Realme 3i မွာ ၆.၂၂ လက္မ မ်က္ႏွာျပင္ ပါမည္

Realme 3i မွာ ၆.၂၂ လက္မ မ်က္ႏွာျပင္ ပါမယ္လို႔ ကုမၸဏီက အတည္ျပဳလိုက္ပါတယ္။ အရြယ္ေသး Notch ထည့္သြင္းထားမွာပါ။ သူ႔ကို ဒီလ ၁၅ ရက္မွာ ေၾကညာမယ္လို႔ မၾကာခင္က အတည္ျပဳထားပါတယ္။ သူ႔ရဲ႕ ပေရာ္ဆက္ဆာနဲ႔ ဘက္ထရီကိုလည္း သိထားၿပီးပါၿပီ။

Realme 3i ဟာ Realme 3 ရဲ႕ မ်က္ႏွာျပင္နဲ႔ တူညီၿပီး 1520x720p Resolution ရွိမွာပါ။ မ်က္ႏွာျပင္ အမ်ိဳးအစားဟာလည္း တူညီမွာ ျဖစ္ပါတယ္။ Realme 3i မွာ Realme 3 မွာလို Helio P60 SoC ေမာင္းနွင္ထားမွာ ျဖစ္ပါတယ္။ ဘက္ထရီကလည္း တူညီၿပီး 4230mAh Battery ျဖစ္မွာပါ။ သူ႔ရဲ႕ ဒီဇိုင္းဟာလည္း Realme 3 နဲ႔ အရမ္းကို ဆင္တူမွာပါ။ ဒါေပမယ့္ Realme 3i ရဲ႕ အေနာက္ဘက္ဟာ စိန္ပံုသ႑ာန္ Pattern မ်ား ပါလာမွာ ျဖစ္ပါတယ္။

Realme က တရား၀င္ ေၾကညာပြဲ မတိုင္ခင္မွာ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို ျဖည္းျဖည္းခ်င္း မွ်ေ၀ေနပါတယ္။ လာမယ့္ ရက္မ်ားအတြင္းမွာလည္း သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို ပိုမိုသိလာရမွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Realme 3i မှာ ၆.၂၂ လက်မ မျက်နှာပြင် ပါမည်

Realme 3i မှာ ၆.၂၂ လက်မ မျက်နှာပြင် ပါမယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ အရွယ်သေး Notch ထည့်သွင်းထားမှာပါ။ သူ့ကို ဒီလ ၁၅ ရက်မှာ ကြေညာမယ်လို့ မကြာခင်က အတည်ပြုထားပါတယ်။ သူ့ရဲ့ ပရော်ဆက်ဆာနဲ့ ဘက်ထရီကိုလည်း သိထားပြီးပါပြီ။

Realme 3i ဟာ Realme 3 ရဲ့ မျက်နှာပြင်နဲ့ တူညီပြီး 1520x720p Resolution ရှိမှာပါ။ မျက်နှာပြင် အမျိုးအစားဟာလည်း တူညီမှာ ဖြစ်ပါတယ်။ Realme 3i မှာ Realme 3 မှာလို Helio P60 SoC မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ ဘက်ထရီကလည်း တူညီပြီး 4230mAh Battery ဖြစ်မှာပါ။ သူ့ရဲ့ ဒီဇိုင်းဟာလည်း Realme 3 နဲ့ အရမ်းကို ဆင်တူမှာပါ။ ဒါပေမယ့် Realme 3i ရဲ့ အနောက်ဘက်ဟာ စိန်ပုံသဏ္ဍာန် Pattern များ ပါလာမှာ ဖြစ်ပါတယ်။

Realme က တရားဝင် ကြေညာပွဲ မတိုင်ခင်မှာ သူ့ရဲ့ သတင်းအချက်အလက်များကို ဖြည်းဖြည်းချင်း မျှဝေနေပါတယ်။ လာမယ့် ရက်များအတွင်းမှာလည်း သူ့ရဲ့ သတင်းအချက်အလက်များကို ပိုမိုသိလာရမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: