Snapdragon 855 Plus ရမယ့် ပထမဆုံး ဖုန်းဟာ Asus ROG Phone II ဖြစ်မည်

Qualcomm မကြာခင်ကမှ ကြေညာလိုက်တဲ့ Snapdragon 855 Plus Chipset ပါမယ့် ပထမဆုံး စမတ်ဖုန်းဟာ ROG Phone II ဖြစ်မယ်လို့ Asus က ကြေညာလိုက်ပါတယ်။ 855 Plus Chipset အသစ်နဲ့ မူလ 855 ရဲ့ အဓိက ကွာခြားချက်က GPU ပါ။ သူ့မှာ ပါတဲ့ Adreno 640 ရဲ့ Clocked Speed ဟာ ပိုမို မြင့်မားပြီး စွမ်းဆောင်ရည် ၁၅ ရာခိုင်နှုန်း ပိုတိုးတက်လာပါတယ်။ Kryo 485 CPU Core ဟာ 2.96GHz အထိ ရှိလာပါတယ်။ ယခင်မော်ဒယ်ဟာ 2.84GHz နဲ့ ၄ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။

Asus က တရုတ်မှာ ဇူလိုင်လ ၂၃ ရက်တွင် ROG Phone 2 ကို မိတ်ဆက်မယ်လို့ ဒီလ အစောပိုင်းက ကြေညာထားပါတယ်။ သူ့ကို မော်ဒယ်နှစ်ခု ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။ အခြေခံ မော်ဒယ်ကို ၆၃၅ ဒေါ်လာနဲ့ ရောင်းချနိုင်ပါတယ်။

Gaming Phone နယ်ပယ်မှာ Refresh Rate မြင့်မားတဲ့ Display များကို အသုံးပြုလာကြပါတယ်။ ပြီးခဲ့တဲ့နှစ်ထုတ် ASUS ROG Phone မှာ 90Hz Display ပါလာပါတယ်။ အခုတော့ ဒီနှစ်မှာ ထွက်မယ့် ASUS ROG Phone 2 မှာ 120Hz Display ပါမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒီအတိုင်းသာဆိုရင် သူဟာ OnePlus 7 Pro ရဲ့ 90Hz ထက်သာသွားပြီး Razer Phone 2 နဲ့ တူသွားမှာ ဖြစ်ပါတယ်။

ASUS ROG Phone 2 မှာ 120Hz Display ပါမယ်ဆိုတဲ့ သတင်းကို ကုမ္ပဏီက ဝီဘိုအကောင့်ကနေ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ Tencent ရဲ့ Under One Person Game ကို အဲဒီ စမတ်ဖုန်းမှာ ချောမွတ်စွာ ကစားနိုင်အောင်လည်း ကုမ္ပဏီနှစ်ခု ပူးပေါင်းဖန်တီးနေတယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ ဂိမ်းဟာ ASUS ROG Phone 2 မှ 120Hz Display ရဲ့ အားသာချက်ကို အကောင်းဆုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena

Snapdragon 855 Plus ရမယ့် ပထမဆုံး ဖုန်းဟာ Asus ROG Phone II ဖြစ်မည်

%d bloggers like this: