Huawei က Hongmeng OS ဟာ Android ကို အစားထိုးဖို့ မဟုတ်ဘူးလို့ ပြော

Huawei ရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌက Hongmeng ဟာ စမတ်ဖုန်းများအတွက် ဒီဇိုင်းထုတ်ထားတာ မဟုတ်ဘဲ Huawei ဟာ Android ကို ဆက်သုံးမယ်လို့ Belgium နိုင်ငံ Brussels မှ မီဒီယာတွေ့ဆုံပွဲမှာ ပြောပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က Huawei ရဲ့ Chairman Liang Hua က “ Huawei ဟာ အနာဂတ်မှာ Hongmeng ကို Smartphone Operating System အဖြစ် ဖန်တီးဖို့ မဆုံးဖြတ်ရသေးပါဘူး။ သူဟာ IoT Devices များအတွက် Latency နည်းပါးအောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ “ လို့ ပြောခဲ့ပါတယ်။ Chen ကတော့ သူ့ကို စီးပွားရေး လုပ်ငန်းသုံးဖို့ ဖန်တီးထားတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လက တရုတ်နဲ့ အမေရိကန်တို့ ကုန်သွယ်ရေးစစ်ပွဲရေချိန်မြင့်မားနေချိန်မှာ Huawei ရဲ့ စီအီးအို Richard Yu က Android ကို သုံးလို့မရတော့ဘူးဆိုရင် ကိုယ်ပိုင် OS တစ်ခု ဖန်တီးထားတယ်လို့ ပြောခဲ့ပါတယ်။ မကြာခင်ကတော့ အမေရိကန်အစိုးရက သူ့နိုင်ငံမှာ Huawei ရဲ့ထုတ်ကုန်များတင်သွင်းခြင်းကို ပိတ်ပင်မယ်လို့ ကြေညာလိုက်ပါတယ်။ Google ကလည်း Android OS ကို ပိတ်ပင်မယ်လို့ ပြောခဲ့ပါတယ်။ Huawei ရဲ့ စမတ်ဖုန်းသန်းပေါင်းများစွာဟာလည်း Software Updates များကို ရရှိတော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့် မကြာခင်က ပြုလုပ်ခဲ့တဲ့ G20 Summit မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ကုမ္ပဏီများနဲ့ Huawei အား ပြန်လည် အလုပ်လုပ်ခွင့်ပေးလိုက်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအတွက် ဟွာဝေးဟာ ဂူဂယ်လ်ရဲ့ Android OS ကို ဆက် အသုံးပြုလို့ရလာနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။ ဒါပေမယ့်လည်း ဟွာဝေးက Hongmeng OS ကို ဆက်လက် တိုးတက်အောင် ဖန်တီးမယ်လို့ သတင်းထွက်ခဲ့တာပါ။

Ref : theverge

Huawei က Hongmeng OS ဟာ Android ကို အစားထိုးဖို့ မဟုတ်ဘူးလို့ ပြော

%d bloggers like this: