0 Shares 206 Views


Jul 10, 2019
0 206





Ref : gsmarena

[Unicode]

တန်ဖိုးနည်း iPad မှာ ၁၀.၂ လက်မ မျက်နှာပြင် ပါမည်

စမတ်ဖုန်း နယ်ပယ်မှ သတင်းအရ Apple ဟာ တန်ဖိုးနည်း တက်ဘလက်ကို ဖန်တီးနေပြီး ဒီဇိုင်း ဆန်းသစ်ထားမယ်လို့ သိရပါတယ်။ သူ့မှာ ၁၀.၂ လက်မ မျက်နှာပြင်လည်းပါမှာ ဖြစ်ပါတယ်။ တန်ဖိုးနည်း အိုင်ပတ်ကို ဒီလနှောင်းပိုင်းမှာ အမြောက်အများ ထုတ်လုပ်တော့မယ်လို့ သတင်းထွက်လာပါတယ်။ ဆောင်းရာသီမှာ ကြေညာနိုင်ပါတယ်။

Apple ရဲ့ ၉.၇ လက်မ အိုင်ပတ်ကို ၂၀၁၈ ခုနှစ်မှာ ကြေညာခဲ့ပြီး Apple Pencil နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ ၃၂၉ ဒေါ်လာ တန်ကြေးရှိပါတယ်။ သူဟာ ၂၀၁၇ ခုနှစ်ထုတ် အိုင်ပတ်ရဲ့ မျိုးဆက် ဖြစ်ပါတယ်။

DigiTimes ရဲ့ သတင်းအရ အိုင်ဖုန်း အသစ်များမှာ 3D Touch မပါဘူးလို့ သိရပါတယ်။ Apple က iPhone XR မှာ ထည့်သွင်းထားတဲ့ Haptic Touch နည်းပညာကို ဖိအား အာရုံခံ မျက်နှာပြင် နည်းပညာထက် ပိုသဘောကျနေလို့ ဖြစ်ပါတယ်။

ယခင်သတင်းများအရ iOS 13 မှာ 3D Touch ကို ထောက်ပံ့မှာ မဟုတ်ပါဘူး။ အဲဒီအတွက် ဒီသတင်းဟာ မှန်နိုင်ပါတယ်။ Apple ရဲ့ ဖိအား အာရုံခံ မျက်နှာပြင်နည်းပညာဟာ ထူထဲတဲ့ မျက်နှာပြင်လိုအပ်ပါတယ်။ Haptic Touch နည်းပညာကတော့ 3D Touch လို စွမ်းဆောင်နိုင်ပေမယ့် ထူထဲတဲ့ မျက်နှာပြင် မလိုအပ်ပါဘူး။

Ref : gsmarena

You may be interested

Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်
Google, HUBS, NEWS
0 shares0 views

Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်

Ko Thuya - Jul 20, 2019

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း ဒီနှစ်ထဲမှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook
Audio & Video, Facebook, HUBS
0 shares6 views

Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook

Ko Thuya - Jul 20, 2019

Facebook က Group များအတွက် Watch Party ကို ထည့်သွင်းပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်က ဂရုထဲမှ လူများ ဗီဒီယိုတစ်ခုကို အတူတကွ ကြည့်ရှုနိုင်ပြီး ဗီဒီယိုနဲ့ ပတ်သက်တဲ့ ကွန်းမန့်များကို ရေးသားနိုင်မှာ ဖြစ်ပါတယ်။ ကြည့်ရှုတဲ့ လူများကို Watch Party…

အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram
NEWS, Security & Safety
0 shares6 views

အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram

Ko Thuya - Jul 20, 2019

အင်စတာဂရမ်က သူ့ရဲ့မူဝါဒ အချို့ကို ပြောင်းလဲမှုများ ပြုလုပ်လိုက်ပါတယ်။ သူ့ရဲ စည်းကမ်းများကို မလိုက်နာသူများအား အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို ကြိုတင် သတိပေးတော့မှာဖြစ်ပါတယ်။ အင်စတာဂရမ်က သူဖယ်ရှားမယ့် User ရဲ့ Posts, Comments , Stories များကို အသိပေးမှာ ဖြစ်ပြီး ဘာ့ကြောင့်…

Leave a Comment

Most from this category