0 Shares 140 Views


Jul 11, 2019
0 140




Ref : gsmarena

[Unicode]

Samsung Galaxy Note 10 5G မှာ 1TB Storage နဲ့ 12GB RAM ပါမည်

Samsung Galaxy Note 10 ရဲ့ 5G Model မှာ အနည်းဆုံး အနေနဲ့ 256GB Storage ပါမယ်လို့ သတင်းထွက်လာပါတယ်။ 512GB နဲ့ 1TB အထိ ရွေးချယ်နိုင်မှာပါ။ 1TB Storage Model မှာ အမြင့်ဆုံး အနေနဲ့ 12GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Galaxy S10 5G အတွက် 8GB RAM နဲ့ 256/512GB Storage များသာ ထုတ်ထားပေးပါတယ်။ microSD Card Slot မပါပါဘူး။ Note 10 5G မှာလည်း microSD Card Slot ကိုဖယ်ရှားထားမလား မသိပါဘူး။

Galaxy Note 10+ မှာလည်း 5G Model မှာလို မန်မိုရီများ ပါလာမှာ ဖြစ်ပါတယ်။ အနည်းဆုံးအနေနဲ့ 256GB Storage ပါလာမှာပါ။ အမြင့်ဆုံး အနေနဲ့ 1TB အထိရွေးချယ်နိုင်မှာပါ။ Note 10 မှာတော့ အနည်းဆုံး အနေနဲ့ 128GB Storage ထည့်သွင်းထားမှာပါ။

Galaxy Note 10 Model အချို့အတွက် တောက်ပြောင်တဲ့ ဒီဇိုင်းကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် 4G Model လား 5G Model လားတော့ မသိသေးပါဘူး။ Galaxy S10+ မှာသာ တောက်ပြောင်တဲ့ မော်ဒယ်ကို ရောင်းချထားပါတယ်။ Galaxy Note 10 5G 1TB ဟာ ဆမ်ဆောင်းရဲ့ ဖုန်းတွေထဲမှာ ဈေးအမြင့်ဆုံး ဖြစ်လာမှာပါ။

Ref : gsmarena

You may be interested

Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်
Google, HUBS, NEWS
0 shares0 views

Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်

Ko Thuya - Jul 20, 2019

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း ဒီနှစ်ထဲမှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook
Audio & Video, Facebook, HUBS
0 shares6 views

Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook

Ko Thuya - Jul 20, 2019

Facebook က Group များအတွက် Watch Party ကို ထည့်သွင်းပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်က ဂရုထဲမှ လူများ ဗီဒီယိုတစ်ခုကို အတူတကွ ကြည့်ရှုနိုင်ပြီး ဗီဒီယိုနဲ့ ပတ်သက်တဲ့ ကွန်းမန့်များကို ရေးသားနိုင်မှာ ဖြစ်ပါတယ်။ ကြည့်ရှုတဲ့ လူများကို Watch Party…

အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram
NEWS, Security & Safety
0 shares6 views

အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram

Ko Thuya - Jul 20, 2019

အင်စတာဂရမ်က သူ့ရဲ့မူဝါဒ အချို့ကို ပြောင်းလဲမှုများ ပြုလုပ်လိုက်ပါတယ်။ သူ့ရဲ စည်းကမ်းများကို မလိုက်နာသူများအား အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို ကြိုတင် သတိပေးတော့မှာဖြစ်ပါတယ်။ အင်စတာဂရမ်က သူဖယ်ရှားမယ့် User ရဲ့ Posts, Comments , Stories များကို အသိပေးမှာ ဖြစ်ပြီး ဘာ့ကြောင့်…

Leave a Comment

Most from this category