120Hz Display ပါတဲ့ Asus ROG Phone 2 ကို ဇူလိုင်လ ၂၃ ရက်မှာ ကြေညာမည်

Asus က တရုတ်မှာ ဇူလိုင်လ ၂၃ ရက်တွင် ROG Phone 2 ကို မိတ်ဆက်မယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ကို မော်ဒယ်နှစ်ခု ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။ အခြေခံ မော်ဒယ်ကို ၆၃၅ ဒေါ်လာနဲ့ ရောင်းချနိုင်ပါတယ်။

Gaming Phone နယ်ပယ်မှာ Refresh Rate မြင့်မားတဲ့ Display များကို အသုံးပြုလာကြပါတယ်။ ပြီးခဲ့တဲ့နှစ်ထုတ် ASUS ROG Phone မှာ 90Hz Display ပါလာပါတယ်။ အခုတော့ ဒီနှစ်မှာ ထွက်မယ့် ASUS ROG Phone 2 မှာ 120Hz Display ပါမယ်လို့ သတင်းထွက်လာပါတယ်။ ဒီအတိုင်းသာဆိုရင် သူဟာ OnePlus 7 Pro ရဲ့ 90Hz ထက်သာသွားပြီး Razer Phone 2 နဲ့ တူသွားမှာ ဖြစ်ပါတယ်။

ASUS ROG Phone 2 မှာ 120Hz Display ပါမယ်ဆိုတဲ့ သတင်းကို ကုမ္ပဏီက ဝီဘိုအကောင့်ကနေ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ Tencent ရဲ့ Under One Person Game ကို အဲဒီ စမတ်ဖုန်းမှာ ချောမွတ်စွာ ကစားနိုင်အောင်လည်း ကုမ္ပဏီနှစ်ခု ပူးပေါင်းဖန်တီးနေတယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ ဂိမ်းဟာ ASUS ROG Phone 2 မှ 120Hz Display ရဲ့ အားသာချက်ကို အကောင်းဆုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

120Hz Display နဲ့ အကောင်းဆုံး တွဲဖက် ကစားနိုင်မယ့် အခြား ဂိမ်းများကိုလည်း စီစဉ်နေပါတယ်။ ကုမ္ပဏီရဲ့ ကြေညာချက်မှာ 60Hz နဲ့ 120Hz Graphics များကို နှိုင်းယှဉ်ပြသထားပါတယ်။ ဓါတ်ပုံနဲ့ ပြသထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်သေ ဓါတ်ပုံဖြစ်တဲ့အတွက် သိသာစွာ ကွဲပြားခြင်း မရှိပါဘူး။

Ref : gsmarena

120Hz Display ပါတဲ့ Asus ROG Phone 2 ကို ဇူလိုင်လ ၂၃ ရက်မှာ ကြေညာမည်

%d bloggers like this: