ေ၀ဖန္တိုက္ခိုက္မႈမ်ားကို ကာကြယ္ေပးမယ့္ AI လုပ္ေဆာင္ခ်က္ကို Instagram ထည့္သြင္း

Instagram က သူ႔ရဲ႕ ပလက္ေဖာင္းမွာ အမုန္းစကားမ်ား၊ ေ၀ဖန္တိုက္ခိုက္မႈမ်ားကို ကာကြယ္ေပးမယ့္ လုပ္ေဆာင္ခ်က္ အသစ္ႏွစ္ခုကို ေၾကညာလိုက္ပါတယ္။ Facebook က ပိုင္ဆိုင္တဲ့ Instagram ဟာ ပို႔စ္မ်ားကို Block လုပ္ျခင္း၊ User မ်ားကို Ban ျခင္းမ်ားလို ျပင္းျပင္းထန္ထန္ မျပဳလုပ္ဘဲ အမူအက်င့္မ်ားကို ျပင္ဆင္ေအာင္ ျပဳလုပ္ေပးခ်င္တာ ျဖစ္ပါတယ္။

Instagram ရဲ႕ အႀကီးအကဲ ျဖစ္သူ Adam Mosseri က “ Instagram မွာ အမုန္းစကားမ်ား၊ ေ၀ဖန္တိုက္ခိုက္မႈမ်ားကို ကာကြယ္ဖို႔ ပိုမိုလုပ္ေဆာင္ခ်င္ပါတယ္။ ေ၀ဖန္တိုက္ခိုက္တာကို ခံေနရသူမ်ားအတြက္ အားေပးခ်င္ပါတယ္။ အခုဖန္တီးေပးလိုက္တဲ့ လုပ္ေဆာင္ခ်က္မ်ားက လူေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္လို ေ၀ဖန္တိုက္ခိုက္သလဲဆိုတာနဲ႔ ေ၀ဖန္တိုက္ခိုက္တာေတြကို ဘယ္လို တုန္႔ျပန္ၾကသလဲ ဆိုတာမ်ားကို သိနားလည္ပါတယ္။ ဒါေပမယ့္ ဒါဟာ လုပ္ေဆာင္ခ်က္ နွစ္ခုပဲ ရွိပါေသးတယ္။ အမ်ားႀကီးလုပ္ဖို႔ က်န္ပါေသးတယ္။ “ လို႔ ေျပာပါတယ္။

အဲဒီ လုပ္ေဆာင္ခ်က္မ်ားကို ဥာဏ္ရည္တု နည္းပညာျဖင့္ ဖန္တီးထားတာ ျဖစ္ပါတယ္။ Restrict အမည္ရ လုပ္ေဆာင္ခ်က္က သင့္ကို ေ၀ဖန္တိုက္ခိုက္တဲ့ လူ သို႔မဟုတ္ သင့္ကို အမုန္းစကားမ်ား ေျပာေနသူမ်ားကို သတ္မွတ္ႏိုင္ပါတယ္။ လူတစ္ဦးကို Restrict စာရင္းထဲ ထည့္လိုက္ရင္ သူ ေရးတဲ့ ကြန္းမန္႔မ်ားကို သူကသာ ျမင္ရမွာျဖစ္ၿပီး အျခား User မ်ားက ျမင္ရမွာ မဟုတ္ပါဘူး။ အျခား User မ်ား ျမင္ရတာ၊ မျမင္ရတာကိုလည္း သူ မသိပါဘူး။ သူေပးပို႔တဲ့ Message မ်ားကို သင္ၾကည့္ၿပီးတာကိုလည္း သူက သိမွာ မဟုတ္ပါဘူး။ သင္ အြန္လိုင္းမွာ ရွိေနတာကိုလည္း သူ မသိပါဘူး။

ေနာက္ထပ္ လုပ္ေဆာင္ခ်က္ တစ္ခုက AI Recommendation ျဖစ္ပါတယ္။ AI က အမုန္းစကားမ်ား၊ ေ၀ဖန္တိုက္ခိုက္တဲ့ စကားမ်ားကို သိနားလည္ပါတယ္။ User တစ္ဦးက အမုန္းစကားမ်ား၊ ေ၀ဖန္တိုက္ခိုက္တဲ့ စကားမ်ားကို မန္႔တဲ့ အခါမွာ App က သူ႔ရဲ႕ အမုန္းစကား ကြန္းမန္႔နဲ႔ ပတ္သက္ၿပီး ျပန္လည္ သံုးသပ္ဖို႔ ေျပာမွာပါ။ သင့္ရဲ႕ စာသားမ်ားဟာ အျခား User မ်ားက အမုန္းစကားလို႔ တိုင္ၾကားထားတဲ့ စာသားမ်ားနဲ႔ တူေနတယ္လို႔ သတိေပးမွာ ျဖစ္ပါတယ္။

လူမႈကြန္ရက္မ်ားမွာ အမုန္းစကားမ်ားေၾကာင့္ ကိုယ့္ကိုကိုယ္ သတ္ေသမႈမ်ား၊ အၾကမ္းဖက္မႈမ်ား ျဖစ္ေပၚေနပါတယ္။ အဲဒီအတြက္ ႏုိင္ငံ အစိုးရမ်ားက လူမႈကြန္ရက္မ်ားကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနၾကပါတယ္။

Ref : techcrunch

[Unicode]

ဝေဖန်တိုက်ခိုက်မှုများကို ကာကွယ်ပေးမယ့် AI လုပ်ဆောင်ချက်ကို Instagram ထည့်သွင်း

Instagram က သူ့ရဲ့ ပလက်ဖောင်းမှာ အမုန်းစကားများ၊ ဝေဖန်တိုက်ခိုက်မှုများကို ကာကွယ်ပေးမယ့် လုပ်ဆောင်ချက် အသစ်နှစ်ခုကို ကြေညာလိုက်ပါတယ်။ Facebook က ပိုင်ဆိုင်တဲ့ Instagram ဟာ ပို့စ်များကို Block လုပ်ခြင်း၊ User များကို Ban ခြင်းများလို ပြင်းပြင်းထန်ထန် မပြုလုပ်ဘဲ အမူအကျင့်များကို ပြင်ဆင်အောင် ပြုလုပ်ပေးချင်တာ ဖြစ်ပါတယ်။

Instagram ရဲ့ အကြီးအကဲ ဖြစ်သူ Adam Mosseri က “ Instagram မှာ အမုန်းစကားများ၊ ဝေဖန်တိုက်ခိုက်မှုများကို ကာကွယ်ဖို့ ပိုမိုလုပ်ဆောင်ချင်ပါတယ်။ ဝေဖန်တိုက်ခိုက်တာကို ခံနေရသူများအတွက် အားပေးချင်ပါတယ်။ အခုဖန်တီးပေးလိုက်တဲ့ လုပ်ဆောင်ချက်များက လူတွေ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ဝေဖန်တိုက်ခိုက်သလဲဆိုတာနဲ့ ဝေဖန်တိုက်ခိုက်တာတွေကို ဘယ်လို တုန့်ပြန်ကြသလဲ ဆိုတာများကို သိနားလည်ပါတယ်။ ဒါပေမယ့် ဒါဟာ လုပ်ဆောင်ချက် နှစ်ခုပဲ ရှိပါသေးတယ်။ အများကြီးလုပ်ဖို့ ကျန်ပါသေးတယ်။ “ လို့ ပြောပါတယ်။

အဲဒီ လုပ်ဆောင်ချက်များကို ဉာဏ်ရည်တု နည်းပညာဖြင့် ဖန်တီးထားတာ ဖြစ်ပါတယ်။ Restrict အမည်ရ လုပ်ဆောင်ချက်က သင့်ကို ဝေဖန်တိုက်ခိုက်တဲ့ လူ သို့မဟုတ် သင့်ကို အမုန်းစကားများ ပြောနေသူများကို သတ်မှတ်နိုင်ပါတယ်။ လူတစ်ဦးကို Restrict စာရင်းထဲ ထည့်လိုက်ရင် သူ ရေးတဲ့ ကွန်းမန့်များကို သူကသာ မြင်ရမှာဖြစ်ပြီး အခြား User များက မြင်ရမှာ မဟုတ်ပါဘူး။ အခြား User များ မြင်ရတာ၊ မမြင်ရတာကိုလည်း သူ မသိပါဘူး။ သူပေးပို့တဲ့ Message များကို သင်ကြည့်ပြီးတာကိုလည်း သူက သိမှာ မဟုတ်ပါဘူး။ သင် အွန်လိုင်းမှာ ရှိနေတာကိုလည်း သူ မသိပါဘူး။

နောက်ထပ် လုပ်ဆောင်ချက် တစ်ခုက AI Recommendation ဖြစ်ပါတယ်။ AI က အမုန်းစကားများ၊ ဝေဖန်တိုက်ခိုက်တဲ့ စကားများကို သိနားလည်ပါတယ်။ User တစ်ဦးက အမုန်းစကားများ၊ ဝေဖန်တိုက်ခိုက်တဲ့ စကားများကို မန့်တဲ့ အခါမှာ App က သူ့ရဲ့ အမုန်းစကား ကွန်းမန့်နဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ဖို့ ပြောမှာပါ။ သင့်ရဲ့ စာသားများဟာ အခြား User များက အမုန်းစကားလို့ တိုင်ကြားထားတဲ့ စာသားများနဲ့ တူနေတယ်လို့ သတိပေးမှာ ဖြစ်ပါတယ်။

လူမှုကွန်ရက်များမှာ အမုန်းစကားများကြောင့် ကိုယ့်ကိုကိုယ် သတ်သေမှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်နေပါတယ်။ အဲဒီအတွက် နိုင်ငံ အစိုးရများက လူမှုကွန်ရက်များကို ထိန်းချုပ်ဖို့ ကြိုးစားနေကြပါတယ်။

Ref : techcrunch

%d bloggers like this: