Honor 9X ကို ဇူလိုင္လ ၂၃ ရက္မွာ ေၾကညာမည္

Honor 9X ကို ဇူလိုင္လ ၂၃ ရက္မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Teaser Video တစ္ခုရဲ႕ အဆံုးမွာ ေၾကညာမယ့္ေန႔ကို ျပသထားပါတယ္။ အဲဒီေန႔မွာ Honor 9X နဲ႔အတူ Honor 9X Pro ကိုလည္း ေၾကညာႏုိင္ပါတယ္။ ဗီဒီယိုမွာ Honor Series မ်ားထြက္ရွိခဲ့တဲ့ ခုႏွစ္မ်ားကိုလည္း ျပသထားပါတယ္။

Honor 9X နဲ႔ 9X Pro တို႔ဟာ ဒီဇိုင္း သာမက Pop-up Selfie Cameras မ်ားပါလာမွာက တူညီပါတယ္။ ဒါေပမယ့္ ပရိုေမာ္ဒယ္မွာ ပိုႀကီးတဲ့ မ်က္ႏွာျပင္၊ အေနာက္ကင္မရာ သံုးလံုးနဲ႔ နားၾကပ္ေပါက္မ်ား ပါလာမွာပါ။

ယခင္ေပါက္ၾကားခဲ့ဖူးတဲ့ သတင္းမ်ားအရ Honor 9X Pro မွာ 48MP Sony IMX582 Main Camera , 8MP Wide Angle Camera နဲ႔ 2MP Depth Camera မ်ား ပါလာမွာပါ။ မ်က္ႏွာျပင္ အရြယ္အစားက ၆.၅ နဲ႔ ၆.၇ လက္မ အၾကားရွိမွာပါ။ အေရွ႕နဲ႔ အေနာက္ကို ဖန္နဲ႔ အုပ္ထားမွာပါ။ Kirin 810 ေမာင္းႏွင္မွာပါ။ 25MP Selfie Camera, 4000mAh Battery မ်ား ပါလာမွာပါ။

Honor 9X မွာ 7nm Process နဲ႔ တည္ေဆာက္ထားတဲ့ Kirin 810 SoC ပါလာမယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။ Kirin 810 ကို လြန္ခဲ့တဲ့ ႏွစ္ပတ္က တရား၀င္ ေၾကညာထားတာ ျဖစ္ၿပီး Octa-core CPU ပါပါတယ္။ 1.88GHz Cortex-A55 Core ေျခာက္လံုးနဲ႔ စြမ္းေဆာင္ရည္ျမင့္ 2.27GHz Cortex-A76 Core ႏွစ္လံုုး ပါပါတယ္။

Kirin 810 မွာ Kirin 710 SoC ထက္ ၁၆၂ ရာခိုင္ႏႈန္း ပိုမို စြမ္းေဆာင္ရည္ျမင့္မားတယ္လို႔ ကုမၸဏီက ေျပာတဲ့ Mali-G52 MP6 GPU ထည့္သြင္းထားပါတယ္။ Honor 9X ဟာ စြမ္းေဆာင္ရည္သင့္ အမ်ိဳးအစား ျဖစ္ပါတယ္။ Honor CEO George Zhao က Honor 9X Series မ်ား ကို ဇူလိုင္လ ၂၃ ရက္တြင္ တရုတ္မွာ ေၾကညာမယ္လို႔ အတည္ျပဳထားပါတယ္။

Ref : gsmarena

[Unicode]

Honor 9X ကို ဇူလိုင်လ ၂၃ ရက်မှာ ကြေညာမည်

Honor 9X ကို ဇူလိုင်လ ၂၃ ရက်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ Teaser Video တစ်ခုရဲ့ အဆုံးမှာ ကြေညာမယ့်နေ့ကို ပြသထားပါတယ်။ အဲဒီနေ့မှာ Honor 9X နဲ့အတူ Honor 9X Pro ကိုလည်း ကြေညာနိုင်ပါတယ်။ ဗီဒီယိုမှာ Honor Series များထွက်ရှိခဲ့တဲ့ ခုနှစ်များကိုလည်း ပြသထားပါတယ်။

Honor 9X နဲ့ 9X Pro တို့ဟာ ဒီဇိုင်း သာမက Pop-up Selfie Cameras များပါလာမှာက တူညီပါတယ်။ ဒါပေမယ့် ပရိုမော်ဒယ်မှာ ပိုကြီးတဲ့ မျက်နှာပြင်၊ အနောက်ကင်မရာ သုံးလုံးနဲ့ နားကြပ်ပေါက်များ ပါလာမှာပါ။

ယခင်ပေါက်ကြားခဲ့ဖူးတဲ့ သတင်းများအရ Honor 9X Pro မှာ 48MP Sony IMX582 Main Camera , 8MP Wide Angle Camera နဲ့ 2MP Depth Camera များ ပါလာမှာပါ။ မျက်နှာပြင် အရွယ်အစားက ၆.၅ နဲ့ ၆.၇ လက်မ အကြားရှိမှာပါ။ အရှေ့နဲ့ အနောက်ကို ဖန်နဲ့ အုပ်ထားမှာပါ။ Kirin 810 မောင်းနှင်မှာပါ။ 25MP Selfie Camera, 4000mAh Battery များ ပါလာမှာပါ။

Honor 9X မှာ 7nm Process နဲ့ တည်ဆောက်ထားတဲ့ Kirin 810 SoC ပါလာမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ Kirin 810 ကို လွန်ခဲ့တဲ့ နှစ်ပတ်က တရားဝင် ကြေညာထားတာ ဖြစ်ပြီး Octa-core CPU ပါပါတယ်။ 1.88GHz Cortex-A55 Core ခြောက်လုံးနဲ့ စွမ်းဆောင်ရည်မြင့် 2.27GHz Cortex-A76 Core နှစ်လုံး ပါပါတယ်။

Kirin 810 မှာ Kirin 710 SoC ထက် ၁၆၂ ရာခိုင်နှုန်း ပိုမို စွမ်းဆောင်ရည်မြင့်မားတယ်လို့ ကုမ္ပဏီက ပြောတဲ့ Mali-G52 MP6 GPU ထည့်သွင်းထားပါတယ်။ Honor 9X ဟာ စွမ်းဆောင်ရည်သင့် အမျိုးအစား ဖြစ်ပါတယ်။ Honor CEO George Zhao က Honor 9X Series များ ကို ဇူလိုင်လ ၂၃ ရက်တွင် တရုတ်မှာ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။

Ref : gsmarena

%d bloggers like this: