Window ကွန်ပျူတာများအတွက် အသုံးဝင်မယ့် Shortcuts များ

ကျွန်တော့်အနေနဲ့ ကွန်ပျူတာသုံးတာကိုသင်ယူနေတဲ့သူတွေ၊ ကွန်ပျူတာနဲ့အလုပ်လုပ်နေတဲ့သူတွေအတွက် လျှင်မြန်လွယ်ကူစေမယ့် Shortcuts လေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။ Shortcuts တွေကိုအသုံးပြုတာဟာ တကယ်တမ်းကျတော့ ထင်သလောက်မခက်ခဲပါဘူး။ Mouse ကိုတကူးတက လှမ်းမကိုင်ချင်တော့တဲ့အခါ၊ Mouse ကိုကိုင်လောက်အောင်အချိန်မပေးနိုင်တော့တဲ့အခါကျရင် Shortcuts ကီးတွေဟာ အရမ်းအလုပ်ဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် အလုပ်တွေကို မြန်မြန်ဆန်ဆန်ပြီးမြောက်စေမယ့် Shortcut တွေကို ကြည့်ရင်းလက်တွေ့ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

Shortcut တွေကိုအသုံးပြုတာဟာ တကယ်တမ်းကျတော့ Control လို့ခေါ်တဲ့ Ctrl ကီးရယ်၊ အောလ်တား (Alternate) လို့ခေါ်တဲ့ Alt ကီးရယ်၊ Shift ကီးရယ် နဲ့ Window ကီး လေးမျိုးကိုပဲအခြေခံအသုံးပြုတာပဲ ဖြစ်ပါတယ်။

မသိမဖြစ်သိထားရမယ့် Shortcut များ

  • Ctrl + C : ဟိုက်လိုက်လုပ်ထားသည်များကို Copy ကူး
  • Ctrl + X : ဟိုက်လိုက်လုပ်ထားသည်များကို ဖြတ်တောက်ပြီးကူး
  • Ctrl + V : Copy ကူးထားသော၊ ဖြတ်တောက်ထားသော စာသား၊ ဖိုင် စသည်တို့ကို Paste လုပ်
  • Ctrl + Z : ပြောင်းလဲသွားသည်များ၏ရှေ့ကိုပြန်သွား
  • Ctrl + Y : ပြောင်းလဲခဲ့သည်များကိုပြန်သွား
  • Ctrl + F : ရှာဖွေခြင်းပြုလုပ်နိုင်
  • Ctrl + S : Save လုပ်
  • Ctrl + A : Page တစ်ခုလုံးကို Select လုပ်
  • Ctrl + O : File တစ်ခုကို ဖွင့်
  • Alt + Tab : ဖွင့်ထားတဲ့ Program များကိုပြောင်းလဲရွေးချယ်နိုင်
  • Ctrl + Tab : ဖွင့်ထားတဲ့ Program ထဲက Tab များကို ရှေ့သို့သွား
  • Ctrl + Shift + Tab : ဖွင့်ထားတဲ့ Program ထဲက Tab များကို နောက်သို့သွား
  • Ctrl + ► (or) Ctrl + ◄ : စကားစုတစ်စုနဲ့ တစ်စုကြားသွားနိုင်
  • Shift + ► (or) Shift + ◄ : စာတစ်လုံးချင်းစီကို Select ပေးနိုင်
  • Ctrl + Shift + ► (or) Ctrl + Shift + ◄: စာလုံးတစ်လုံးကို Select ပေးနိုင်

ဖိုင်များကို Copy ကူးရန်အတွက် Ctrl ကီးကိုဖိထားပြီး ကူးလိုတဲ့ဖိုင်ရှိတဲ့ Folder ထဲက ဖိုင်ကို တခြား Folder တစ်ခုကိုဆွဲထည့်လိုက်ရင်ရပါပြီ။ အဲ့ဒါတွေအပြင် ဒီအောက်မှပြထားတဲ့ ဇယားထဲမှာလည်း ကီးတွေကို ထပ်မံလေ့လာနိုင်ပါသေးတယ်။

Computer keyboard shortcut keys

Window System ပေါင်းစပ်ကီးများ

  • F1: ကိုအကူအညီရယူဖို့သုံးနိုင်
  • F2 : ဖိုင်တွေကိုနာမည်ပေးနိုင်
  • F4 : ရှာဖွေရေး Tools (Same with Ctrl + F)
  • F5: လက်ရှိဖွင့်ထားတဲ့ Window ကို Refreshes လုပ်
  • Alt + Tab : ဖွင့်ထားတဲ့ Program တွေကိုရွေးချယ်နိုင်
  • Alt + F4 : ပရိုဂရမ်တစ်ခုလုံးကိုပိတ်
  • Shift + Delee: အပြီးတိုင်ဖျက်
  • Window + L : ကွန်ပျူတာကို Lock လုပ်

Window Program ပေါင်းစပ်ကီးများ

ဒီကီးတွေမှာလည်း အပေါ်မှာဖော်ပြခဲ့တဲ့ မသိမဖြစ်သိထားရမယ့်ကီးများထဲက အကုန်လုံးလိုလိုပါဝင်ပြီး ထပ်တိုးအနေနဲ့

  • Ctrl + B : Select လုပ်ထားသော စကားလုံးများကို Bold လုပ်နိုင်
  • Ctrl + U : Select လုပ်ထားသော စကားလုံးများကို Underline လုပ်နိုင်
  • Ctrl + I : Select လုပ်ထားသော စကားလုံးများကို Italic လုပ်နိုင်
  • Ctrl + A: Page တစ်ခုလုံးကို Select လုပ်

Browser ကီးများ

  • Browser တွေမှာလည်း ကျွန်တော်တို့အနေနဲ့ Shortcut တွေသုံးလို့ရပါသေးတယ်။
  • Ctrl + J : Download လုပ်ထားတဲ့စာရင်းကိုပြသ
  • Ctrl + H : Browser ရဲ့ History ကိုပြသ
  • Ctrl + T : New Tab ဖွင့်
  • Ctrl + Shift + T : ပိတ်ခဲ့သော Instant Tab ကိုပြန်လည်ပြသ
  • Ctrl + N : New Browser Window
  • Ctrl + Shift + N : New Incognito Browser Window
  • Ctrl + P : Print လုပ်

အထွေထွေအမိန့်ပေးကီးများ

  • Ctrl + Shift+ Esc : Windows Task Manager ကိုဖွင့်
  • Alt + F4 : လက်ရှိ Window တစ်ခုလုံးကိုပိတ်
  • Ctrl + F4 : လက်ရှိ Multiple Document Interface (MDI) ကိုပိတ်
  • Shift + Delete : အပြီးတိုင်ဖျက်သိမ်း
  • Alt + Enter : Select လုပ်ထားသော File/Folder ၏ Properties ကိုပြသပေး

Microsoft Natural ကီးဘုတ်ကီးများ

  • Windows Logo : Start Menu
  • Window Logo + R : Dialog Box ကိုဖွင့်ခြင်း
  • Window Logo + M : Window အားလုံးကို Minimize လုပ်
  • Window Logo + Shift + M : Window အားလုံးကို Undo Minimize လုပ်
  • Window Logo + F1 : Help
  • Window Logo + E : Window Explorer ကိုဖွင့်

ကဲကျွန်တော့်အနေနဲ့ ပရိတ်သတ်ကြီးအတွက် Windows ကွန်ပျူတာတွေအတွက်အသုံးဝင်နိုင်စေမယ့် Shortcuts ကီးတွေကို သိနိုင်အောင် အတတ်နိုင်ဆုံး စုံစုံလင်လင်တင်ပြထားပေးပြီးပါပြီ။ ဒီ Shortcuts တွေက သင့်ကို လုပ်ငန်းခွင်မှာ ကျောင်းမှာ အများကြီးအထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ တကယ်အသုံးဝင်နိုင်တယ်ဆိုရင်တော့ ဒီ Article ရှိတဲ့ Facebook Post ကို မိမိကိုယ်တိုင်လည်းအချိန်မရွေးပြန်ကြည့်နိုင်အောင်၊ မိတ်ဆွေသူငယ်ချင်းတွေလည်း ဗဟုသုတတိုးပွားနိုင်အောင် Share လုပ်သွားနိုင်ပါတယ်။

Ref: https://support.microsoft.com, Computer Hope

 

 

%d bloggers like this: