Realme 3i ကို ဇူလိုင္လ ၁၅ ရက္မွာ ေၾကညာမည္

အိႏၵိယမွာ ဇူလိုင္လ ၁၅ ရက္ေန႔တြင္ Realme X ကို ေၾကညာမွာ ျဖစ္ပါတယ္။ သူနဲ႔အတူ Realme 3i ကိုလည္း မိတ္ဆက္ႏုိင္ပါတယ္။ အိႏၵိယ အြန္လိုင္း စတိုး Flipkart က သူ႔ရဲ႕ ၀က္ဘ္ဆိုက္မွာ Realme 3i ကို ပရိုမိုးရွင္း ျပဳလုပ္တဲ့ ၀က္ဘ္စာမ်က္ႏွာတစ္ခုကို လႊင့္တင္ထားပါတယ္။ “Smartphones Ka Champion” လို႔ စာမ်က္နွာမွာ ေရးသားထားပါတယ္။ Champion of Smartphones လို႔ အဓိပၸါယ္ ရပါတယ္။

ကုမၸဏီက Realme 3i ရဲ႕ သတင္းအခ်က္အလက္မ်ားကို အရိပ္အျမြက္ေတာင္ မေျပာေသးပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ အမည္အရ သူဟာ Helio P60/70 SoC သံုးထားမယ့္ Realme 3 ရဲ႕ ေမာ္ဒယ္ အသစ္ ျဖစ္လာမွာပါ။

၀က္ဘ္စာမ်က္ႏွာမွာ Realme 3i တြင္ Waterdrop Notch Display ထည့္သြင္းထားမွာ ျဖစ္ၿပီး ဒီဇိုင္းက လွပမယ္လို႔ အတည္ျပဳထားပါတယ္။ အရြယ္အစား ႀကီးမားတဲ့ ဘက္ထရီလည္း ပါလာမွာ ျဖစ္ပါတယ္။ လာမယ့္ တနလၤာေန႔ မိတ္ဆက္ပြဲ မတိုင္ခင္မွာ Realme 3i ရဲ႕ သတင္းအခ်က္အလက္မ်ားကို ပိုမို သိလာရမွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Realme 3i ကို ဇူလိုင်လ ၁၅ ရက်မှာ ကြေညာမည်

အိန္ဒိယမှာ ဇူလိုင်လ ၁၅ ရက်နေ့တွင် Realme X ကို ကြေညာမှာ ဖြစ်ပါတယ်။ သူနဲ့အတူ Realme 3i ကိုလည်း မိတ်ဆက်နိုင်ပါတယ်။ အိန္ဒိယ အွန်လိုင်း စတိုး Flipkart က သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ Realme 3i ကို ပရိုမိုးရှင်း ပြုလုပ်တဲ့ ဝက်ဘ်စာမျက်နှာတစ်ခုကို လွှင့်တင်ထားပါတယ်။ “Smartphones Ka Champion” လို့ စာမျက်နှာမှာ ရေးသားထားပါတယ်။ Champion of Smartphones လို့ အဓိပ္ပါယ် ရပါတယ်။

ကုမ္ပဏီက Realme 3i ရဲ့ သတင်းအချက်အလက်များကို အရိပ်အမြွက်တောင် မပြောသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ အမည်အရ သူဟာ Helio P60/70 SoC သုံးထားမယ့် Realme 3 ရဲ့ မော်ဒယ် အသစ် ဖြစ်လာမှာပါ။

ဝက်ဘ်စာမျက်နှာမှာ Realme 3i တွင် Waterdrop Notch Display ထည့်သွင်းထားမှာ ဖြစ်ပြီး ဒီဇိုင်းက လှပမယ်လို့ အတည်ပြုထားပါတယ်။ အရွယ်အစား ကြီးမားတဲ့ ဘက်ထရီလည်း ပါလာမှာ ဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ Realme 3i ရဲ့ သတင်းအချက်အလက်များကို ပိုမို သိလာရမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: