မိဘက သားငယ္ရဲ႕ ဖုန္းမွာ ထည့္သြင္းလိုက္တဲ့ Spy App ေၾကာင့္ ဆရာမနဲ႔ လိင္ဆက္ဆံတာ ေပၚသြား

အရီဇိုးနားမွ ယခင္ ေက်ာင္းဆရာမ တစ္ဦးဟာ အသက္ ၁၃ ႏွစ္အရြယ္ ေက်ာင္းသားနဲ႔ လိင္ဆက္ဆံတဲ့အတြက္ ေထာင္ဒဏ္အႏွစ္ ၂၀ က်ခံရေတာ့မွာ ျဖစ္ပါတယ္။ ဆရာမရဲ႕ အမည္က Brittany Zamora ျဖစ္ၿပီး အသက္ ၂၈ ႏွစ္အရြယ္ပါ။ သူမက “ ကြ်န္မဟာ လူေကာင္းတစ္ေယာက္ပါ။ အမွားတစ္ခုကို က်ဴးလြန္ခဲ့မိၿပီး အရမ္းကို ေနာင္တရေနပါတယ္။ ကြ်န္မ ဘ၀ကို တန္ဖိုးထားၿပီး ဥပေဒတိုင္းကို လိုက္နာခဲ့ပါတယ္။ ကြ်န္မဟာ လူ႔ အသိုင္းအ၀ိုင္းအတြက္ အႏၱရာယ္ မဟုတ္ပါဘူး။ “ လို႔ ေသာၾကာေန႔က တရားရံုးမွာ ေျပာပါတယ္။

Zamora ဟာ Las Brisas Academy မွာ ေျခာက္တန္းျပ ဆရာမ တစ္ဦး ျဖစ္ခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ မတ္လမွာ ဖမ္းဆီးခံခဲ့ရပါတယ္။ သူမဟာ အသက္ ၁၃ ႏွစ္အရြယ္ေက်ာင္းသားနဲ႔ လိင္ဆက္ဆံခဲ့တယ္လို႔ စြဲခ်က္တင္ခံရတာပါ။ မိဘမ်ားက သူတို႔ရဲ႕ သားငယ္ဟာ အမူအယာေတြ ေျပာင္းေနတာကို သိခဲ့တဲ့ အခ်ိန္မွာ သူ႔ဖုန္းမွာ Sentry Parental Control အမည္ရ Spy App ကို ထည့္သြင္းခဲ့တာပါ။ App က မသကၤာစရာ Content မ်ားနဲ႔ အျပဳအမူမ်ားကို ေစာင့္ၾကည့္ေပးပါတယ္။

Zamora က ေက်ာင္းသားထံ သူမရဲ႕ အေဖာ္အခြ်တ္ ဓါတ္ပံုမ်ားကို ေပးပို႔တဲ့ အခါမွာ မိဘမ်ားက သိသြားခဲ့တာ ျဖစ္ပါတယ္။ သူတို႔ ႏွစ္ဦးဟာ စာသင္ခန္းနဲ႔ သူမရဲ႕ ကားထဲမွာ ေလးႀကိမ္ လိင္ဆက္ဆံခဲ့တယ္လို႔ သိရပါတယ္။ သူမဟာ ေထာင္ကေန ထြက္လာရင္လည္း Sex Offender အျဖစ္ သတ္မွတ္ခံရမွာ ျဖစ္ပါတယ္။

Ref : dailymail

[Unicode]

မိဘက သားငယ်ရဲ့ ဖုန်းမှာ ထည့်သွင်းလိုက်တဲ့ Spy App ကြောင့် ဆရာမနဲ့ လိင်ဆက်ဆံတာ ပေါ်သွား

အရီဇိုးနားမှ ယခင် ကျောင်းဆရာမ တစ်ဦးဟာ အသက် ၁၃ နှစ်အရွယ် ကျောင်းသားနဲ့ လိင်ဆက်ဆံတဲ့အတွက် ထောင်ဒဏ်အနှစ် ၂၀ ကျခံရတော့မှာ ဖြစ်ပါတယ်။ ဆရာမရဲ့ အမည်က Brittany Zamora ဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ပါ။ သူမက “ ကျွန်မဟာ လူကောင်းတစ်ယောက်ပါ။ အမှားတစ်ခုကို ကျူးလွန်ခဲ့မိပြီး အရမ်းကို နောင်တရနေပါတယ်။ ကျွန်မ ဘဝကို တန်ဖိုးထားပြီး ဥပဒေတိုင်းကို လိုက်နာခဲ့ပါတယ်။ ကျွန်မဟာ လူ့ အသိုင်းအဝိုင်းအတွက် အန္တရာယ် မဟုတ်ပါဘူး။ “ လို့ သောကြာနေ့က တရားရုံးမှာ ပြောပါတယ်။

Zamora ဟာ Las Brisas Academy မှာ ခြောက်တန်းပြ ဆရာမ တစ်ဦး ဖြစ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မတ်လမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူမဟာ အသက် ၁၃ နှစ်အရွယ်ကျောင်းသားနဲ့ လိင်ဆက်ဆံခဲ့တယ်လို့ စွဲချက်တင်ခံရတာပါ။ မိဘများက သူတို့ရဲ့ သားငယ်ဟာ အမူအယာတွေ ပြောင်းနေတာကို သိခဲ့တဲ့ အချိန်မှာ သူ့ဖုန်းမှာ Sentry Parental Control အမည်ရ Spy App ကို ထည့်သွင်းခဲ့တာပါ။ App က မသင်္ကာစရာ Content များနဲ့ အပြုအမူများကို စောင့်ကြည့်ပေးပါတယ်။

Zamora က ကျောင်းသားထံ သူမရဲ့ အဖော်အချွတ် ဓါတ်ပုံများကို ပေးပို့တဲ့ အခါမှာ မိဘများက သိသွားခဲ့တာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ စာသင်ခန်းနဲ့ သူမရဲ့ ကားထဲမှာ လေးကြိမ် လိင်ဆက်ဆံခဲ့တယ်လို့ သိရပါတယ်။ သူမဟာ ထောင်ကနေ ထွက်လာရင်လည်း Sex Offender အဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။

Ref : dailymail

%d bloggers like this: