0 Shares 125 Views

တရုတ္မွာ Realme X Spiderman Edition ကို ေရာင္းၿပီ

Jul 10, 2019
0 125

Realme X Spiderman Edition ကို မၾကာခင္က ေၾကညာခဲ့ပါတယ္။ အခုေတာ့ တရုတ္မွာ ေရာင္းခ်ေပးလိုက္ပါၿပီ။ 8GB/128GB Model ကို ယြမ္ ၁၇၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၃၉၀ ၀၀၀ ေလာက္ တန္ေၾကးရွိပါတယ္။ Realme X Spiderman Edition အတြက္ အထူးထုတ္ ဘူးခြံနဲ႔ ေက့စ္တစ္ခု ထည့္သြင္းေပးထားၿပီး Spiderman Theme မ်ား ပါပါတယ္။ UI မွာလည္း Spiderman Theme မ်ား ထည့္သြင္းထားပါတယ္။ ေနာက္ထြက္မယ့္ ရုပ္ရွင္ ျဖစ္တဲ့ Spiderman: Far From Home Logo ကို ေက့စ္မွာ ေရးထြင္းထားပါတယ္။

အျခား Specs မ်ားက Realme X နဲ႔ တူညီပါတယ္။ Realme X ရဲ႕ Specs မ်ားကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ Snapdragon 710 Chipset၊ 19.5:9 Aspect Ratio ရွိတဲ့ 6.53-inch 1080p OLED Display ကို အသုံးျပဳထားၿပီး Notch လုံးဝ ပါမွာမဟုတ္ပါဘူး။ Notch အစား ေမာ္တာတပ္ Pop-up ေရွ႕ကင္မရာစနစ္ကို အသုံးျပဳထားၿပီး၊ 16-megapixel ကင္မရာတလုံးတည္း ျဖစ္ပါတယ္။ OLED Display သုံးထားတာကေတာ့ Realme ပရိတ္သတ္ေတြ အႀကိဳက္ေတြ႕ေစမယ့္ အဓိကအခ်က္ပါ။ OLED ျဖစ္တာေၾကာင့္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာစနစ္လည္း ပါဝင္မွာပါ။ ေနာက္ထပ္အႀကိဳက္ေတြ႕မယ့္ အခ်က္က OPPO ရဲ႕ VOOC 3.0 အားအျမန္သြင္းစနစ္ အသုံးျပဳႏိုင္တာပါ။ ဘက္ထရီကေတာ့ 3,765mAh ဘက္ထရီ ျဖစ္ပါတယ္။ မိနစ္ ၃၀ အတြင္း အား ၅၅ ရာခိုင္ႏႈန္းအထိ သြင္းေပးႏိုင္ပါတယ္။

Realme X ရဲ႕ ေနာက္ထပ္အဓိက ဆြဲေဆာင္ခ်က္ကေတာ့ ေက်ာကင္မရာစနစ္ပါ။ ေက်ာကင္မရာႏွစ္လုံးက Sony IMX 586 sensor သုံး f/1.7 48MP ကင္မရာတလုံးနဲ႔ f/2.4 5MP depth ကင္မရာတလုံးတို႔ ျဖစ္ပါတယ္။ Pixel bining နည္းပညာနဲ႔ pixels ၄ ခုကို ေပါင္းစည္းကာ ႐ုပ္ထြက္ေကာင္းမြန္ျပတ္သားတဲ့ 12MP ဓာတ္ပုံေတြ ႐ိုက္ႏိုင္မွာ ျဖစ္ပါတယ္။ Chroma Boost, AI Scene Recognition, Nightscape, Portrait စတိုင္အမ်ိဳးမ်ိဳးတို႔ ႐ိုက္ကူးႏိုင္ပါတယ္။

Ref : gsmarena

[Unicode]

တရုတ်မှာ Realme X Spiderman Edition ကို ရောင်းပြီ

Realme X Spiderman Edition ကို မကြာခင်က ကြေညာခဲ့ပါတယ်။ အခုတော့ တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။ 8GB/128GB Model ကို ယွမ် ၁၇၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၃၉၀ ၀၀၀ လောက် တန်ကြေးရှိပါတယ်။ Realme X Spiderman Edition အတွက် အထူးထုတ် ဘူးခွံနဲ့ ကေ့စ်တစ်ခု ထည့်သွင်းပေးထားပြီး Spiderman Theme များ ပါပါတယ်။ UI မှာလည်း Spiderman Theme များ ထည့်သွင်းထားပါတယ်။ နောက်ထွက်မယ့် ရုပ်ရှင် ဖြစ်တဲ့ Spiderman: Far From Home Logo ကို ကေ့စ်မှာ ရေးထွင်းထားပါတယ်။

အခြား Specs များက Realme X နဲ့ တူညီပါတယ်။ Realme X ရဲ့ Specs များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Snapdragon 710 Chipset၊ 19.5:9 Aspect Ratio ရှိတဲ့ 6.53-inch 1080p OLED Display ကို အသုံးပြုထားပြီး Notch လုံးဝ ပါမှာမဟုတ်ပါဘူး။ Notch အစား မော်တာတပ် Pop-up ရှေ့ကင်မရာစနစ်ကို အသုံးပြုထားပြီး၊ 16-megapixel ကင်မရာတလုံးတည်း ဖြစ်ပါတယ်။ OLED Display သုံးထားတာကတော့ Realme ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့် အဓိကအချက်ပါ။ OLED ဖြစ်တာကြောင့် မျက်နှာပြင်အောက် လက်ဗွေရာစနစ်လည်း ပါဝင်မှာပါ။ နောက်ထပ်အကြိုက်တွေ့မယ့် အချက်က OPPO ရဲ့ VOOC 3.0 အားအမြန်သွင်းစနစ် အသုံးပြုနိုင်တာပါ။ ဘက်ထရီကတော့ 3,765mAh ဘက်ထရီ ဖြစ်ပါတယ်။ မိနစ် ၃၀ အတွင်း အား ၅၅ ရာခိုင်နှုန်းအထိ သွင်းပေးနိုင်ပါတယ်။

Realme X ရဲ့ နောက်ထပ်အဓိက ဆွဲဆောင်ချက်ကတော့ ကျောကင်မရာစနစ်ပါ။ ကျောကင်မရာနှစ်လုံးက Sony IMX 586 sensor သုံး f/1.7 48MP ကင်မရာတလုံးနဲ့ f/2.4 5MP depth ကင်မရာတလုံးတို့ ဖြစ်ပါတယ်။ Pixel bining နည်းပညာနဲ့ pixels ၄ ခုကို ပေါင်းစည်းကာ ရုပ်ထွက်ကောင်းမွန်ပြတ်သားတဲ့ 12MP ဓာတ်ပုံတွေ ရိုက်နိုင်မှာ ဖြစ်ပါတယ်။ Chroma Boost, AI Scene Recognition, Nightscape, Portrait စတိုင်အမျိုးမျိုးတို့ ရိုက်ကူးနိုင်ပါတယ်။

Ref : gsmarena

You may be interested

Google က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားနဲ႔ အင္တာနက္ ထုတ္လႊင့္ေပးမည္
Google, HUBS, NEWS
0 shares0 views

Google က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားနဲ႔ အင္တာနက္ ထုတ္လႊင့္ေပးမည္

Ko Thuya - Jul 20, 2019

ကမာၻမွာ အင္တာနက္ ဆက္သြယ္မႈ မရေသးတဲ့ လူေပါင္း ဘီလီယမ္နဲ႔ခ်ီၿပီး ရွိေနပါေသးတယ္။ အဲဒီ လူမ်ားအတြက္ ဂူဂယ္လ္က မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္ ထုတ္လႊင့္ေပးတဲ့ Project Loon စီမံကိန္းကို ျပဳလုပ္ေနပါတယ္။ အခုလည္း ဒီႏွစ္ထဲမွာ ဂူဂယ္လ္က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္လႊင့္ေပးေတာ့မွာ…

Watch Party ကို Messenger မွာ ထည့္သြင္းေပးမယ့္ Facebook
Audio & Video, Facebook, HUBS
0 shares6 views

Watch Party ကို Messenger မွာ ထည့္သြင္းေပးမယ့္ Facebook

Ko Thuya - Jul 20, 2019

Facebook က Group မ်ားအတြက္ Watch Party ကို ထည့္သြင္းေပးထားပါတယ္။ ဒီလုပ္ေဆာင္ခ်က္က ဂရုထဲမွ လူမ်ား ဗီဒီယိုတစ္ခုကို အတူတကြ ၾကည့္ရႈႏိုင္ၿပီး ဗီဒီယိုနဲ႔ ပတ္သက္တဲ့ ကြန္းမန္႔မ်ားကို ေရးသားႏိုင္မွာ ျဖစ္ပါတယ္။ ၾကည့္ရႈတဲ့ လူမ်ားကို Watch Party…

အေကာင့္ပိတ္သိမ္းခံရေတာ့မယ္ဆိုတာကို သတိေပးမယ့္ Instagram
NEWS, Security & Safety
0 shares6 views

အေကာင့္ပိတ္သိမ္းခံရေတာ့မယ္ဆိုတာကို သတိေပးမယ့္ Instagram

Ko Thuya - Jul 20, 2019

အင္စတာဂရမ္က သူ႔ရဲ႕မူ၀ါဒ အခ်ိဳ႕ကို ေျပာင္းလဲမႈမ်ား ျပဳလုပ္လိုက္ပါတယ္။ သူ႔ရဲဲ စည္းကမ္းမ်ားကို မလိုက္နာသူမ်ားအား အေကာင့္ပိတ္သိမ္းခံရေတာ့မယ္ဆိုတာကို ႀကိဳတင္ သတိေပးေတာ့မွာျဖစ္ပါတယ္။ အင္စတာဂရမ္က သူဖယ္ရွားမယ့္ User ရဲ႕ Posts, Comments , Stories မ်ားကို အသိေပးမွာ ျဖစ္ၿပီး ဘာ့ေၾကာင့္…

Leave a Comment

Most from this category