Nintendo က Switch Lite လက်ကိုင်ဂိမ်းစက်ကို ကြေညာ

Nintendo က Switch Lite လက်ကိုင်ဂိမ်းစက်ကို ကြေညာလိုက်ပါတယ်။ သူဟာ Switch ရဲ့ စွမ်းရည် လျှော့ချထားတဲ့ မော်ဒယ် ဖြစ်ပြီး ဈေးက ပိုသက်သာလာပါတယ်။ သူ့မှာ လျှော့ချထားတဲ့ အဓိက လုပ်ဆောင်ချက်က တီဗီနဲ့ ချိတ်ဆက်လို့ မရတာ ဖြစ်ပါတယ်။ လက်ကိုင် ဂိမ်းစက်လိုပဲ ကစားနိုင်မှာပါ။ တီဗီနဲ့ ချိတ်ဆက်ပြီး ကစားလို့ မရပါဘူး။

အမေရိကန်မှာ ဒေါ်လာ ၂၀၀ သတ်မှတ်ထားပြီး စက်တင်ဘာလ ၂၀ မှာ ရောင်းချမှာပါ။ သူဟာ မူလမော်ဒယ်ထက် ဒေါ်လာ ၁၀၀ သက်သာသွားပါတယ်။ အဝါ၊ အညိုနဲ့ စိမ်းပြာရောင်များထုတ်လုပ်ထားပါတယ်။ အထူးထုတ် ပိုကီမွန် မော်ဒယ်ကို နိုဝင်ဘာလမှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gamespot

Nintendo က Switch Lite လက်ကိုင်ဂိမ်းစက်ကို ကြေညာ

%d bloggers like this: