Android App ၁၀၀၀ ကျော်ဟာ ပိုင်ရှင် ခွင့်ပြုချက် မရဘဲ ဒေတာများကို ရယူနေ

သင့် Android Device မှာ ထည့်သွင်းထားတဲ့ App များဟာ Permission များကို တောင်းခံကြပါတယ်။ သင် အလိုမရှိတဲ့ Permission များကို ပိတ်ထားနိုင်ပါတယ်။ ဒါပေမယ့်လည်း သုတေသနစစ်တမ်း တစ်ခုအရ App ပေါင်း ၁၀၀၀ ကျော်ဟာ သင် ခွင့်မပြုထားရင်တောင် အဲဒီ ဒေတာများကို ရယူနိုင်တယ်လို့ ပြောပါတယ်။

FTC Website မှာ အဲဒီ စစ်တမ်းကို ဖော်ပြထားပါတယ်။ စစ်တမ်းအရ App ပေါင်း ၈၈ ၀၀၀ ကို စစ်ဆေးခဲ့ရာမှာ ၁၃၂၅ ခုဟာ တည်နေရာ ဒေတာများလို သတင်းအချက်အလက်များကို ပိုင်ရှင် ခွင့်မပြုဘဲ ရယူထားတယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ Shutterfly App လို နာမည်ကျော် App များလည်း ပါပါတယ်။

Baidu ရဲ့ မြေပုံ ဝန်ဆောင်မှုကလည်း ဒေတာများကို အခွင့်မရှိဘဲ ရယူနေပါတယ်။ ဘိုင်ဒူးရဲ့ မြေပုံ ဝန်ဆောင်မှုကို သုံးတဲ့ Hong Kong Disneyland App ကလည်း အလားတူပဲ ပြုလုပ်ပါတယ်။ Samsung Health နဲ့ Samsung Browser App များလို အခြား App များကလည်း ဘိုင်ဒူးကို သုံးကြပါတယ်။ အချို့ App တွေက ဒီထက်ပိုဆိုးပါတယ်။ လေ့လာခဲ့တဲ့ App ၁၃ ခုဟာ ပိုင်ရှင်ရဲ့ ဒေတာတွေကို အခြား App များကနေတောင် ရယူကြပါတယ်။

သုတေသန ပြုလုပ်သူများက ဒီအကြောင်းကို Google အား တင်ပြထားပါတယ်။ ဂူဂယ်လ်က Android Q မှာ ဒါတွေကို ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ Android Q ကို ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချီမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာအဝန်းမှာ Android Q မရမယ့် ဖုန်းများစွာ ရှိပါတယ်။ အဲဒီ ဖုန်းများမှာတော့ App များက ပိုင်ရှင် ခွင့်ပြုချက် မရှိဘဲ ဒေတာများကို ရယူနေမှာပါ။

Ref : digitaltrends

Android App ၁၀၀၀ ကျော်ဟာ ပိုင်ရှင် ခွင့်ပြုချက် မရဘဲ ဒေတာများကို ရယူနေ

%d bloggers like this: