



Ref : gsmarena

[Unicode]

Asus ROG Phone 2 ရဲ့ Specs Sheet ထွက်ပေါ်လာ

Asus ROG Phone 2 ဟာ Snapdragon 855 Plus ပါမယ့် ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ အခုတော့ သူ့ကို တရုတ်ဆက်သွယ်ရေး ကော်မရှင် (TENAA) မှာ မှတ်ပုံတင်လိုက်ပါတယ်။ မော်ဒယ် လေးမျိုးကို မှတ်ပုံတင်ထားပါတယ်။ ယခင်နှစ်မော်ဒယ်ရဲ့ ဒီဇိုင်းကို အနည်းငယ် ဆန်းသစ်ထားပါတယ်။

မှတ်ပုံတင်ထားမှုအရ သူ့မှာ ၆.၅၉ လက်မ 18:9 Display ထည့်သွင်းထားပြီး 120Hz Refresh Rate ဖြစ်ပါတယ်။ စကရင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များဟာ အရမ်းကို ပါးလွှာပါတယ်။ စတီရီယို စပီကာ နှစ်လုံး ပါပါတယ်။ အနောက်ဘက်မှာ Physical Fingerprint Reader မပါတဲ့ အတွက် မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာမှာပါ။ အနောက်ဘက်မှာ Dual-LED Flash ထည့်ထားပါတယ်။

ဘက်ထရီက 5800mAh ပါတဲ့ အတွက် အချိန်ကြာမြင့်စွာ ဂိမ်းများ ကစားနိုင်ပါတယ်။ 30W Fast Charger ပါမယ်လို့ ထင်ရပါတယ်။ လာမယ့် ၂၃ ရက်မှာ သူ့ကို တရားဝင်ကြေညာတော့မှာ ဖြစ်ပါတယ်။ Tencent ရဲ့ Under One Person Game ကို အဲဒီ စမတ်ဖုန်းမှာ ချောမွတ်စွာ ကစားနိုင်အောင်လည်း ကုမ္ပဏီနှစ်ခု ပူးပေါင်းဖန်တီးနေတယ်လို့ ကြေညာထားပါတယ်။ အဲဒီ ဂိမ်းဟာ ASUS ROG Phone 2 မှ 120Hz Display ရဲ့ အားသာချက်ကို အကောင်းဆုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 120Hz Display နဲ့ အကောင်းဆုံး တွဲဖက် ကစားနိုင်မယ့် အခြား ဂိမ်းများကိုလည်း စီစဉ်နေပါတယ်။

Ref : gsmarena

%d bloggers like this: