ဒီလကုန်မှာ GPU Turbo 3.0 ရရှိမယ့် Huawei ရဲ့ ဖုန်းများ

Huawei က P30 Pro မှာ GPU Turbo 3.0 ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်က ဂိမ်းများ ကစားရင် အလွန် ချောမွတ် မြန်ဆန်စေပါတယ်။ ပရော်ဆက်ဆာရဲ့ စွမ်းအင် စားသုံးမှုကို ၁၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ အခုတော့ Huawei က GPU Turbo 3.0 ကို ဒီလကုန်မှာ ရရှိမယ့် စမတ်ဖုန်းစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဲဒီအထဲမှာ P30 Lite, P20 Lite, Nova 3i နဲ့ Huawei Y9 များ ပါဝင်ပါတယ်။ GPU Turbo 3.0 က ထောက်ပံံ့ပေးနိုင်တဲ့ ဂိမ်းစာရင်းကိုလည်း ထုတ်ပြန်ထားပါတယ်။ အဲဒီအထဲမှာ Fortnite, Knives Out, Battle Bay, Crazy Taxi, Real Racing 3, Into the Dead 2, NBA 2K19, Dragon Nest M, Duel Links, PES2019, DRAGON, BALL LEGENDS, FIFA Mobile, Free Fire, Minecraft, Helix, Plants vs. Zombie Heroes, Subway Surfers, Brawl Stars, Speed Drifters, Mobile Legends: Bang Bang, Vainglory, Arena of Valor, Rules of Survival, NBA 2K18 တို့ ပါဝင်ပါတယ်။

P30 Lite, P20 Lite, Nova 3i နဲ့ Huawei Y9 များဟာ EROFS (Extendable Read-Only File System) ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ သူ့ကိုလည်း Huawei P30 Pro မှာသာ ထည့်သွင်းထားတာပါ။ ဒီစနစ်အသစ်က Read Speed ကို ၂၀ ရာခိုင်နှုန်း တိုးတက်စေပြီး System Storage ကို 2GB ကျော် သက်သာစေပါတယ်။ အထက်ပါ လုပ်ဆောင်ချက်များကို Firmware Update နဲ့ ထည့်သွင်းပေးမှာပါ။

Ref : gsmarena

ဒီလကုန်မှာ GPU Turbo 3.0 ရရှိမယ့် Huawei ရဲ့ ဖုန်းများ

%d bloggers like this: