0 Shares 16 Views

ကျန်းမာရေးအတွက် အထောက်အကူပြုမယ့် Samsung ရဲ့ စမတ်ခါးပတ် ‘Welt’

Jan 11, 2016
0 16

welt-smart-belt-samsung-ces-2016-2_2.0

ယခုနှစ် CES ပြပွဲမှာ Samsung ဟာ ၀တ်ဆင်လို့ ရတဲ့နည်းပညာပစ္စည်းအသစ်တစ်မျိုးဖြစ်တဲ့ စမတ်ခါးပတ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။

ဒီခါးပတ်ဟာ သာမန်ခါးပတ်ပုံစံအတိုင်း ခွဲမရအောင်တူပေမယ့် ခါးပတ်ခေါင်းအနောက်မှာ အာရုံခံကိရိယာတွေထည့်သွင်းတပ်ဆင်ထားပြီး ခါးပတ်ထိပ် တစ်ဖက်မှာလည်း အားသွင်းဖို့ အတွက် micro USB အပေါက်တစ်ပေါက် ပါဝင်ပါတယ်။

Welt လို့ အမည်ပေးထားတဲ့ ကျန်းမာရေးအတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဒီစမတ်ခါးပတ်ကို Samsung ရဲ့ Creative Lab က ၀န်ထမ်းသုံးဦးက တီထွင်ထုတ်လုပ်ထားတာဖြစ်ပြီး ဒီ စမတ်ခါးပတ်ဟာ ရှေ့ ပြေးပုံစံတစ်ခုဖြစ်ပေမယ့် စတိုင်ကျခေတ်မီသလို၊ နည်းပညာပိုင်းအရ အသုံးဝင်တာကိုလည်း တွေ့ ရပါတယ်။

The Welt စမတ်ခါးပတ်ကို စမတ်ဖုန်း app တစ်ခုနဲ့ ချိတ်ဆက်ကာ မိမိရဲ့ခါးဆိုက်ပြောင်းလဲမှုကို ချက်ချင်းတွက်ချက်နိုင်ပါတယ်။ ခါးဆိုက်အရွယ်အစားဟာ လူတစ်ယောက်ရဲ့ကျန်းမာရေးအတွက်အရေးကြီးတဲ့လက္ခဏာတစ်ခုဖြစ်ပြီး ခါးဆိုက်ပမာဏမြင့်လေ နှလုံးရောဂါဖြစ်နိုင်ခြေ၊ ဆီးချိုအမျိုးအစား (၂) ဖြစ်နိုင်ခြေ နဲ့ ကင်ဆာဖြစ်နိုင်ခြေတို့ မြင့်မားလေဖြစ်ပါတယ်။

ဒီ့အပြင် တစ်နေ့ တာအတွင်း မိမိလျှောက်လှမ်းခဲ့တဲ့ခြေလှမ်းအရေအတွက်ကိုလည်း ခါးပတ်ကနေတဆင့် စမတ်ဖုန်းက မှတ်သားရေတွက်ထားပေးနိုင်ပြီး အချိန်ဘယ်လောက်ကြာကြာ ထိုင်နေလည်းဆိုတာကို မှတ်သားပေးထားနိုင်ပါတယ်။ ၀တ်ဆင်ထားသူရဲ့ စားသောက်မှုပမာဏကိုလည်း တွက်ချက်ပေးနိုင်ပြီး လိုအပ်တဲ့ပမာဏထက်ပိုစားမိပါက ခါးပတ်က အလိုလိုတင်းလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

Creative Lab က ထုတ်လုပ်တဲ့ပစ္စည်းဖြစ်တာကြောင့်၊ ဒီစမတ်ခါးပတ်ရဲ့ဈေးနှုန်းနဲ့ ဘယ်တော့ဝယ်ယူရရှိနိုင်မလဲဆိုတာကို ထုတ်ပြန်ကြေငြာခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် မကြာမီအချိန်အတွင်းမှာ ဒီစမတ်ခါးပတ်ကို ဈေးကွက်ဝင်ပစ္စည်းအဖြစ် ထုတ်လုပ်ဖို့ စဉ်းစားနေကြောင်း Welt စမတ်ခါးပတ်ကို တီထွင်ခဲ့တဲ့အဖွဲ့ က ပြောကြားခဲ့ပါတယ်။

Ref: The Verge

 

 

You may be interested

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????
Vivo
0 shares0 views

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????

Nwe Oo - Nov 25, 2017

Vivo V7 ဖုန်းတွေကို မြန်မာနိုင်ငံဈေးကွက်ထဲ နိုဝင်ဘာလတတိယပတ်ကစပြီး ဖြန့်လိုက်ပါပြီ။ V7+ ထက်တော့ ဈေးနည်းပေမယ့် သုံးရတဲ့ experience တွေကတော့ V7+ နဲ့ V7 တူတူလောက်ပါပဲ။ ဈေးနှုန်းလျော့သွားတယ်ဆိုတော့ ဒါ ဈေးကွက်မှာ အပြိုင်နေရာယူတော့မယ့်ပုံစံပါပဲ။ သုံးရတာချင်းသိပ်မကွာဘူး ဈေးနှုန်းကျကွာသွားတယ်ဆိုတော့ V7…

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos
NEWS
0 shares17 views

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos

Ko Thuya - Nov 25, 2017

Jeff Bezos ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူဟာ အမေဇုန် အွန်လိုင်းစတိုးဆိုင်ကို တည်ထောင်သူဖြစ်ပြီး စတော့ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၉၃.၆ ဘီလီယမ် တန်ကြေးရှိတဲ့ အမေဇုန်ရဲ့ စတော့ရှယ်ယာပေါင်း…

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
93 shares15 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

Leave a Comment

Most from this category