Samsung Galaxy Note 10 ရဲ႕ Teaser Video အသစ္ထြက္ေပၚလာ

Samsung က Galaxy Note 10 ရဲ႕ Teaser အသစ္တစ္ခုကို ျပသလိုက္ပါတယ္။ သူဟာ Productivity အပိုင္းမွာ အရမ္းကို ေကာင္းမြန္မယ္လို႔ ေဖာ္ညႊန္းထားပါတယ္။ ဒါဟာ ဆမ္ေဆာင္းရဲ႕ Galaxy Note 10 အတြက္ Productivity နဲ႔ ပတ္သက္တဲ့ ဒုတိယေျမာက္ Teaser Video ျဖစ္ပါတယ္။ S Pen ဟာလည္း ပိုမို အစြမ္းထက္လာၿပီး Galaxy Note 10 ရဲ႕ ႀကီးမားတဲ့ မ်က္ႏွာျပင္မွာ အရမ္းကို အသံုးတည့္လာမွာ ျဖစ္ပါတယ္။
https://twitter.com/SamsungMalaysia/status/1148381300799213568
ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက Samsung Malaysia က Spiderman-themed Teaser တစ္ခုကို ျပသခဲ့ပါတယ္။ မေလးရွားမွာ Galaxy Note 10 ကို ေၾကညာမယ့္ေန႔ကိုလည္း ဗီဒီယိုမွာ ျပသထားပါတယ္။ ၾသဂုတ္လ ၈ ရက္မွာ မိတ္ဆက္မွာ ျဖစ္ပါတယ္။ ႏိုင္ငံတကာမွာေတာ့ ၾသဂုတ္လ ၇ ရက္မွာ ေၾကညာမွာ ျဖစ္ပါတယ္။
https://twitter.com/SamsungMalaysia/status/1146931749743726592
အဲဒီ Teaser အရ Galaxy Note 10 ရဲ႕ Spiderman Edition ကို ထုတ္လုပ္ေရာင္းခ်ႏုိင္ပါတယ္။ ဒါမွမဟုတ္ အျခား ကုမၸဏီမ်ားနဲ႔ ပူးေပါင္းထားမႈ တစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။ ဆမ္ေဆာင္းက Realme လို Spiderman Edition ကို ေရာင္းခ်ေကာင္းလည္း ေရာင္းခ်ႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Samsung Galaxy Note 10 ရဲ့ Teaser Video အသစ်ထွက်ပေါ်လာ

Samsung က Galaxy Note 10 ရဲ့ Teaser အသစ်တစ်ခုကို ပြသလိုက်ပါတယ်။ သူဟာ Productivity အပိုင်းမှာ အရမ်းကို ကောင်းမွန်မယ်လို့ ဖော်ညွှန်းထားပါတယ်။ ဒါဟာ ဆမ်ဆောင်းရဲ့ Galaxy Note 10 အတွက် Productivity နဲ့ ပတ်သက်တဲ့ ဒုတိယမြောက် Teaser Video ဖြစ်ပါတယ်။ S Pen ဟာလည်း ပိုမို အစွမ်းထက်လာပြီး Galaxy Note 10 ရဲ့ ကြီးမားတဲ့ မျက်နှာပြင်မှာ အရမ်းကို အသုံးတည့်လာမှာ ဖြစ်ပါတယ်။
https://twitter.com/SamsungMalaysia/status/1148381300799213568
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက Samsung Malaysia က Spiderman-themed Teaser တစ်ခုကို ပြသခဲ့ပါတယ်။ မလေးရှားမှာ Galaxy Note 10 ကို ကြေညာမယ့်နေ့ကိုလည်း ဗီဒီယိုမှာ ပြသထားပါတယ်။ သြဂုတ်လ ၈ ရက်မှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ သြဂုတ်လ ၇ ရက်မှာ ကြေညာမှာ ဖြစ်ပါတယ်။
https://twitter.com/SamsungMalaysia/status/1146931749743726592
အဲဒီ Teaser အရ Galaxy Note 10 ရဲ့ Spiderman Edition ကို ထုတ်လုပ်ရောင်းချနိုင်ပါတယ်။ ဒါမှမဟုတ် အခြား ကုမ္ပဏီများနဲ့ ပူးပေါင်းထားမှု တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဆမ်ဆောင်းက Realme လို Spiderman Edition ကို ရောင်းချကောင်းလည်း ရောင်းချနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: