0 Shares 205 Views


Jul 14, 2019
0 205




Ref : gizmodo

[Unicode]

၂၀၂၀ ခုနှစ်မှာ တိုက်ခိုက်ရေး စက်ရုပ်ကားများကို စမ်းသပ်မယ့် အမေရိကန်

စက်ရုပ်များဟာ လူသားတွေ အတွက် ကဏ္ဍပေါင်းစုံမှာ အကျိုးပြုနေပါတယ်။ စက်ရုပ်များကို စစ်တပ်များမှာလည်း အသုံးပြုဖို့ ဖန်တီးနေကြပါတယ်။ အမေရိကန် ၊ ရုရှား အပြင် အခြား နိုင်ငံများမှ စစ်တပ်များက စက်ရုပ် စစ်သားများ၊ တိုက်ခိုက်ရေး စက်ရုပ်ကားများကို တီထွင်နေကြပါတယ်။ ရုရှားနဲ့ အမေရိကန်ကလည်း သူတို့ရဲ့ စစ်တပ်များမှာ သုံးမယ့် စက်ရုပ် နည်းပညာများကို အပြိုင်အဆိုင် ပြသနေကြပါတယ်။

အခုတော့ အမေရိကန် စစ်တပ်က Robotic Combat Vehicle (RCVs) လို့ အမည်ပေးထားတဲ့ တိုက်ခိုက်ရေး စက်ရုပ်ကားများကို ၂၀၂၀ ခုနှစ်မှာ စမ်းသပ်မယ်လို့ ကြေညာလိုက်ပါတယ်။ RCVs များကို M113 Armored Personnel Carrier ကို အခြေပြု တည်ဆောက်ထားတာ ဖြစ်ပြီး Mission Enabler Technologies-Demonstrators (MET-Ds) နဲ့ Bradley Fighting Vehicle များထဲမှာ ရှိတဲ့ စစ်သားများက သူတို့ကို ထိန်းချုပ်နိုင်ပါတယ်။

RCVs များဟာ တကယ်တမ်းတော့ အလိုအလျှောက် တိုက်ခိုက်မှုများ မပြုလုပ်နိုင်ပါဘူး။ သူတို့ကို အခြား ယာဉ်များမှ စစ်သားများက ထိန်းချုပ် တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ Emerging Capabilities Office ရဲ့ အကြီးအကဲ ဖြစ်သူ David Centeno Jr. က RCVs များမှာ အဆင့်မြင့် အနီအောက် ရောင်ခြည် ဆန်ဆာများ ထည့်သွင်းထားပြီး အမေရိကန် စစ်သားများက အကာအကွယ်များနောက်မှ ရန်သူများရဲ့ တည်နေရာကို သိနိုင်ဖို့လည်း ကူညီပေးနိုင်မယ်လို့ ပြောပါတယ်။

Ref : gizmodo

You may be interested

Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်
Google, HUBS, NEWS
0 shares0 views

Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်

Ko Thuya - Jul 20, 2019

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း ဒီနှစ်ထဲမှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook
Audio & Video, Facebook, HUBS
0 shares6 views

Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook

Ko Thuya - Jul 20, 2019

Facebook က Group များအတွက် Watch Party ကို ထည့်သွင်းပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်က ဂရုထဲမှ လူများ ဗီဒီယိုတစ်ခုကို အတူတကွ ကြည့်ရှုနိုင်ပြီး ဗီဒီယိုနဲ့ ပတ်သက်တဲ့ ကွန်းမန့်များကို ရေးသားနိုင်မှာ ဖြစ်ပါတယ်။ ကြည့်ရှုတဲ့ လူများကို Watch Party…

အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram
NEWS, Security & Safety
0 shares6 views

အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram

Ko Thuya - Jul 20, 2019

အင်စတာဂရမ်က သူ့ရဲ့မူဝါဒ အချို့ကို ပြောင်းလဲမှုများ ပြုလုပ်လိုက်ပါတယ်။ သူ့ရဲ စည်းကမ်းများကို မလိုက်နာသူများအား အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို ကြိုတင် သတိပေးတော့မှာဖြစ်ပါတယ်။ အင်စတာဂရမ်က သူဖယ်ရှားမယ့် User ရဲ့ Posts, Comments , Stories များကို အသိပေးမှာ ဖြစ်ပြီး ဘာ့ကြောင့်…

Leave a Comment

Most from this category