အဓိက ROG Features တွေကို ချိုသာတဲ့ ဈေးနှုန်းနဲ့ ပေးအပ်ထားတဲ့ ASUS ROG Strix Series

ASUS ရဲ့ ROG (Republic of Gamers) Gaming Laptop တွေဟာ ကမ္ဘာ့ဈေးကွက်အတွင်းမှာ နာမည်ရပြီးသား Gaming Laptop တွေ ဖြစ်ပါတယ်။ ASUS ဟာ ROG ကို ဈေးနှုန်းသင့်တင့်တဲ့ မော်ဒယ်တွေနဲ့ တကယ့် တန်ဖိုးကြီးပရီမီယမ်မော်ဒယ်ဆိုပြီး စိတ်ကြိုက်ရွေးချယ်နိုင်အောင် Options အများကြီး ထုတ်ပေးထားပါတယ်။

အခု ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာတဲ့ ROG Strix Series မော်ဒယ်အသစ်တွေကတော့ ငွေပုံအော သုံးစရာမလိုဘဲ ပရီမီယမ်အဆင့် စွမ်းဆောင်ရည်ကို ပေးစွမ်းထားတဲ့ Gaming Laptop တွေ ဖြစ်ပါတယ်။

ASUS ROG Strix Series ကို Strix G G531 နဲ့ Strix Scar III G731 ဆိုပြီး နှစ်မျိုးဝင်လာမှာပါ။ Strix G G531 က 15-inch နဲ့ Strix Scar III G731 က 17-inch ဖြစ်ပါတယ်။ Intel 9th Gen Core i7-9750H Processor ၊ GeForce RTX 2070 GPU ၊ 144Hz FHD Display နဲ့ အမြင့်ဆုံးမော်ဒယ်ကိုမှ ၂,၀၉၉ ဒေါ်လာပဲ ပေးရမှာပါ။ RTX ကတ်၊ Core i9 H-series Processors နဲ့ 144Hz Display ပါတဲ့ Gaming Laptop ကောင်းကောင်းတလုံးကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ကိုင်နိုင်မယ့် အခွင့်အရေးပါ။

သွားလေရာကို စတိုင်ကျကျ သယ်သွားနိုင်မယ့် ဒီဇိုင်း

Gaming Laptop ဝယ်ထားတဲ့လူ တော်တော်များများဟာ Laptop ကို အလုပ်အတွက်ကော ဂိမ်းဆော့ဖို့ပါ အသုံးပြုလေ့ ရှိပါတယ်။ ဒါပေမယ့် Gaming Laptop တလုံးကို အလုပ်ထဲ သယ်သွားဖို့ဆိုတာ တော်တော်စဉ်းစားရပါတယ်။ Gaming Laptop တော်တော်များများဟာ ရိုးရိုး Laptop တွေထက် ပိုထူ၊ ပိုကြီးသလို ဒီဇိုင်းကလည်း Gamer တွေအကြိုက် ထောင့်ချွန်းတွေ၊ Sharp Lines တွေ အများကြီးနဲ့ ဆိုတော့ ရုံးလုပ်ငန်းခွင်နဲ့ သိပ်မလိုက်ဖက်ဘူး ထင်ပါတယ်။

အခု ROG Strix Series ကတော့ BMW Designworks နဲ့ ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် ဒီဇိုင်းက တော်တော်လေး အထာကျပါတယ်။

အထူးသဖြင့် Display Panel အောက်ခြေတခြမ်းကို Cut လုပ်ထားတဲ့ ဒီဇိုင်းနဲ့ Hinge ကို အပြင်နည်းနည်း ထုတ်ထားတဲ့ ဒီဇိုင်းက စတိုင်ကျ သလို၊ လေဝင်လေထွက်လည်း ပိုကောင်းသွားမှာပါ။ Hinge က ကိုယ်ထည်အပြည့် မဟုတ်ဘဲ ဘေးစွန်းနှစ်ဖက်မှာပဲ ဖြစ်ပေမယ့် ခိုင်မာမှုလည်း မလျော့သွားပါဘူး။ လက်ချောင်းတချောင်းတည်းနဲ့ အဖုံးဖွင့်နိုင်ပါတယ်။

ROG Strix Series ရဲ့ အတွင်းဘက်ကလည်း အပြင်က Design Pattern အတိုင်း ရိုးရိုးရှင်းရှင်းနဲ့ မျက်စိရှင်းပါတယ်။ NumPad လုံးဝ မပါပါဘူး။ Touchpad က “Num Lock” နေရာကို တစက္ကန့်လောက် ဖိထားလိုက်ရင် Touchpad မှာ Numpad ပေါ်လာမှာပါ။ ကိုယ်ထည်ကို တတ်နိုင်သမျှ သေးအောင် လုပ်ထားပေမယ့် ကီးတွေက အရမ်းပူးကပ် ကြပ်ညပ်မနေပါဘူး။ အကြည်ရောင်နဲ့ WASD Keys လေးခုကလည်း တမျိုး ဆွဲဆောင်မှု ရှိပါတယ်။

Laptop ကိုယ်ထည်အောက်ဘက်ကိုတော့ လေဝင်လေထွက်ကောင်းအောင်ပဲ အဓိက ဦးစားပေးထားပါတယ်။ လေထွက်ပေါက်တွေက ကိုယ်ထည်တဝက်လောက် နေရာယူထားတာ တွေ့ရမှာပါ။ Ports ထားထားတာလည်း နည်းနည်း ထူးခြားပါတယ်။ RJ-45 Connector ၊ Charing Plus နဲ့ HDMI အပေါက်တွေကို ကိုယ်ထည်အနောက်မှာ ထည့်ထားတာပါ။ ကျန် အပေါက်အားလုံးကတော့ ဘယ်ဘက်မှာ ဖြစ်ပါတယ်။

အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ ပိုမို နစ်မျောခံစားနိုင်မယ့် Display

ဒီဇိုင်းမိုက်သလို Performance ကလည်း အပျံစားပါ။ GPU ကို နောက်ဆုံးပေါ် NVIDIA GeForce RTX ကတ်အထိ ရနိုင်ပါတယ်။ GPU က ထုတ်ပေးနိုင်တဲ့ Triple-digit Frame Rates နဲ့ ကိုက်ညီအောင် 144Hz Refresh Rate Display သုံးပေးထားတာကလည်း ကျေနပ်စရာတခု ဖြစ်ပါတယ်။ Display ဘောင်တွေက တော်တော်သေးတာကြောင့် မြင်ကွင်းတိုင်းကို ပိုပြီး နစ်မျောခံစားနိုင်မှာပါ။ ဘောင်သေးသွားတာကြောင့် ကိုယ်ထည်အရွယ်အစားလည်း တော်တော်လေး သေးသွားပါတယ်။

သွားလေရာ သယ်သွားချင်ရင် ကိုယ်ထည် ပိုကျစ်လျစ်သေးငယ်တဲ့ 15.6-inch Strix G G531 ကို ရွေးချယ်သင့်ပါတယ်။ Display ကြီးကြီးနဲ့ လိုချင်ရင်တော့ 17.3-inch Strix Scar III G731 က ပိုသင့်တော်မှာပါ။

အခု ROG Strix Series Gaming Laptops တွေကို အမြင့်ဆုံးအနေနဲ့ Intel ရဲ့ 9th Gen Core i7-9750H နဲ့ ရရှိနိုင်ပါတယ်။ Turbo Speed 4Hz အထိ လည်ပတ်နိုင်တဲ့ 6-cores CPU ဖြစ်တာကြောင့် Games နဲ့ Applications အကုန်နီးပါးကို အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ အသုံးပြုနိုင်မှာပါ။ 32GB အထိ စိုက်နိုင်တဲ့ dual-channel memory နဲ့ ဆိုတော့ Game ဆော့ရင်း Stream လွှင့်မလား၊ 3D Rendering လုပ်နေရင်းနဲ့ Browse လုပ်မလား Multitasking အေးဆေး လုပ်နိုင်ပါတယ်။

Storage ကိုတော့ NVMe M.2 SSD နဲ့ 2.5″ 1TB HDD or SSHD တခု ထည့်သုံးနိုင်ပါတယ်။ Boot တက်တာ၊ Application Loading Time တွေ လုံးဝ မြန်ဆန်နေမှာပါ။

အမြင့်ဆုံး စွမ်းဆောင်ရည်ကို အချိန်ကြာကြာ ရရှိစေမယ့် ROG Intelligent Cooling

Gaming ဖြစ်စေ ရိုးရိုး Laptop ဖြစ်စေ အမြင့်ဆုံးစွမ်းဆောင်ရည်ကို အမြဲရနေဖို့ မလွယ်ပါဘူး။ Cooling System မှာ အချိန်ကြာလာတာနဲ့အမျှ ဖုန်တွေ ပိတ်တာတွေ ရှိလာနိုင်ပြီး၊ အရင်လောက် မမြန်တော့တာမျိုး ကြုံလာရမှာပါ။ ဒါကို လျော့ချပေးဖို့အတွက် ယခု Laptop တွေမှာ ROG Intelligent Cooling ဒီဇိုင်းကို အသုံးပြုထားပါတယ်။

15″ Strix G G531 မှာ လေထွက်ပေါက်လေးတွေ ၁၈၁ ခုနဲ့ 17″ Strix Scar III G731 မှာ ၂၃၆ ပေါက်အထိ ပါဝင်ပါတယ်။ 5V အစား လည်နှုန်းပိုကောင်းတဲ့ ဒလက် ၈၃ ခု ပါ 12V ပန်ကာ နှစ်လုံး တပ်ဆင်ထားတာကြောင့် လေထုတ်အား တော်တော်ကောင်းပါတယ်။ ပန်ကာတခုစီရဲ့ ဘေးမှာ ဖုန်တွေကို သီးသန့် ပြန်ထုတ်ပေးဖို့ Anti-dust tunnel တခုစီ ပါဝင်ပါတယ်။

ကီးဘုတ်အောက်မှာလည်း Heatpipe ငါးခုနဲ့ အပူဖြန့်ထုတ်ပေးမယ့် Heat Spreader တခု တပ်ပေးထားပါသေးတယ်။ ထုံးစံအတိုင်း ပန်ကာလည်နှုန်းနဲ့ အသံကို လိုသလို ချိန်ညှိထိန်းချုပ်နိုင်မယ့် Mode သုံးခု ပါဝင်မှာပါ။

ROG Overstroke Keyboard

ကီးဘုတ်ခလုတ်တွေကို Overstroke နည်းပညာနဲ့ ထုတ်လုပ်ထားတာကြောင့် Key Travel တဝက်လောက်ပဲ နှိပ်ပေးရုံနဲ့ ရပါတယ်။ ရိုးရိုး ကီးဘုတ်တွေနဲ့ ယှဉ်ရင် အားပိုမစိုက်ရဘဲ Type လုပ်ရင်လည်း ပိုမြန်မှာပါ။ ကီးတခုချင်းစီကို အကြိမ်ရေ သန်း ၂၀ ထိ အနှိပ်ခံနိုင်အောင် စမ်းသပ်ထုတ်လုပ်ထားတာ ဆိုတော့ အကြမ်းခံမှုလည်း စိတ်ချရမှာပါ။

ကီးတခုချင်းစီအလိုက် RGB Lighting ရသလို ကီးဘုတ် Zone လေးခုကိုလည်း Aura Sync နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ အသံအတိုးအချဲ့၊ ပိတ်၊ HyperFan ဖွင့်တာတွေ အလွယ်တကူ လုပ်ဖို့ Hotkeys တွေလည်း ပါဝင်မှာပါ။

Maximum Connectivity

Game ဆော့တဲ့အခါ Wi-Fi လိုင်းငြိမ်ဖို့ကလည်း အရေးကြီးပါတယ်။ ASUS ROG Strix Sereies မှာ အင်တာနာလေးခုနဲ့ RangeBoost စနစ်ကို အသုံးပြုထားတာကြောင့် ပတ်ဝန်းကျင်အခြေအနေအလိုက် အကောင်းဆုံး Signal Strength ကို ဖမ်းယူပေးနိုင်မှာပါ။ USB Type-C Port မှာ DisplayPort နည်းပညာ ပါဝင်တာကြောင့် နောက်ထပ် G-SYNC 4K UHD မော်နီတာတလုံး ထပ်ချိန်သုံးနိုင်ပါတယ်။

144Hz FHD Display ၊ Intel Core i7-9750H Processors ၊ GeForce RTX 2060 GPU ၊ 16GBDDR4 2666 Memory ၊ 512GB NVMe M.2 SSD နဲ့ ROG Strix Scar III G731 ကို ၂,၀၉၉ ဒေါ်လာနဲ့ ယခု ဇူလိုင်လအတွင်း စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

အဓိက ROG Features တွေကို ချိုသာတဲ့ ဈေးနှုန်းနဲ့ ပေးအပ်ထားတဲ့ ASUS ROG Strix Series

%d bloggers like this: