0 Shares 335 Views


Jul 13, 2019
0 335




Ref : gsmarena

[Unicode]

Xiaomi က MIUI 10 Android Q Beta ကို ဖြန့်ချီ

ရှောင်မီက မကြာခင်ကမှ Android Q Beta Program ကို ပြုလုပ်ပေးခဲ့ပါတယ်။ အခုတော့ MIUI Team က တရုတ်မှ MI 9 Users များအတွက် MIUI 10 Android Q Beta ကို ဖြန့်ချီပေးလိုက်ပါပြီ။ Beta Version များကို သာမာန် သုံးစွဲသူများ သုံးဖို့ အကြံ မပေးချင်ပါဘူး။ Android Q ရဲ့ လုပ်ဆောင်ချက်များကို စမ်းသပ်လိုတဲ့ နည်းပညာ ဗဟုသုတရှိတဲ့ သုံးစွဲသူများသာ တင်သင့်ပါတယ်။

Beta Program မှာ စာရင်းပေးသွင်းထားသူများဟာ OTA Software Update ရပြီဆိုတဲ့ အကြောင်းကို Message ရရှိမှာ ဖြစ်ပါတယ်။ Message မရရှိသူများဟာ Firmware ကို ကိုယ်တိုင် Flash ပြုလုပ်ခြင်းဖြင့် MIUI 10 Android Q Beta ကို တင်နိုင်ပါတယ်။ MIUI ရဲ့ အကြီးအကဲ Zhang Guoquan က MIUI 10 Android Q Beta ရဲ့ စကရင်ရှော့များကို တင်ထားပြီး MIUI 9 နဲ့ အရမ်းကို ဆင်တူပါတယ်။

Android Q မှာ နောက်ကွယ်မှာ Run နေတဲ့ App များအတွက် App-Specific Permissions များကို Users များက သတ်မှတ်နိုင်ခြင်းဖြင့် Privacy ကို အဓိက ပြုလုပ်ပေးထားပါတယ်။ Beta Version ဖြစ်တဲ့ အတွက် Bugs များလည်း ပါလာနိုင်ပါတယ်။

Ref : gsmarena

You may be interested

Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်
Google, HUBS, NEWS
0 shares0 views

Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်

Ko Thuya - Jul 20, 2019

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း ဒီနှစ်ထဲမှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook
Audio & Video, Facebook, HUBS
0 shares6 views

Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook

Ko Thuya - Jul 20, 2019

Facebook က Group များအတွက် Watch Party ကို ထည့်သွင်းပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်က ဂရုထဲမှ လူများ ဗီဒီယိုတစ်ခုကို အတူတကွ ကြည့်ရှုနိုင်ပြီး ဗီဒီယိုနဲ့ ပတ်သက်တဲ့ ကွန်းမန့်များကို ရေးသားနိုင်မှာ ဖြစ်ပါတယ်။ ကြည့်ရှုတဲ့ လူများကို Watch Party…

အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram
NEWS, Security & Safety
0 shares6 views

အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram

Ko Thuya - Jul 20, 2019

အင်စတာဂရမ်က သူ့ရဲ့မူဝါဒ အချို့ကို ပြောင်းလဲမှုများ ပြုလုပ်လိုက်ပါတယ်။ သူ့ရဲ စည်းကမ်းများကို မလိုက်နာသူများအား အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို ကြိုတင် သတိပေးတော့မှာဖြစ်ပါတယ်။ အင်စတာဂရမ်က သူဖယ်ရှားမယ့် User ရဲ့ Posts, Comments , Stories များကို အသိပေးမှာ ဖြစ်ပြီး ဘာ့ကြောင့်…

Leave a Comment

Most from this category