User Data မ်ားေပါက္ၾကားမႈေၾကာင့္ ေဒၚလာ ၅ ဘီလီယမ္ ဒဏ္ရိုက္ခံရမယ့္ Facebook

Facebook က အေမရိကန္ ကုန္သြယ္ေရး ေကာ္မရွင္ (FTC) အား User Data မ်ား ေပါက္ၾကားမႈေၾကာင့္ ဒဏ္ေငြ ေဒၚလာ ၅ ဘီလီယမ္ ေပးရေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။ ၂၀၁၁ ခုႏွစ္က ေကာ္မရွင္နဲ႔ သေဘာတူညီထားတဲ့ User Privacy ကို ကာကြယ္ေပးရမယ္ဆိုတာကို ခ်ိဳးေဖာက္ခဲ့လို႔ ျဖစ္ပါတယ္။

ေဒၚလာ ၅ ဘီလီယမ္ဟာ မ်ားျပားတယ္ဆိုေပမယ့္ Facebook အတြက္ေတာ့ သိပ္မမႈပါဘူး။ Facebook ဟာ ၂၀၁၈ ခုႏွစ္မွာ ေၾကာ္ညာမ်ားကေန ေဒၚလာ ၅၅ ဘီလီယမ္ ရခဲ့ၿပီး ၅ ဘီလီယမ္ဟာ အဲဒီ ၀င္ေငြရဲ႕ ၁၀ ရာခုိင္ႏႈန္းေတာင္ မရွိပါဘူး။

Facebook က ၿပီးခဲ့တဲ့ ႏွစ္မွာ အသံုးျပဳသူ ၈၇ သန္းေက်ာ္ရဲ႕ ေဒတာမ်ားကို ႏိုင္ငံေရး အၾကံေပး အဖြဲ႕အစည္း တစ္ခု ျဖစ္တဲ့ Cambridge Analytica က ရယူသြားတယ္ဆိုတာကို ၀န္ခံခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ၿဗိတိန္က Cambridge Analytica ကိစၥေၾကာင့္ Facebook ကို စတာလင္ေပါင္ ၅၀၀ ၀၀၀ ဒဏ္ေငြ ရိုက္ခဲ့ပါတယ္။ ဒါေပမယ့္ အေမရိကန္က ရိုက္မယ့္ ဒဏ္ေငြကေတာ့ ဒီထက္ အမ်ားႀကီးပိုမ်ားသြားပါတယ္။

FTC ဟာ Apple ရဲ႕ Safari Web Browser သံုးသူမ်ားကို ေျခရာခံခဲ့တဲ့ Google ကို ၂၀၁၂ ခုႏွစ္မွာ ေဒၚလာ ၂၂.၅ သန္း ဒဏ္ေငြ ရိုက္ခဲ့ပါတယ္။ Cambridge Analytica ၿပီးေနာက္မွာ ဟက္ကာတစ္ဦးက Facebook User ေပါင္း ၂၉ သန္းရဲ႕ ကိုယ္ေရး ကိုယ္တာ သတင္းအခ်က္အလက္မ်ားကို ခိုးယူသြားမႈ ျဖစ္ခဲ့တဲ့ အတြက္ လႊတ္ေတာ္နဲ႔ ေရွ႕ေန အဖြဲ႕အစည္းမ်ားက ဒီကိစၥကို အေရးယူေပးဖို႔ FTC ကို ဖိအားေပးခဲ့ပါတယ္။

Ref : digitaltrends

[Unicode]

User Data များပေါက်ကြားမှုကြောင့် ဒေါ်လာ ၅ ဘီလီယမ် ဒဏ်ရိုက်ခံရမယ့် Facebook

Facebook က အမေရိကန် ကုန်သွယ်ရေး ကော်မရှင် (FTC) အား User Data များ ပေါက်ကြားမှုကြောင့် ဒဏ်ငွေ ဒေါ်လာ ၅ ဘီလီယမ် ပေးရတော့မယ်လို့ သတင်းထွက်လာပါတယ်။ ၂၀၁၁ ခုနှစ်က ကော်မရှင်နဲ့ သဘောတူညီထားတဲ့ User Privacy ကို ကာကွယ်ပေးရမယ်ဆိုတာကို ချိုးဖောက်ခဲ့လို့ ဖြစ်ပါတယ်။

ဒေါ်လာ ၅ ဘီလီယမ်ဟာ များပြားတယ်ဆိုပေမယ့် Facebook အတွက်တော့ သိပ်မမှုပါဘူး။ Facebook ဟာ ၂၀၁၈ ခုနှစ်မှာ ကြော်ညာများကနေ ဒေါ်လာ ၅၅ ဘီလီယမ် ရခဲ့ပြီး ၅ ဘီလီယမ်ဟာ အဲဒီ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းတောင် မရှိပါဘူး။

Facebook က ပြီးခဲ့တဲ့ နှစ်မှာ အသုံးပြုသူ ၈၇ သန်းကျော်ရဲ့ ဒေတာများကို နိုင်ငံရေး အကြံပေး အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ Cambridge Analytica က ရယူသွားတယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ဗြိတိန်က Cambridge Analytica ကိစ္စကြောင့် Facebook ကို စတာလင်ပေါင် ၅၀၀ ၀၀၀ ဒဏ်ငွေ ရိုက်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်က ရိုက်မယ့် ဒဏ်ငွေကတော့ ဒီထက် အများကြီးပိုများသွားပါတယ်။

FTC ဟာ Apple ရဲ့ Safari Web Browser သုံးသူများကို ခြေရာခံခဲ့တဲ့ Google ကို ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ ၂၂.၅ သန်း ဒဏ်ငွေ ရိုက်ခဲ့ပါတယ်။ Cambridge Analytica ပြီးနောက်မှာ ဟက်ကာတစ်ဦးက Facebook User ပေါင်း ၂၉ သန်းရဲ့ ကိုယ်ရေး ကိုယ်တာ သတင်းအချက်အလက်များကို ခိုးယူသွားမှု ဖြစ်ခဲ့တဲ့ အတွက် လွှတ်တော်နဲ့ ရှေ့နေ အဖွဲ့အစည်းများက ဒီကိစ္စကို အရေးယူပေးဖို့ FTC ကို ဖိအားပေးခဲ့ပါတယ်။

Ref : digitaltrends

%d bloggers like this: