အစားအစာမ်ား ပို႔ေဆာင္ေပးမယ့္ Rev-1 Delivery Robot

ကုန္ပစၥည္းနဲ႔ အစားအစာမ်ား သယ္ယူပို႔ေဆာင္ေပးတဲ့ စက္ရုပ္မ်ားစြာကို ျမင္ေတြ႕ခဲ့ၾကၿပီးပါၿပီ။ Starship Technologies , FedEx, Amazon တို႔ရဲ႕ Delivery Robot မ်ားရဲ႕ သတင္းမ်ားကို ဖတ္ခဲ့ၾကၿပီးပါၿပီ။ အခုလည္း ေနာက္ထပ္ စက္ရုပ္တစ္ခုကို အေမရိကန္ ကုမၸဏီငယ္ Refraction A.I က ျပသလိုက္ပါတယ္။ သူ႔ရဲ႕ အမည္က Rev-1 ျဖစ္ၿပီး မီခ်ီဂန္ တကၠသိုလ္မွ ပါေမာကၡ Matthew Johnson-Roberson နဲ႔ Ram Vasudevan က တီထြင္ထားတာ ျဖစ္ပါတယ္။

သူ႔မွာ ကင္မရာ ၁၂ လံုး ၊ ေရဒါနဲ႔ Ultrasound Sensors မ်ား ပါပါတယ္။ သူဟာ ေပါင္ ၁၀၀ အေလးခ်ိန္ရွိၿပီး တစ္နာရီလွ်င္ ၁၅ မိုင္ႏႈန္းအထိ အျမင့္ဆံုး ေမာင္းနွင္ႏိုင္ပါတယ္။ တီထြင္သူမ်ားက စက္ရုပ္ဟာ ေသးငယ္ေပါ့ပါးၿပီး စက္ဘီးသြားတဲ့ လမ္းမွာေတာင္ သြားလာႏုိင္တယ္လို႔ ေျပာပါတယ္။ ရာသီဥတု ဆိုးရြားတဲ့ ဒဏ္ကိုလည္း အံတုသြားလာႏုိင္ပါတယ္။

သူ႔ရဲ႕ ထူးျခားခ်က္က ဘီး ၃ ဘီးသာ ပါတာပါ။ အျခား Delivery Robots မ်ားမွာ ဘီး ၄ ခု ထည့္သြင္းထားၾကပါတယ္။ သူ႔မွာ ကုန္ပစၥည္းထည့္တဲ့ အခန္းငယ္ပါၿပီး ကုန္ပစၥည္းထည့္တဲ့ အခန္းဟာ ၁၆ ကုဗေပ က်ယ္၀န္းပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုက အျခား Delivery Robot မ်ားနဲ႔ တူပါတယ္။ စားသံုးသူက ကုန္ပစၥည္းမ်ား မွာယူတဲ့ အခါမွာ ကုမၸဏီက စားသံုးသူရဲ႕ ဖုန္းကို တစ္ခါသံုးကုဒ္ပို႔ေပးမွာပါ။ စက္ရုပ္ေရာက္လာတဲ့ အခါမွာ တစ္ခါသံုးကုဒ္နဲ႔ အခန္းကို ဖြင့္ၿပီး ကုန္ပစၥည္းကို ရယူရမွာ ျဖစ္ပါတယ္။ ကုမၸဏီက အေစာပိုင္း စမ္းသပ္မႈ အေနနဲ႔ စားေသာက္ဆိုင္မ်ားမွ အစားအစာမ်ားကို ပို႔ေဆာင္ေပးမွာပါ။

Ref : digitaltrends

[Unicode]

အစားအစာများ ပို့ဆောင်ပေးမယ့် Rev-1 Delivery Robot

ကုန်ပစ္စည်းနဲ့ အစားအစာများ သယ်ယူပို့ဆောင်ပေးတဲ့ စက်ရုပ်များစွာကို မြင်တွေ့ခဲ့ကြပြီးပါပြီ။ Starship Technologies , FedEx, Amazon တို့ရဲ့ Delivery Robot များရဲ့ သတင်းများကို ဖတ်ခဲ့ကြပြီးပါပြီ။ အခုလည်း နောက်ထပ် စက်ရုပ်တစ်ခုကို အမေရိကန် ကုမ္ပဏီငယ် Refraction A.I က ပြသလိုက်ပါတယ်။ သူ့ရဲ့ အမည်က Rev-1 ဖြစ်ပြီး မီချီဂန် တက္ကသိုလ်မှ ပါမောက္ခ Matthew Johnson-Roberson နဲ့ Ram Vasudevan က တီထွင်ထားတာ ဖြစ်ပါတယ်။

သူ့မှာ ကင်မရာ ၁၂ လုံး ၊ ရေဒါနဲ့ Ultrasound Sensors များ ပါပါတယ်။ သူဟာ ပေါင် ၁၀၀ အလေးချိန်ရှိပြီး တစ်နာရီလျှင် ၁၅ မိုင်နှုန်းအထိ အမြင့်ဆုံး မောင်းနှင်နိုင်ပါတယ်။ တီထွင်သူများက စက်ရုပ်ဟာ သေးငယ်ပေါ့ပါးပြီး စက်ဘီးသွားတဲ့ လမ်းမှာတောင် သွားလာနိုင်တယ်လို့ ပြောပါတယ်။ ရာသီဥတု ဆိုးရွားတဲ့ ဒဏ်ကိုလည်း အံတုသွားလာနိုင်ပါတယ်။

သူ့ရဲ့ ထူးခြားချက်က ဘီး ၃ ဘီးသာ ပါတာပါ။ အခြား Delivery Robots များမှာ ဘီး ၄ ခု ထည့်သွင်းထားကြပါတယ်။ သူ့မှာ ကုန်ပစ္စည်းထည့်တဲ့ အခန်းငယ်ပါပြီး ကုန်ပစ္စည်းထည့်တဲ့ အခန်းဟာ ၁၆ ကုဗပေ ကျယ်ဝန်းပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံက အခြား Delivery Robot များနဲ့ တူပါတယ်။ စားသုံးသူက ကုန်ပစ္စည်းများ မှာယူတဲ့ အခါမှာ ကုမ္ပဏီက စားသုံးသူရဲ့ ဖုန်းကို တစ်ခါသုံးကုဒ်ပို့ပေးမှာပါ။ စက်ရုပ်ရောက်လာတဲ့ အခါမှာ တစ်ခါသုံးကုဒ်နဲ့ အခန်းကို ဖွင့်ပြီး ကုန်ပစ္စည်းကို ရယူရမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက အစောပိုင်း စမ်းသပ်မှု အနေနဲ့ စားသောက်ဆိုင်များမှ အစားအစာများကို ပို့ဆောင်ပေးမှာပါ။

Ref : digitaltrends

%d bloggers like this: