AMD Processor နဲ႔ Nvidia GPU တြဲဖက္ အသုံးျပဳထားတဲ့ ASUS TUF FX505

ေစ်းႏႈန္းအသင့္အတင့္နဲ႔ စြမ္းေဆာင္ရည္ျမင့္ Gaming Laptop တလုံး ရွာေဖြေနတယ္ဆိုရင္ ASUS က ေနာက္ဆုံး ထုတ္ထားတဲ့ TUF Gaming FX505 နဲ႔ မိတ္ဆက္ေပးပါရေစ။ ၿပီးခဲ့တဲ့ ဧၿပီလကမွ ထိုင္ဝမ္မွာ မိတ္ဆက္ခဲ့တဲ့ ေနာက္ဆုံးေပၚ TUF Gaming Laptop ေမာ္ဒယ္အသစ္ပါ။ ျပည္တြင္းေစ်းကြက္ထဲမွာ ယခုလအတြင္း စတင္ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။

TUF FX505_FX705 DD/DT/DU ဟာ ေနာက္ဆုံးေပၚ AMD Ryzen Processors နဲ႔ Nvidia ရဲ႕ GeForce GTX GPU ကို ေပါင္းစပ္ထားတဲ့ စြမ္းေဆာင္ရည္ျမင့္ Affordable Gaming Laptop တလုံး ျဖစ္ပါတယ္။ အျမင့္ဆုံး Ryzen 7 3750H CPU နဲ႔ GeForce GTX 1660 Ti GPU အထိ ရရွိႏိုင္မွာပါ။

အၾကမ္းခံႏိုင္စြမ္း ျမင့္မားတဲ့ စြဲမက္ဖြယ္ ဒီဇိုင္း

ဒီဇိုင္းကေတာ့ အရင္ FX504 series နဲ႔ သိပ္မကြာေပမယ့္ Bezel ေသးသြားတဲ့အတြက္ ကိုယ္ထည္ ျဗက္လည္း ပိုေသးသြားပါတယ္။

Radiating-X ဒီဇိုင္းေဖာ္ထားတဲ့ ေက်ာဘက္ကာဗာကို Gunmetal နဲ႔ Plastic ဆိုၿပီး ႏွစ္မ်ိဳး ထုတ္ထားပါတယ္။ ကာဗာက Radiating-X ဒီဇိုင္းက အတြင္းဘက္ ကီးဘုတ္ကိုယ္ထည္ပိုင္းကို ျပန္ထင္ဟပ္ေနသေယာင္ ဒီဇိုင္းလုပ္ထားတာက ေတာ္ေတာ္မိုက္ပါတယ္။ Gaming Laptop ဆိုတဲ့အတိုင္း ကိုယ္ထည္ဒီဇိုင္းကို ေထာင့္ခြၽန္းေတြ၊ Sharp Lines ေတြပဲ အဓိက သုံးထားပါတယ္။ ျမင္တာနဲ႔ Gaming Laptop တလုံးမွန္း သိသာမွာပါ။

ဘယ္လက္ပ္ေတာ့မဆို အၾကမ္းခံဖို႔ ကလည္း အေရးႀကီးပါတယ္။ Laptop ဆိုတာမ်ိဳးက အစိတ္အပိုင္း ေတာ္ေတာ္မ်ားမ်ားကို အေသထည့္ေပးထားတာ ျဖစ္တဲ့အတြက္ တခုခု ခ်ိဳ႕ယြင္း၊ ပ်က္စီးသြားရင္ လဲဖို႔ မလြယ္ပါဘူး။ အထူးသျဖင့္ ေစ်းႀကီးေပးရတဲ့ Gaming Laptop တလုံး ဝယ္ေတာ့မယ္ဆိုရင္ Durability ကို မျဖစ္မေန ထည့္စဥ္းစားသင့္ပါတယ္။

အခု TUF Gaming Laptop က MIL-STD-810G အသိအမွတ္ျပဳလက္မွတ္ ရရွိထားတာဆိုေတာ့ အၾကမ္းခံမႈအပိုင္းက ပူစရာမလိုပါဘူး။ သာမန္လက္ပ္ေတာ့ေတြထက္ အစစအရာရာ ပိုအၾကမ္းခံေအာင္ စမ္းသပ္ထုတ္လုပ္ထားတာပါ။ မေတာ္တဆ ထိခိုက္မိတာ၊ စားပြဲအျမင့္ေလာက္က ျပဳတ္က်တာေတြကို ခံႏိုင္ရည္ ရွိေအာင္ စမ္းသပ္ၿပီးမွ ထုတ္လုပ္ထားတာပါ။ ႏွစ္သိပ္မၾကာဘဲ Display Hinge ေခ်ာင္သြားမွာ၊ ကီးဘုတ္ခလုတ္ မေကာင္းေတာ့မွာေတြလည္း စိုးရိမ္ေနစရာ မလိုပါဘူး။

SSD ေတြ RAM ေတြ ကိုယ္တိုင္ Upgrade လုပ္ခ်င္လည္း လြယ္လြယ္ကူကူ လုပ္ႏိုင္ေအာင္ လုပ္ေပးထားပါတယ္။ သာမန္ ဝက္အူလွည့္တေခ်ာင္းရွိ႐ုံနဲ႔ Storage Bays နဲ႔ Memory Slots ေတြကို အလြယ္တကူ ျဖဳတ္တပ္ႏိုင္မွာပါ။

AMD နဲ႔ NVIDIA တြဲဖက္ထားတဲ့ အေကာင္းဆုံး စြမ္းေဆာင္ရည္

ASUS TUF Gaming မွာ AMD ရဲ႕ 12nm Zen+ Architecture အသစ္နဲ႔ ေနာက္ဆုံးေပၚ Ryzen Processors ေတြ သုံးေပးထားပါတယ္။ 4 Cores ၊ 8 Threads နဲ႔ Ryzen 7 3750H or Ryzen 5 3550 H ဆိုၿပီး CPU ေမာ္ဒယ္ႏွစ္မ်ိဳး ရရွိႏိုင္ပါတယ္။ AMD ရဲ႕ Zen H-series Processors ေတြဟာ Gaming Laptop ေတြမွာ အသုံးမ်ားတဲ့ Intel ရဲ႕ 45W H-series Processors ေတြကို ယွဥ္ၿပိဳင္ဖို႔ ထုတ္လုပ္ထားတဲ့ Processors အသစ္ေတြ ျဖစ္ပါတယ္။ Benchmarks ေတြအရ Intel ရဲ႕ 8th Gen i5-8300H နဲ႔ တန္းတူေလာက္ ရွိပါတယ္။ CPU လိုအပ္ခ်က္ျမင့္တဲ့ Applications ေတြ၊ Multitasking ေတြ ေကာင္းေကာင္း အသုံးျပဳႏိုင္ပါတယ္။ 35W ပဲ သုံးတာေၾကာင့္ ဘက္ထရီသက္တမ္းလည္း ပိုခံမွာပါ။

Ryzen CPU ကိုမွ NVIDIA ရဲ႕ Turing Architecture အသုံးျပဳထားတဲ့ GeForce GTX 1660 Ti နဲ႔ တြဲသုံးေပးထားတာဆိုေတာ့ GPU Performance ကလည္း ေျပာစရာ မလိုပါဘူး။ Overwatch, Fortnite, Dota 2 စတဲ့ Esports ဂိမ္းေတြကို အျမင့္ဆုံး Settings မွာ FPS အနည္းဆုံး ၁၀၀ ေက်ာ္ေလာက္နဲ႔ ေဆာ့နိင္မွာပါ။ 120Hz Refresh Rate Display နဲ႔ဆိုေတာ့ Game ေဆာ့ရတာ လုံးဝ ရွယ္ပါပဲ။ အထူးသျဖင့္ လႈပ္ရွားမႈျမန္တဲ့ FPS ဂိမ္းေတြ Esports ဂိမ္းေတြ ေဆာ့တဲ့အခါ သိသိသာသာ ပိုေကာင္းပါတယ္။

Battlefield V လို လိုအပ္ခ်က္ျမင့္တဲ့ ဂိမ္းေတြဆိုလည္း High Settings မွာ အနည္းဆုံး 60fps ေလာက္နဲ႔ ေဆာ့ႏိုင္တာေၾကာင့္ Performance ကေတာ့ ေျပာစရာ မလိုပါဘူး။

GTX 1660 Ti မွာ Video Encoder အသစ္ ပါတာေၾကာင့္ Hardware-acclerated Capture နဲ႔ Livestream လႊင့္ရင္လည္း ဗီဒီယိုအရည္အေသြး ပိုေကာင္းတာ ေတြ႕ရပါလိမ့္မယ္။

အျမင့္ဆုံး 32GB DDR4-2400 Memory အထိ စိုက္ႏိုင္ပါတယ္။ ဗီဒီယို Editing လုပ္တာ၊ ဓာတ္ပုံျပင္တာ၊ ပုံဆြဲတာ စတဲ့ သာမန္ Content ဖန္တီးမႈပိုင္းကေတာ့ ေအးေဆး ေလာက္ပါတယ္။

Storage မွာ PCIE M.2 SSD ကို 512GB အထိ အသုံးျပဳႏိုင္တာေၾကာင့္ Boot တက္တာ၊ Application Loading တက္တာေတြလည္း ေတာ္ေတာ္ျမန္ပါတယ္။ ေနာက္ထပ္ 1TB SATA HDD တလုံး ထပ္တပ္ႏိုင္ပါေသးတယ္။

FHD NanoEdge Display

Display ကို ႀကိဳက္တဲ့ ေနာက္တခ်က္က ေဘာင္ေတြ (Bezel) ေတာ္ေတာ္ေသးသြားတာပါ။ စခရင္ ပိုႀကီးသြားသလို ခံစားရပါတယ္။ Gaming ေဆာ့ရင္ပဲ ျဖစ္ျဖစ္၊ ႐ုပ္ရွင္ဗီဒီယိုၾကည့္ရင္ပဲ ျဖစ္ျဖစ္ ပိုၿပီး နစ္ေမ်ာခံစားႏိုင္မွာပါ။ Bezel ေသးသြားတာေၾကာင့္ ကိုယ္ထည္အ႐ြယ္အစားလည္း ပိုေသး၊ ပိုက်စ္သြားပါတယ္။ vIPS-level နည္းပညာ ပါဝင္တာေၾကာင့္ Viewing Angles ပိုက်ယ္သြားပါတယ္။ ဆိုလိုတာက Display ကို ေဘးဘက္ေထာင့္က ၾကည့္ရင္လည္း အလင္းအေမွာင္ မညီေတာ့တာ၊ ကာလာက်သြားတာေတြ မရွိဘဲ ပုံမွန္အတိုင္း ကာလာစိုစို ၾကည္ၾကည္လင္လင္နဲ႔ ၾကည့္ႏိုင္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ ႐ုပ္ရွင္ တူတူ ထိုင္ၾကည့္ၾကတဲ့အခါ ဒီဘက္နည္းနည္းေစာင္းပါဦး၊ ေအာက္ေလးစိုက္ပါဦးေတြ သိပ္ေျပာေနရမွာ မဟုတ္ပါဘူး။

15.6-inch နဲ႔ အားမရဘူး ဆိုတဲ့သူေတြအတြက္လည္း စခရင္ပိုႀကီးတဲ့ FX705 ရွိပါတယ္။ သူက 17.3-inch (60Hz) Display နဲ႔ပါ။

Overstroke နည္းပညာနဲ႔ RGB Keyboard

Gaming အတြက္ အထူးဒီဇိုင္းထုတ္ထားတဲ့ RGB Chiclet Keyboard နဲ႔ ျဖစ္ပါတယ္။ WASD Keys ေတြကိုလည္း FPS Players ေတြအတြက္ သီးသန္႔ ဒီဇိုင္း လုပ္ေပးထားတာ ေတြ႕ရပါတယ္။ ကီးတခုခ်င္းစီအလိုက္ Per-key RGB ေတာ့ မဟုတ္ပါဘူး။

ကီးတခုခ်င္းစီကို ASUS Overstroke နည္းပညာနဲ႔ ထုတ္လုပ္ထားတာေၾကာင့္ အားသိပ္စိုက္စရာမလိုဘဲ သက္ေတာင့္သက္သာ နဲ႔ ႏွိပ္ႏိုင္ပါတယ္။ Key Travel 1.8mm ပဲ တာေၾကာင့္ Response Rate ပိုျမန္၊ Typing ပိုျမန္သြားမွာပါ။ FN Keys ေတြ Numpad ေတြလည္း အစုံ ပါဝင္ပါတယ္။ အႀကိမ္ေရ သန္း ၂၀ အထိ စိတ္ခ်လက္ခ် ႏွိပ္ႏိုင္ပါတယ္။

HyperCool Thermal Design

Gaming Laptop တလုံးမွာ Performance ေကာင္းေကာင္း ၾကာရွည္ရဖို႔အတြက္ အပူခ်ိန္က အရမ္း အေရးႀကီးပါတယ္။ ဒီအတြက္ TUF Gaming Laptop မွာ Dual-fan ဒီဇိုင္းကို အသုံးျပဳထားသလို၊ Heatpipe တခုကို အသုံးျပဳေပးထားပါတယ္။ ကိုယ္ထည္တြင္း ဝင္ေရာက္ေနတဲ့ ဖုန္အမႈန္အမႊားေတြကို ပန္ကာေဘးမွာ ရွိတဲ့ ဖုန္ထုတ္လမ္းေၾကာင္းကေန အျပင္ကို ျပန္မႈတ္ထုတ္ေပးမယ့္ Anti-Dust Cooling (ADC) စနစ္လည္း ပါဝင္ပါတယ္။

ဂိမ္းအၾကာႀကီး ေဆာ့လို႔ အပူခ်ိန္တက္လာတဲ့အခါ Cooling Performance ျမႇင့္ေပးမယ့္ ‘Turbo Mode’ လည္း ပါဝင္ပါတယ္။ Fan Mode ေတြကို FN + F5 ႏွိပ္ၿပီး အလြယ္တကူ ေျပာင္းႏိုင္ပါတယ္။ Web browsing နဲ႔ စာ႐ိုက္တာ ေလာက္ပဲ သုံးမယ္ဆိုရင္ Silent Mode လုပ္ထားတာက အဆင္ေျပပါတယ္။ ပန္ကာသံလည္း သိပ္မထြက္တာေၾကာင့္ အေႏွာင့္အယွက္ မျဖစ္ပါဘူး။ Balanced Mode ကေတာ့ ထြက္တဲ့ Heat အလိုက္ ပန္ကာလည္ႏႈန္းကို အလိုအေလ်ာက္ ခ်ိန္ေပးသြားမွာပါ။ Turbo Mode ကေတာ့ လုံးဝ ျမန္ႏႈန္းအျပည့္နဲ႔ Cooling လုပ္ေပးမွာ ျဖစ္ပါတယ္။

ဒီေလာက္ဆိုရင္ေတာ့ ASUS TUF Gaming FX505 DD/DT/DU ေမာ္ဒယ္ေတြအေၾကာင္း ေကာင္းေကာင္း သိေလာက္ၿပီ ထင္ပါတယ္။ ေစ်းႏႈန္းကေတာ့ ကိုယ္လိုခ်င္တဲ့ Specs အလိုက္ ကြာျခားသြားပါလိမ့္မယ္။

Ryzen 5-3550H ၊ GeForce GTX 1050 ၊ 8GB DDR4 RAM ၊ 1TB SATA HDD ၊ 120Hz FHD Display နဲ႔ TUF FX505DD ကိုမွ ၈၂၉ ေဒၚလာပဲ ေပးရမွာပါ။ Entry-level Gaming Laptop ေတြထဲမွာ ဒီေစ်းနဲ႔ ဒီ Specs နဲ႔က မဆိုးဘူး ေျပာလို႔ ရပါတယ္။

ဒီ့ထက္ ပိုသုံးႏိုင္တယ္ဆိုရင္ေတာ့ Ryzen 7-3750H Processor ၊ GTX 1660Ti (6GB VRAM) ၊ 8GB DDR4 RAM ၊ 512GB NVME M.2 SSD ၊ 120Hz FHD Display နဲ႔ TUF FX505DU ကို ေ႐ြးခ်ယ္ သင့္ပါတယ္။ ၁,၁၉၉ ေဒၚလာ ဆိုေတာ့ ေနာက္ထပ္ ေဒၚလာ ၃၀၀ ပဲ ပိုေပးရမွာပါ။

Ryzen 7-3750H Processor ၊ GeForce RTX 2060 ၊ 16GB DDR4 RAM ၊ 512GB SSD ၊ 120Hz FHD Display နဲ႔ အျမင့္ဆုံးေမာ္ဒယ္ ASUS TUF FX505DV ကိုေတာ့ ၁,၆၀၀ ေဒၚလာ ေပးရမွာပါ။

Performance ေကာင္းေကာင္းနဲ႔ Entry-level Gaming Laptop တလုံး လိုခ်င္တယ္ဆိုရင္ေတာ့ ASUS TUF Gaming FX505 (AMD Edition) Gaming Laptop ေတြကို ေမ့ထားလို႔ မရပါဘူး။ ယခု ဇူလိုင္လအတြင္း ျပည္တြင္းေစ်းကြက္မွာ စတင္ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

(Unicode)

AMD Processor နဲ့ Nvidia GPU တွဲဖက် အသုံးပြုထားတဲ့ ASUS TUF FX505

စျေးနှုန်းအသင့်အတင့်နဲ့ စွမ်းဆောင်ရည်မြင့် Gaming Laptop တလုံး ရှာဖွေနေတယ်ဆိုရင် ASUS က နောက်ဆုံး ထုတ်ထားတဲ့ TUF Gaming FX505 နဲ့ မိတ်ဆက်ပေးပါရစေ။ ပြီးခဲ့တဲ့ ဧပြီလကမှ ထိုင်ဝမ်မှာ မိတ်ဆက်ခဲ့တဲ့ နောက်ဆုံးပေါ် TUF Gaming Laptop မော်ဒယ်အသစ်ပါ။ ပြည်တွင်းစျေးကွက်ထဲမှာ ယခုလအတွင်း စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။

TUF FX505_FX705 DD/DT/DU ဟာ နောက်ဆုံးပေါ် AMD Ryzen Processors နဲ့ Nvidia ရဲ့ GeForce GTX GPU ကို ပေါင်းစပ်ထားတဲ့ စွမ်းဆောင်ရည်မြင့် Affordable Gaming Laptop တလုံး ဖြစ်ပါတယ်။ အမြင့်ဆုံး Ryzen 7 3750H CPU နဲ့ GeForce GTX 1660 Ti GPU အထိ ရရှိနိုင်မှာပါ။

အကြမ်းခံနိုင်စွမ်း မြင့်မားတဲ့ စွဲမက်ဖွယ် ဒီဇိုင်း

ဒီဇိုင်းကတော့ အရင် FX504 series နဲ့ သိပ်မကွာပေမယ့် Bezel သေးသွားတဲ့အတွက် ကိုယ်ထည် ဗြက်လည်း ပိုသေးသွားပါတယ်။

Radiating-X ဒီဇိုင်းဖော်ထားတဲ့ ကျောဘက်ကာဗာကို Gunmetal နဲ့ Plastic ဆိုပြီး နှစ်မျိုး ထုတ်ထားပါတယ်။ ကာဗာက Radiating-X ဒီဇိုင်းက အတွင်းဘက် ကီးဘုတ်ကိုယ်ထည်ပိုင်းကို ပြန်ထင်ဟပ်နေသယောင် ဒီဇိုင်းလုပ်ထားတာက တော်တော်မိုက်ပါတယ်။ Gaming Laptop ဆိုတဲ့အတိုင်း ကိုယ်ထည်ဒီဇိုင်းကို ထောင့်ချွန်းတွေ၊ Sharp Lines တွေပဲ အဓိက သုံးထားပါတယ်။ မြင်တာနဲ့ Gaming Laptop တလုံးမှန်း သိသာမှာပါ။

ဘယ်လက်ပ်တော့မဆို အကြမ်းခံဖို့ ကလည်း အရေးကြီးပါတယ်။ Laptop ဆိုတာမျိုးက အစိတ်အပိုင်း တော်တော်များများကို အသေထည့်ပေးထားတာ ဖြစ်တဲ့အတွက် တခုခု ချို့ယွင်း၊ ပျက်စီးသွားရင် လဲဖို့ မလွယ်ပါဘူး။ အထူးသဖြင့် စျေးကြီးပေးရတဲ့ Gaming Laptop တလုံး ဝယ်တော့မယ်ဆိုရင် Durability ကို မဖြစ်မနေ ထည့်စဉ်းစားသင့်ပါတယ်။

အခု TUF Gaming Laptop က MIL-STD-810G အသိအမှတ်ပြုလက်မှတ် ရရှိထားတာဆိုတော့ အကြမ်းခံမှုအပိုင်းက ပူစရာမလိုပါဘူး။ သာမန်လက်ပ်တော့တွေထက် အစစအရာရာ ပိုအကြမ်းခံအောင် စမ်းသပ်ထုတ်လုပ်ထားတာပါ။ မတော်တဆ ထိခိုက်မိတာ၊ စားပွဲအမြင့်လောက်က ပြုတ်ကျတာတွေကို ခံနိုင်ရည် ရှိအောင် စမ်းသပ်ပြီးမှ ထုတ်လုပ်ထားတာပါ။ နှစ်သိပ်မကြာဘဲ Display Hinge ချောင်သွားမှာ၊ ကီးဘုတ်ခလုတ် မကောင်းတော့မှာတွေလည်း စိုးရိမ်နေစရာ မလိုပါဘူး။

SSD တွေ RAM တွေ ကိုယ်တိုင် Upgrade လုပ်ချင်လည်း လွယ်လွယ်ကူကူ လုပ်နိုင်အောင် လုပ်ပေးထားပါတယ်။ သာမန် ဝက်အူလှည့်တချောင်းရှိရုံနဲ့ Storage Bays နဲ့ Memory Slots တွေကို အလွယ်တကူ ဖြုတ်တပ်နိုင်မှာပါ။

AMD နဲ့ NVIDIA တွဲဖက်ထားတဲ့ အကောင်းဆုံး စွမ်းဆောင်ရည်

ASUS TUF Gaming မှာ AMD ရဲ့ 12nm Zen+ Architecture အသစ်နဲ့ နောက်ဆုံးပေါ် Ryzen Processors တွေ သုံးပေးထားပါတယ်။ 4 Cores ၊ 8 Threads နဲ့ Ryzen 7 3750H or Ryzen 5 3550 H ဆိုပြီး CPU မော်ဒယ်နှစ်မျိုး ရရှိနိုင်ပါတယ်။ AMD ရဲ့ Zen H-series Processors တွေဟာ Gaming Laptop တွေမှာ အသုံးများတဲ့ Intel ရဲ့ 45W H-series Processors တွေကို ယှဉ်ပြိုင်ဖို့ ထုတ်လုပ်ထားတဲ့ Processors အသစ်တွေ ဖြစ်ပါတယ်။ Benchmarks တွေအရ Intel ရဲ့ 8th Gen i5-8300H နဲ့ တန်းတူလောက် ရှိပါတယ်။ CPU လိုအပ်ချက်မြင့်တဲ့ Applications တွေ၊ Multitasking တွေ ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။ 35W ပဲ သုံးတာကြောင့် ဘက်ထရီသက်တမ်းလည်း ပိုခံမှာပါ။

Ryzen CPU ကိုမှ NVIDIA ရဲ့ Turing Architecture အသုံးပြုထားတဲ့ GeForce GTX 1660 Ti နဲ့ တွဲသုံးပေးထားတာဆိုတော့ GPU Performance ကလည်း ပြောစရာ မလိုပါဘူး။ Overwatch, Fortnite, Dota 2 စတဲ့ Esports ဂိမ်းတွေကို အမြင့်ဆုံး Settings မှာ FPS အနည်းဆုံး ၁၀၀ ကျော်လောက်နဲ့ ဆော့နိင်မှာပါ။ 120Hz Refresh Rate Display နဲ့ဆိုတော့ Game ဆော့ရတာ လုံးဝ ရှယ်ပါပဲ။ အထူးသဖြင့် လှုပ်ရှားမှုမြန်တဲ့ FPS ဂိမ်းတွေ Esports ဂိမ်းတွေ ဆော့တဲ့အခါ သိသိသာသာ ပိုကောင်းပါတယ်။

Battlefield V လို လိုအပ်ချက်မြင့်တဲ့ ဂိမ်းတွေဆိုလည်း High Settings မှာ အနည်းဆုံး 60fps လောက်နဲ့ ဆော့နိုင်တာကြောင့် Performance ကတော့ ပြောစရာ မလိုပါဘူး။

GTX 1660 Ti မှာ Video Encoder အသစ် ပါတာကြောင့် Hardware-acclerated Capture နဲ့ Livestream လွှင့်ရင်လည်း ဗီဒီယိုအရည်အသွေး ပိုကောင်းတာ တွေ့ရပါလိမ့်မယ်။

အမြင့်ဆုံး 32GB DDR4-2400 Memory အထိ စိုက်နိုင်ပါတယ်။ ဗီဒီယို Editing လုပ်တာ၊ ဓာတ်ပုံပြင်တာ၊ ပုံဆွဲတာ စတဲ့ သာမန် Content ဖန်တီးမှုပိုင်းကတော့ အေးဆေး လောက်ပါတယ်။

Storage မှာ PCIE M.2 SSD ကို 512GB အထိ အသုံးပြုနိုင်တာကြောင့် Boot တက်တာ၊ Application Loading တက်တာတွေလည်း တော်တော်မြန်ပါတယ်။ နောက်ထပ် 1TB SATA HDD တလုံး ထပ်တပ်နိုင်ပါသေးတယ်။

FHD NanoEdge Display

Display ကို ကြိုက်တဲ့ နောက်တချက်က ဘောင်တွေ (Bezel) တော်တော်သေးသွားတာပါ။ စခရင် ပိုကြီးသွားသလို ခံစားရပါတယ်။ Gaming ဆော့ရင်ပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ဗီဒီယိုကြည့်ရင်ပဲ ဖြစ်ဖြစ် ပိုပြီး နစ်မျောခံစားနိုင်မှာပါ။ Bezel သေးသွားတာကြောင့် ကိုယ်ထည်အရွယ်အစားလည်း ပိုသေး၊ ပိုကျစ်သွားပါတယ်။ vIPS-level နည်းပညာ ပါဝင်တာကြောင့် Viewing Angles ပိုကျယ်သွားပါတယ်။ ဆိုလိုတာက Display ကို ဘေးဘက်ထောင့်က ကြည့်ရင်လည်း အလင်းအမှောင် မညီတော့တာ၊ ကာလာကျသွားတာတွေ မရှိဘဲ ပုံမှန်အတိုင်း ကာလာစိုစို ကြည်ကြည်လင်လင်နဲ့ ကြည့်နိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ ရုပ်ရှင် တူတူ ထိုင်ကြည့်ကြတဲ့အခါ ဒီဘက်နည်းနည်းစောင်းပါဦး၊ အောက်လေးစိုက်ပါဦးတွေ သိပ်ပြောနေရမှာ မဟုတ်ပါဘူး။

15.6-inch နဲ့ အားမရဘူး ဆိုတဲ့သူတွေအတွက်လည်း စခရင်ပိုကြီးတဲ့ FX705 ရှိပါတယ်။ သူက 17.3-inch (60Hz) Display နဲ့ပါ။

Overstroke နည်းပညာနဲ့ RGB Keyboard

Gaming အတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ RGB Chiclet Keyboard နဲ့ ဖြစ်ပါတယ်။ WASD Keys တွေကိုလည်း FPS Players တွေအတွက် သီးသန့် ဒီဇိုင်း လုပ်ပေးထားတာ တွေ့ရပါတယ်။ ကီးတခုချင်းစီအလိုက် Per-key RGB တော့ မဟုတ်ပါဘူး။

ကီးတခုချင်းစီကို ASUS Overstroke နည်းပညာနဲ့ ထုတ်လုပ်ထားတာကြောင့် အားသိပ်စိုက်စရာမလိုဘဲ သက်တောင့်သက်သာ နဲ့ နှိပ်နိုင်ပါတယ်။ Key Travel 1.8mm ပဲ တာကြောင့် Response Rate ပိုမြန်၊ Typing ပိုမြန်သွားမှာပါ။ FN Keys တွေ Numpad တွေလည်း အစုံ ပါဝင်ပါတယ်။ အကြိမ်ရေ သန်း ၂၀ အထိ စိတ်ချလက်ချ နှိပ်နိုင်ပါတယ်။

HyperCool Thermal Design

Gaming Laptop တလုံးမှာ Performance ကောင်းကောင်း ကြာရှည်ရဖို့အတွက် အပူချိန်က အရမ်း အရေးကြီးပါတယ်။ ဒီအတွက် TUF Gaming Laptop မှာ Dual-fan ဒီဇိုင်းကို အသုံးပြုထားသလို၊ Heatpipe တခုကို အသုံးပြုပေးထားပါတယ်။ ကိုယ်ထည်တွင်း ဝင်ရောက်နေတဲ့ ဖုန်အမှုန်အမွှားတွေကို ပန်ကာဘေးမှာ ရှိတဲ့ ဖုန်ထုတ်လမ်းကြောင်းကနေ အပြင်ကို ပြန်မှုတ်ထုတ်ပေးမယ့် Anti-Dust Cooling (ADC) စနစ်လည်း ပါဝင်ပါတယ်။

ဂိမ်းအကြာကြီး ဆော့လို့ အပူချိန်တက်လာတဲ့အခါ Cooling Performance မြှင့်ပေးမယ့် ‘Turbo Mode’ လည်း ပါဝင်ပါတယ်။ Fan Mode တွေကို FN + F5 နှိပ်ပြီး အလွယ်တကူ ပြောင်းနိုင်ပါတယ်။ Web browsing နဲ့ စာရိုက်တာ လောက်ပဲ သုံးမယ်ဆိုရင် Silent Mode လုပ်ထားတာက အဆင်ပြေပါတယ်။ ပန်ကာသံလည်း သိပ်မထွက်တာကြောင့် အနှောင့်အယှက် မဖြစ်ပါဘူး။ Balanced Mode ကတော့ ထွက်တဲ့ Heat အလိုက် ပန်ကာလည်နှုန်းကို အလိုအလျောက် ချိန်ပေးသွားမှာပါ။ Turbo Mode ကတော့ လုံးဝ မြန်နှုန်းအပြည့်နဲ့ Cooling လုပ်ပေးမှာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ASUS TUF Gaming FX505 DD/DT/DU မော်ဒယ်တွေအကြောင်း ကောင်းကောင်း သိလောက်ပြီ ထင်ပါတယ်။ စျေးနှုန်းကတော့ ကိုယ်လိုချင်တဲ့ Specs အလိုက် ကွာခြားသွားပါလိမ့်မယ်။

Ryzen 5-3550H ၊ GeForce GTX 1050 ၊ 8GB DDR4 RAM ၊ 1TB SATA HDD ၊ 120Hz FHD Display နဲ့ TUF FX505DD ကိုမှ ၈၂၉ ဒေါ်လာပဲ ပေးရမှာပါ။ Entry-level Gaming Laptop တွေထဲမှာ ဒီစျေးနဲ့ ဒီ Specs နဲ့က မဆိုးဘူး ပြောလို့ ရပါတယ်။

ဒီ့ထက် ပိုသုံးနိုင်တယ်ဆိုရင်တော့ Ryzen 7-3750H Processor ၊ GTX 1660Ti (6GB VRAM) ၊ 8GB DDR4 RAM ၊ 512GB NVME M.2 SSD ၊ 120Hz FHD Display နဲ့ TUF FX505DU ကို ရွေးချယ် သင့်ပါတယ်။ ၁,၁၉၉ ဒေါ်လာ ဆိုတော့ နောက်ထပ် ဒေါ်လာ ၃၀၀ ပဲ ပိုပေးရမှာပါ။

Ryzen 7-3750H Processor ၊ GeForce RTX 2060 ၊ 16GB DDR4 RAM ၊ 512GB SSD ၊ 120Hz FHD Display နဲ့ အမြင့်ဆုံးမော်ဒယ် ASUS TUF FX505DV ကိုတော့ ၁,၆၀၀ ဒေါ်လာ ပေးရမှာပါ။

Performance ကောင်းကောင်းနဲ့ Entry-level Gaming Laptop တလုံး လိုချင်တယ်ဆိုရင်တော့ ASUS TUF Gaming FX505 (AMD Edition) Gaming Laptop တွေကို မေ့ထားလို့ မရပါဘူး။ ယခု ဇူလိုင်လအတွင်း ပြည်တွင်းစျေးကွက်မှာ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။

%d bloggers like this: