Snapdragon 855 Plus နဲ့ အဆင့်မြှင့်မယ့် Nubia Red Magic 3

Qualcomm မကြာခင်ကမှ ကြေညာလိုက်တဲ့ Snapdragon 855 Plus Chipset ပါမယ့် ပထမဆုံး စမတ်ဖုန်းဟာ ROG Phone II ဖြစ်မယ်လို့ Asus က ကြေညာထားပါတယ်။ 855 Plus Chipset အသစ်နဲ့ မူလ 855 ရဲ့ အဓိက ကွာခြားချက်က GPU ပါ။ သူ့မှာ ပါတဲ့ Adreno 640 ရဲ့ Clocked Speed ဟာ ပိုမို မြင့်မားပြီး စွမ်းဆောင်ရည် ၁၅ ရာခိုင်နှုန်း ပိုတိုးတက်လာပါတယ်။ Kryo 485 CPU Core ဟာ 2.96GHz အထိ ရှိလာပါတယ်။ ယခင်မော်ဒယ်ဟာ 2.84GHz နဲ့ ၄ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။

အခုတော့ သူ့ရဲ့ ပြိုင်ဖက် Gaming Phone တွေကလည်း Snapdragon 855 Plus ကို အသုံးပြုတော့မှာပါ။ Nubia က သူ လက်ရှိရောင်းချထားတဲ့ Red Magic 3 ကို Snapdragon 855 Plus နဲ့ အဆင့်မြှင့်မယ်လို့ ဝီဘိုကနေ ကြေညာလိုက်ပါတယ်။ ရောင်းချမယ့် အချိန်ကိုတော့ ကုမ္ပဏီက မပြောသေးပါဘူး။

Gaming Phone များအပြင် အခြား စမတ်ဖုန်းများမှာလည်း Snapdragon 855 Plus ကို အသုံးပြုဖို့ တာဆူနေကြပါတယ်။ SD855 Plus ကို ကြေညာပြီး မကြာခင်မှာပဲ Redmi ရဲ့ အထွေထွေ မန်နေဂျာ ဖြစ်သူ Lu Weibing က ဒီနှစ်နှောင်းပိုင်းမှာ SD855 Plus ပါတဲ့ Redmi Phone ကို ကြေညာမယ်လို့ ဝီဘိုမှာ အရိပ်အမြွက် ပြောခဲ့ပါတယ်။ 855 Plus ကို Xiaomi Mi Mix 4 မှာလည်း ထည့်ထားမယ်လို့ သတင်းထွက်လာပါတယ်။ Realme ကလည်း 855 Plus ကို ကြိုဆိုတဲ့ အကြောင်းကို ဝီဘိုမှာ ပို့စ်တင်ထားပါတယ်။

Ref : gsmarena

Snapdragon 855 Plus နဲ့ အဆင့်မြှင့်မယ့် Nubia Red Magic 3

%d bloggers like this: