0 Shares 21 Views


Jul 13, 2019
0 21





Ref : digitaltrends

[Unicode]

Rescue Mission များ ပြုလုပ်နိုင်တဲ့ Drone

Massachusetts Institute of Technology (MIT) က ဖန်တီးလိုက်တဲ့ ဒရုန်းဟာ GPS မပါဘဲ အလိုအလျှောက်မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။ တောအုပ်များထဲမှာ ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်တဲ့ အခါမှာ ဟယ်လီကော်ပတာများဟာ သစ်ပင်များရဲ့ အထက်ကနေ ပျံသန်းကြရတဲ့ အတွက် ထိရောက်မှု မရှိပါဘူး။ MIT ရဲ့ အလိုအလျှောက်မောင်းနှင်နိုင်တဲ့ ဒရုန်းက သစ်ပင်များ အကြား ပျံသန်းနိုင်တဲ့ အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်ရာမှာ ပိုမို ထိရောက်ပါတယ်။

အလိုအလျှောက် မောင်းနှင်တဲ့ ဒရုန်းများမှာ ပါတဲ့ GPS များဟာ တောအုပ်များထဲမှာ Signal အားနည်းတဲ့ အတွက် တည်နေရာတွက်ချက်မှုများဟာ လွဲမှားတတ်ပါတယ်။ MIT ရဲ့ ဒရုန်းမှာ GPS အစား ကြိုးမဲ့ ဆက်သွယ်မှုနဲ့ Onboard Computation များကို အသုံးပြုထားပါတယ်။

MIT ရဲ့ ဒရုန်းမှာ ပန်ကာ လေးခု တပ်ဆင်ထားပြီး ကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းကို ပျံသန်းနိုင်တဲ့ Tools များ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ဒရုန်းရဲ့ တည်နေရာကို တိကျစွာ တွက်ချက်ပေးတဲ့ Laser-range Finder လည်း ပါပါတယ်။ GPS Data များအစား ဒရုန်းက တည်နေရာများရဲ့ 3D Map ကို ပုံဖော် အသုံးပြုတာ ဖြစ်ပါတယ်။

ဒရုန်းမှာ ထည့်သွင်းရမယ့် နည်းပညာတစ်ခုက ပျောက်ဆုံးနေတဲ့ လူကို ရှာတွေ့တာနဲ့ သူ့ရဲ့ တည်နေရာကို သတင်းပို့ပေးခြင်း ဖြစ်ပါတယ်။ MIT ရဲ့ ဒရုန်းဟာ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အချိန်ကုန် သက်သာစေမှာ ဖြစ်ပါတယ်။

Ref : digitaltrends

You may be interested

Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်
Google, HUBS, NEWS
0 shares0 views

Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်

Ko Thuya - Jul 20, 2019

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း ဒီနှစ်ထဲမှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook
Audio & Video, Facebook, HUBS
0 shares6 views

Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook

Ko Thuya - Jul 20, 2019

Facebook က Group များအတွက် Watch Party ကို ထည့်သွင်းပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်က ဂရုထဲမှ လူများ ဗီဒီယိုတစ်ခုကို အတူတကွ ကြည့်ရှုနိုင်ပြီး ဗီဒီယိုနဲ့ ပတ်သက်တဲ့ ကွန်းမန့်များကို ရေးသားနိုင်မှာ ဖြစ်ပါတယ်။ ကြည့်ရှုတဲ့ လူများကို Watch Party…

အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram
NEWS, Security & Safety
0 shares6 views

အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram

Ko Thuya - Jul 20, 2019

အင်စတာဂရမ်က သူ့ရဲ့မူဝါဒ အချို့ကို ပြောင်းလဲမှုများ ပြုလုပ်လိုက်ပါတယ်။ သူ့ရဲ စည်းကမ်းများကို မလိုက်နာသူများအား အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို ကြိုတင် သတိပေးတော့မှာဖြစ်ပါတယ်။ အင်စတာဂရမ်က သူဖယ်ရှားမယ့် User ရဲ့ Posts, Comments , Stories များကို အသိပေးမှာ ဖြစ်ပြီး ဘာ့ကြောင့်…

Leave a Comment

Most from this category