပွားနေ

စမတ်ဖုန်းများဟာ စင်းလုံးချော ကောင်းမွန်လေ့ မရှိပါဘူး။ သူတို့မှာ ဟာ့ဒ်ဝဲ သို့မဟုတ် ဆော့ဖ်ဝဲ ပြဿနာများ ပါလာတတ်ပါတယ်။ ဟာ့ဒ်ဝဲမှာ ပြဿနာ မပါရင်တောင် ဆော့ဖ်ဝဲများကို အမြဲ အသစ်များ ထုတ်ပေးနေတဲ့ အတွက် ဆော့ဖ်ဝဲများမှာ ပြဿနာများဟာ အမြဲလိုလို ပါလာနေကျဖြစ်ပါတယ်။ အခုလည်း Google Pixel 3 နဲ့ Pixel 3 XL စမတ်ဖုန်းများမှာ အားသွင်းတဲ့အခါတွင် အပူလွန်ကဲတဲ့ ပြဿနာများ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

User အချို့က အဲဒီ ပြဿနာကို သတင်းပေးပို့နေကြပါတယ်။ ပြဿနာ ဖြစ်ပွားနေတဲ့ ဖုန်းများကို ဂူဂယ်လ်က ဖုန်း အသစ်များနဲ့ လဲလှယ်ပေးနေတယ်လို့လည်း သတင်းထွက်နေပါတယ်။ အဲဒီ ပြဿနာဟာ ဖုန်းကို အားသွင်းနေစဉ် အသုံးပြုတဲ့ အခါမှာ ဖြစ်ပေါ်လာတာ ဖြစ်နိုင်ပါတယ်။ အချို့ကလည်း ဖုန်းကို Pixel Stand မှာ ကြိုးမဲ့ အားသွင်းနေရင်းကနေ Video Call သုံးခြင်း သို့မဟုတ် ဗီဒီယိုများ ကြည့်တဲ့ အခါမှာ ဖုန်းဟာ အပူလွန်ကဲလာပြီး ပိတ်သွားတယ်လို့ ပြောပါတယ်။

User တစ်ဦးက လဲလှယ်ပေးလိုုက်တဲ့ Pixel 3 အလုံးမှာ ဒီပြဿနာ မဖြစ်တော့ဘူးလို့ ပြောတဲ့ အတွက် ဒီပြဿနာဟာ အချို့ အလုံးများမှာသာ ဖြစ်ပွားနေတာ ဖြစ်ပြီး အများစုမှာ ဒီပြဿနာ မရှိပါဘူး။ Pixel နဲ့ Pixel 2 Device များမှာလည်း အပူလွန်ကဲတဲ့ ပြဿနာ ဖြစ်ပေါ်ခဲ့ဖူးပေမယ့် အခု ပြဿနာနဲ့ ကွာခြားပါတယ်။

Ref : gsmarena

Google Pixel 3 များ အားသွင်းချိန်မှာ အပူလွန်ကဲမှု ဖြစ်ပွားနေ

%d bloggers like this: